” ေဆးစစ္ခ်က္အေျဖအမွားေၾကာင့္ ကိုယ့္ဘာသာသတ္ေသမိေလာက္တဲ့ ထိျဖစ္ခဲ့ရတဲ့ ျမညိဳေလး “

မင္းသမီးေလး ျမတ္သူသူ ကေတာ့ MRTV- (4 ) ဇာတ္လမ္းတြဲမင္းသမီးတစ္လက္ျဖစ္ၿပီး ” ပ်ားရည္အိုင္” ဇာတ္လမ္းတြဲမွာ ျမညိဳဆိုတဲ့ဇာတ္ေကာင္နဲ႔ ဇာတ္လမ္းတြဲမင္းသမီးေလးဆိုကာ ပရိသတ္အားေပးမႈ အျပည့္အဝရရွိလာခဲ့တဲ့ သူေလးတစ္ေယာက္ပါ။ ျမညိဳလို႔ ပရိသတ္ေတြသတိမထားမိခင္ကတည္းက “ကံကံ၏အက်ိဳး” ဇာတ္လမ္းတြဲ ၊ခ်စ္ခြန္းေႁခြသီခ်စ္သူဆီ၊ ရတနာထဲကရတနာ ၊တို႔အျပင္ ဝကၤပါစံအိမ္ဇာတ္လမ္းတြဲေတြပါ တို႔မွာပါဝင္ခဲ့တဲ့သူေလးပါ။မၾကာေသးမီက ဇာတ္သိမ္းသြားၿပီျဖစ္တဲ့ ” တတိယေျမာက္ဆုံမွတ္ ” ဇာတ္လမ္းတြဲမွာလည္း ” ယြန္းေမခ” ဆိုတဲ့ ဇာတ္ေကာင္ေလးနဲ႔ ေခါင္းေဆာင္မင္းသမီးေနရာက ပါဝင္ခဲ့တာပါ။

႐ိုး႐ိုးယဥ္ယဥ္ေလးနဲ႔ က်ရာဇာတ္႐ုပ္ကို ပီျပင္ေအာင္သ႐ုပ္ေဆာင္တတ္သူေလးျဖစ္တဲ့အျပင္ ပရိသတ္ေတြအေပၚမွာလည္း တေလးတစားဆက္ဆံတတ္သူေလးပဲ ျဖစ္တာေၾကာင့္ ရန္ကုန္ပရိသတ္ေတြသာမက နယ္ပရိသတ္ေတြပါ အားေပးခ်စ္ခင္ေနၾကတာပါေနာ္။မအလႉအတန္းဝါသနာပါတဲ့ ျမညိဳေလးကေတာ့ ရရင္ရသလို အလႉအတန္းေတြျပဳလုပ္တတ္သူေလးပါ။ခ်စ္တဲ့ပရိသတ္ေတြအတြက္ ျမညိဳေလးက TikTok ေလးေတြကိုအၿမဲေဆာ့ကစားကာ ေဝမွ်ေလ့ရွိသူတစ္ေယာက္ပါ။

လက္ရွိမွာလည္း ” ေအာ္ ျမန္မာႏိုင္ငံက ေဆးစစ္ခ်က္ေတြရယ္ တိတိက်က်ေလးေတြျဖစ္ေစခ်င္ပါရဲ႕။မတိက်တဲ့အေျဖတခုေၾကာင့္ က်ဳပ္မွာေတာ့ စိတ္ဓါတ္ေတြေသမလိုပဲက်တာ က်တာ …ငါလည္း ေကာင္းေအာင္ေနရဲ႕သားနဲ႔
ငါလည္းဘာမွမလုပ္ပဲနဲ႔ဆိုၿပီး ငိုလိုက္ရတာဆိုတာ ညညဆိုလည္းမအိပ္ႏိုင္ဘူး။မယုံရဲလို႔ ထပ္စစ္ထားရင္းေတာင္ ကိုယ့္မွာစိတ္ေသာကေတြအျပည့္နဲ႔ၿပီးမွ ေဆးစစ္ခ်က္အေျဖကမွားေနတာတဲ့လား။ ေအးပါကြာ လြယ္လိုက္တာ
ေတာ္ယုံစိတ္မခိုင္တဲ့သူသာဆို ကိုယ့္ဘာသာသတ္ေသမိမလားပဲေတာ္ယုံေနမေကာင္းရင္ေတာင္ ေနာက္ေဆးခန္းမွာေဆးထပ္စစ္ဖို႔ေၾကာက္ေတာင္ေၾကာက္တယ္။တကယ္ေပါ့ပ်က္ပ်က္ႏိုင္တဲ့ေဆးခန္း တသက္လုံး တာ့တာ့ပဲ ” ဆိုၿပီး သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ ေပါက္ကြဲခဲ့တာပဲ ျဖစ္ပါတယ္။ CeleConnections ပရိသတ္ႀကီးလည္း ျမညိဳေလးရဲ႕ က်န္းမာေရးအတြက္ ဆုေတာင္းစကားေလး ေျပာေပးခဲ့ပါဦးေနာ္။

Source : Myat Thu Thu
Candy – CeleConnections
ယူနီကုဒ္ျဖင့္ဖတ္ရန္

” ဆေးစစ်ချက်အဖြေအမှားကြောင့် ကိုယ့်ဘာသာသတ်သေမိလောက်တဲ့ ထိဖြစ်ခဲ့ရတဲ့ မြညိုလေး ”

မင်းသမီးလေး မြတ်သူသူ ကတော့ MRTV- (4 ) ဇာတ်လမ်းတွဲမင်းသမီးတစ်လက်ဖြစ်ပြီး ” ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ မြညိုဆိုတဲ့ဇာတ်ကောင်နဲ့ ဇာတ်လမ်းတွဲမင်းသမီးလေးဆိုကာ ပရိသတ်အားပေးမှု အပြည့်အဝရရှိလာခဲ့တဲ့ သူလေးတစ်ယောက်ပါ။ မြညိုလို့ ပရိသတ်တွေသတိမထားမိခင်ကတည်းက “ကံကံ၏အကျိုး” ဇာတ်လမ်းတွဲ ၊ချစ်ခွန်းခြွေသီချစ်သူဆီ၊ ရတနာထဲကရတနာ ၊တို့အပြင် ဝင်္ကပါစံအိမ်ဇာတ်လမ်းတွဲတွေပါ တို့မှာပါဝင်ခဲ့တဲ့သူလေးပါ။မကြာသေးမီက ဇာတ်သိမ်းသွားပြီဖြစ်တဲ့ ” တတိယမြောက်ဆုံမှတ် ” ဇာတ်လမ်းတွဲမှာလည်း ” ယွန်းမေခ” ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ ခေါင်းဆောင်မင်းသမီးနေရာက ပါဝင်ခဲ့တာပါ။

ရိုးရိုးယဉ်ယဉ်လေးနဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်တတ်သူလေးဖြစ်တဲ့အပြင် ပရိသတ်တွေအပေါ်မှာလည်း တလေးတစားဆက်ဆံတတ်သူလေးပဲ ဖြစ်တာကြောင့် ရန်ကုန်ပရိသတ်တွေသာမက နယ်ပရိသတ်တွေပါ အားပေးချစ်ခင်နေကြတာပါနော်။မအလှူအတန်းဝါသနာပါတဲ့ မြညိုလေးကတော့ ရရင်ရသလို အလှူအတန်းတွေပြုလုပ်တတ်သူလေးပါ။ချစ်တဲ့ပရိသတ်တွေအတွက် မြညိုလေးက TikTok လေးတွေကိုအမြဲဆော့ကစားကာ ဝေမျှလေ့ရှိသူတစ်ယောက်ပါ။

လက်ရှိမှာလည်း ” အော် မြန်မာနိုင်ငံက ဆေးစစ်ချက်တွေရယ် တိတိကျကျလေးတွေဖြစ်စေချင်ပါရဲ့။မတိကျတဲ့အဖြေတခုကြောင့် ကျုပ်မှာတော့ စိတ်ဓါတ်တွေသေမလိုပဲကျတာ ကျတာ …ငါလည်း ကောင်းအောင်နေရဲ့သားနဲ့
ငါလည်းဘာမှမလုပ်ပဲနဲ့ဆိုပြီး ငိုလိုက်ရတာဆိုတာ ညညဆိုလည်းမအိပ်နိုင်ဘူး။မယုံရဲလို့ ထပ်စစ်ထားရင်းတောင် ကိုယ့်မှာစိတ်သောကတွေအပြည့်နဲ့ပြီးမှ ဆေးစစ်ချက်အဖြေကမှားနေတာတဲ့လား။ အေးပါကွာ လွယ်လိုက်တာ
တော်ယုံစိတ်မခိုင်တဲ့သူသာဆို ကိုယ့်ဘာသာသတ်သေမိမလားပဲတော်ယုံနေမကောင်းရင်တောင် နောက်ဆေးခန်းမှာဆေးထပ်စစ်ဖို့ကြောက်တောင်ကြောက်တယ်။တကယ်ပေါ့ပျက်ပျက်နိုင်တဲ့ဆေးခန်း တသက်လုံး တာ့တာ့ပဲ ” ဆိုပြီး သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပေါက်ကွဲခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း မြညိုလေးရဲ့ ကျန်းမာရေးအတွက် ဆုတောင်းစကားလေး ပြောပေးခဲ့ပါဦးနော်။

Source : Myat Thu Thu
Candy – CeleConnections

error: Alert: Content is protected !!