



Source : Phway Phway
ယူနီကုဒ်ဖြင့်ဖတ်ရန်

” အချစ်နဲ့ပတ်သက်ပြီး ရင်ဖွင့်လာတဲ့ ဖွေးဖွေး ”

ဖွေးဖွေးဟာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု (၃)ဆုပိုင်ရှင်ဖြစ်တဲ့အပြင် အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုများစွာကိုရရှိထားသူဖြစ်ပေမယ့် ဟိတ်ဟန်မရှိဘဲ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ဖော်ရွေရွေ ဆက်ဆံတတ်သူ တစ်ဦးပါ။ လက်ရှိမှာလည်း အနုပညာလောကရဲ့ထိပ်တန်း မင်းသား၊မင်းသမီး (၄)လက်နဲ့ ရိုက်ကူးနေတဲ့Love Equation ရုပ်ရှင်ဇာတ်ကားကတော့ ရုပ်ရှင်ချစ်ပရိသတ်တွေ အထူးစိတ်ဝင်စားခြင်းခံနေရတာပဲ ဖြစ်ပါတယ်။ဖွေးစိန်လေးကတော့ Love Equation ရုပ်ရှင်ဇာတ်ကားရဲ့ ရိုက်ကွင်းကပုံရိပ်လေးတွေကို မကြာမကြာ ပရိသတ်တွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။

ဖွေးစိန်ကတော့ ကျရာဇာတ်ကောင်ကို ပီပြင်အောင် ကြိုတင်ပြင်ဆင်မှုတွေနဲ့အတူ စိတ်ရောလူရောအားထည့်ကာ အမြဲ ကြိုတင်ပြင်ဆင်မှုတွေနဲ့အနုပညာဝမ်းစာကို အပြည့်ဖြည့်တတ်သူပဲ ဖြစ်ပြီး အနုပညာအလုပ်အပေါ် ဝါသနာကြီးသူတစ်ယောက်လို့ဆိုရမှာပါ။သူမကိုယ်သူမ Foodie တစ်ယောက်ပါလို့ ပြောလေ့ရှိသူလေးပဲ ဖြစ်ပါတယ်။ ပွင့်လင်းလွန်းပြီးချစ်စရာကောင်းလွန်းတဲ့ ဖွေးစိန်လေးရဲ့ အချစ်ရေးကတော့ အခုချိန်ထိ Single အနေနဲ့ပဲ တစ်ယောက်ထဲဖြတ်သန်းနေတာပါ။

ဖွေးစိန်လေးကတော့ မကြာသေးမီက အချစ်နဲ့ပတ်သက်ပြီး ပြည်သူ့အချစ်တော်အဆိုတော်စိုင်းစိုင်းခမ်းလှိုင် ရဲ့ ” အချစ်ကထူးဆန်းလွန်းပါတယ်တယ် ” ဆိုတဲ့ ပိုစ့်တစ်ခုကို ” တကယ်ပါ” ဆိုပြီး ထောက်ခံကာ ပို့စ်ကို ရှယ်ခဲ့တာ ကြောင့် ပရိသတ်တွေကတော့ ဖွေးဖွေးတစ်ယောက် အချစ်ကိုတွေ့နေပြီလားဆိုပြီး မှတ်ချက်တွေပေးနေကြတာပါ။CeleConnections ပရိသတ်ကြီးရော ဖွေးဖွေးတစ်ယောက်တကယ်ပဲ Single အဖြစ်က ကျွတ်တော့မှာလားဆိုတာ အမြင်လေးကို မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : Phway Phway
Candy – CeleConnections

error: Alert: Content is protected !!