ႏွလုံးသားေရးရာနဲ႔ ပတ္သက္ၿပီးခံစားခ်က္ေတြ ရင္ဖြင့္လာတဲ့ ခ်ီခ်ီ

ေနျခည္ဦးကေတာ့ Beauty Blogger တစ္ေယာက္အျဖစ္ လူသိမ်ားေက်ာ္ၾကားလာခဲ့သူ တစ္ေယာက္ျဖစ္ၿပီး မိန္းကေလးပရိသတ္ေတြသာမကဘဲ ေယာက်ာ္းေလးပရိသတ္ေတြရဲ႕ ၀န္းရံမႈကုိပါ ရရွိခဲ့ပါတယ္။ သူမက အခုခ်ိန္မွာေတာ့ အႏုပညာလႈပ္ရွားမႈအေနနဲ႔ ႐ုပ္ရွင္ဇာတ္ကားေတြမွာ ၀ါရင့္သ႐ုပ္ေဆာင္ေတြနဲ႔အတူ တဲြဖက္သ႐ုပ္ေဆာင္ေနၿပီျဖစ္တဲ့ မင္းသမီးသစ္ေလးတစ္လက္လည္း ျဖစ္ပါတယ္။ သူမ ပထမဦးဆုံး ပါ၀င္သ႐ုပ္ေဆာင္ခဲ့တဲ့ “ရန္သူ” ဇာတ္ကားမွာလည္း ၀ါရင့္သ႐ုပ္ေဆာင္ မင္းသမီးေခ်ာ ၀တ္မႈန္ေရႊရည္နဲ႔အၿပိဳင္ အေကာင္းဆုံး သ႐ုပ္ေဆာင္ႏုိင္ခဲ့တာမို႕ ပရိသတ္ေတြရဲ႕ လက္ခံအားေပးမႈကုိ တခဲနက္ရရွိခဲ့ၿပီး ေနာက္ထပ္ဇာတ္ကားေတြ ႐ုိက္ကူးဖို႔ တြန္းအားတစ္ခုျဖစ္ေစခဲ့ပါတယ္။ ေနျခည္ဦးဟာ ဇဲြေကာင္းသူတစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ခ်စ္ခင္မႈေတြနဲ႔အတူ ေအာင္ျမင္မႈေတြ တစ္စထက္ တစ္စပုိတုိးလို႔ ရရွိေနပါၿပီ။

 

သူမက ေအာင္ျမင္မႈေတြရရွိလာတာနဲ႔အမွ် အာ႐ုံစုိက္ေစာင့္ၾကည့္ခံရမႈေတြနဲ႕ ေ၀ဖန္တိုက္ခုိက္ခံရမႈေတြကုိလည္း ေန႔စဥ္နဲ႕အမ်ွႀကဳံေတြ႔ေနရသူတစ္ဦးလည္း ျဖစ္ပါတယ္။ ေနျခည္ဦးနဲ႔ ပတ္သက္လို႔ ပရိသတ္ေတြစိတ္၀င္စားေနၾကတဲ့ထဲမွာ သူမရဲ႕အခ်စ္ေရးေတြက ထိပ္ဆုံးကပါ၀င္ေနတာပါ။ သူမဟာ ျပည့္စုံထက္ျမက္တဲ့ မိန္းကေလးတစ္ေယာက္ျဖစ္ေပမယ့္လည္း သူမရဲ႕အခ်စ္ေရးကေတာ့ အၿမဲတေစကံေခတတ္တာမို႔ ပရိသတ္ေတြက စိတ္မေကာင္းျဖစ္ေနၾကပါေသးတယ္။ မၾကာေသးခင္ကလည္း သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္မွာ “မမုန္းဘူး။ ေမ့လိုက္မွာ”….ဆိုၿပီး မွ်ေ၀ခဲ့တာေၾကာင့္ ပရိသတ္ေတြကေတာ့ သုိ႔ေလာ သို႔ေလာျဖစ္ၿပီး မွတ္ခ်က္အမ်ိဳးမ်ိဳးေပးခဲ့ၾကပါတယ္။

 

ေနျခည္ဦး ေမ့ပစ္ခ်င္ေနတဲ့သူက ဘယ္သူျဖစ္နုိင္လဲဆုိတာ ပရိသတ္ႀကီးက ခန္႔မွန္းေပးၾကပါဦးေနာ္။Cele Connections ပရိသတ္ႀကီးကလည္း အခ်စ္ကံေခတဲ့ ေနျခည္ဦးအတြက္ ႏွစ္သိမ့္စကားေလးေတြနဲ႔ အတူအားေပးစကားေလးေတြေရးခဲ့ပါဦး။

Source – Nay Chi Oo
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

နှလုံးသားရေးရာနဲ့ ပတ်သက်ပြီးခံစားချက်တွေ ရင်ဖွင့်လာတဲ့ ချီချီ

နေခြည်ဦးကတော့ Beauty Blogger တစ်ယောက်အဖြစ် လူသိများကျော်ကြားလာခဲ့သူ တစ်ယောက်ဖြစ်ပြီး မိန်းကလေးပရိသတ်တွေသာမကဘဲ ယောကျာ်းလေးပရိသတ်တွေရဲ့ ဝန်းရံမှုကိုပါ ရရှိခဲ့ပါတယ်။ သူမက အခုချိန်မှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ တွဲဖက်သရုပ်ဆောင်နေပြီဖြစ်တဲ့ မင်းသမီးသစ်လေးတစ်လက်လည်း ဖြစ်ပါတယ်။ သူမ ပထမဦးဆုံး ပါဝင်သရုပ်ဆောင်ခဲ့တဲ့ “ရန်သူ” ဇာတ်ကားမှာလည်း ဝါရင့်သရုပ်ဆောင် မင်းသမီးချော ဝတ်မှုန်ရွှေရည်နဲ့အပြိုင် အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တာမို့ ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို တခဲနက်ရရှိခဲ့ပြီး နောက်ထပ်ဇာတ်ကားတွေ ရိုက်ကူးဖို့ တွန်းအားတစ်ခုဖြစ်စေခဲ့ပါတယ်။ နေခြည်ဦးဟာ ဇွဲကောင်းသူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်ချစ်ခင်မှုတွေနဲ့အတူ အောင်မြင်မှုတွေ တစ်စထက် တစ်စပိုတိုးလို့ ရရှိနေပါပြီ။

သူမက အောင်မြင်မှုတွေရရှိလာတာနဲ့အမျှ အာရုံစိုက်စောင့်ကြည့်ခံရမှုတွေနဲ့ ဝေဖန်တိုက်ခိုက်ခံရမှုတွေကိုလည်း နေ့စဉ်နဲ့အမျှကြုံတွေ့နေရသူတစ်ဦးလည်း ဖြစ်ပါတယ်။ နေခြည်ဦးနဲ့ ပတ်သက်လို့ ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ထဲမှာ သူမရဲ့အချစ်ရေးတွေက ထိပ်ဆုံးကပါဝင်နေတာပါ။ သူမဟာ ပြည့်စုံထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့်လည်း သူမရဲ့အချစ်ရေးကတော့ အမြဲတစေကံခေတတ်တာမို့ ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြပါသေးတယ်။ မကြာသေးခင်ကလည်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ “မမုန်းဘူး။ မေ့လိုက်မှာ”….ဆိုပြီး မျှဝေခဲ့တာကြောင့် ပရိသတ်တွေကတော့ သို့လော သို့လောဖြစ်ပြီး မှတ်ချက်အမျိုးမျိုးပေးခဲ့ကြပါတယ်။

နေခြည်ဦး မေ့ပစ်ချင်နေတဲ့သူက ဘယ်သူဖြစ်နိုင်လဲဆိုတာ ပရိသတ်ကြီးက ခန့်မှန်းပေးကြပါဦးနော်။Cele Connections ပရိသတ်ကြီးကလည်း အချစ်ကံခေတဲ့ နေခြည်ဦးအတွက် နှစ်သိမ့်စကားလေးတွေနဲ့ အတူအားပေးစကားလေးတွေရေးခဲ့ပါဦး။

Source – Nay Chi Oo
Lavender

error: Alert: Content is protected !!