” သူမဘဝရဲ႕ အေပ်ာ္ဆံုးအခ်ိန္ေတြကို ေဝမွ်လိုက္တဲ့ ေမျမင့္မိုရ္ “

ေမျမင့္မိုရ္ဟာ MRTV- (4) ဇာတ္လမ္းတြဲကေန ပရိသတ္ေတြစတင္ သတိထားမိလာတဲ့ မင္းသမီးေလး ျဖစ္ၿပီး ” ပန္းႏုေသြး” ဆိုတဲ့ ဇာတ္ေကာင္ နဲ႔ ပရိသတ္ေတြကို ဆြဲေဆာင္ခဲ့ႏိုင္သူေလးပါ။ ပရိသတ္ေတြတခဲနက္အားေပးခဲ့ၾကတဲ့အရိပ္ဇာတ္လမ္းတြဲမွာလည္း ” စုစုလႈိင္ “အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ပုဂံၿမိဳ႕သူဇာတ္ကား မွာလည္း ” အေစာ” ဆိုတဲ့ ဇာတ္ေကာင္နဲ႔ ပရိသတ္အားေပးမႈ အျပည့္အဝရရွိထားသူေလးတစ္ေယာက္လို႔ဆိုရမွာပါ။

Star Awards (2018 ) Rising Star ဆုကို ရရွိပိုင္ဆိုင္ထားသူတစ္ေယာက္ျဖစ္ၿပီး မၾကာေသးမီက ဇာတ္သိမ္းသြားခဲ့ၿပီျဖစ္တဲ့ ” ေပ်ာက္ဆံုးေနေသာအမွန္တရား ” ဇာတ္လမ္းတြဲမွာလည္း ပရိသတ္ေတြအခ်စ္ပိုခဲ့ရသူပါ။အခုဆိုရင္ ေမျမင့္မိုရ္ဟာ ဇာတ္လမ္းတြဲေတြဘက္သာမက ႐ုပ္ရွင္ကားႀကီးေတြကိုပါ႐ိုက္ကူးကာ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚ အခ်ိန္တိုတို နဲ႔ေရာက္ရွိလာၿပီပဲ ျဖစ္ပါတယ္။ ” ႐ိုးမေပၚက်တဲ့ မ်က္ရည္ ” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာလည္း တစ္ခါမွမလုပ္ဖူးေသးတဲ့ကာ႐ိုက္တာျဖစ္လို႔ စိန္ေခၚမႈေတြလည္းမ်ားတဲ့ကာ႐ိုက္တာျဖစ္တဲ့ ” မာလာ” ဆိုတဲ့ဇာတ္ေကာင္ေလးကို မၾကာခင္မွာ ပရိသတ္ေတြျမင္ေတြ႕ရေတာ့မွာပါ။

ေမျမင့္မိုရ္ကေတာ့ က်ရာဇာတ္႐ုပ္ကို ပီျပင္ေအာင္ အေကာင္းဆုံး ပီျပင္ေပၚလြင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္သူတစ္ေယာက္ျဖစ္တဲ့အျပင္ စီနီယာေတြသင္ျပမႈေအာက္မွာ ႀကိဳးစားသင္ယူတတ္တဲ့သူတစ္ေယာက္ပါ။ပရိသတ္ေတြအေပၚမွာလည္း တေရးတယူနဲ႔ အေလးေပး ဂ႐ုစိုက္တတ္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ သူမရဲ႕သြားလာလႈပ္ရွားမႈနဲ႔ အႏုပညာလႈပ္ရွားမႈေတြကို ခ်စ္တဲ့ပရိသတ္ေတြသိေအာင္ အၿမဲ ေဝမွ်တတ္သူေလးျဖစ္တာေၾကာင့္ ပရိသတ္ေတြအခ်စ္ပိုေနရတာပါေနာ္။ လက္ရွိမွာလည္း ” ဘယ္အခ်ိန္အေပ်ာ္ဆုံးလဲေမးရင္ …ခ်စ္ပရိသတ္ေတြနဲ႔ေတြ႕ရတဲ့ အခ်ိန္တိုင္းကအေပ်ာ္ဆုံးပါပဲ။ ” ဆိုတဲ့ စာသားေလးနဲ႕အတူ ပရိသတ္ေတြနဲ႕ ေတြ႕ဆံုခဲ့တဲ့ ပံုရိပ္ေတြကို ေဝမွ်ခဲ့တာပါ။ CeleConnections ပရိသတ္ႀကီးလည္း ပရိသတ္ေတြကို ဂရုစိုက္အေလးထားတတ္တဲ့ ေမျမင့္မိုရ္ရဲ႕ စိတ္ထားေလးကိုခ်စ္ရင္ မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source : May Myint Mo
Candy – CeleConnections
ယူနီကုဒ္ျဖင့္ဖတ္ရန္

” သူမဘဝရဲ့ အပျော်ဆုံးအချိန်တွေကို ဝေမျှလိုက်တဲ့ မေမြင့်မိုရ် ”

မေမြင့်မိုရ်ဟာ MRTV- (4) ဇာတ်လမ်းတွဲကနေ ပရိသတ်တွေစတင် သတိထားမိလာတဲ့ မင်းသမီးလေး ဖြစ်ပြီး ” ပန်းနုသွေး” ဆိုတဲ့ ဇာတ်ကောင် နဲ့ ပရိသတ်တွေကို ဆွဲဆောင်ခဲ့နိုင်သူလေးပါ။ ပရိသတ်တွေတခဲနက်အားပေးခဲ့ကြတဲ့အရိပ်ဇာတ်လမ်းတွဲမှာလည်း ” စုစုလှိုင် “အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ပုဂံမြို့သူဇာတ်ကား မှာလည်း ” အစော” ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်အားပေးမှု အပြည့်အဝရရှိထားသူလေးတစ်ယောက်လို့ဆိုရမှာပါ။

Star Awards (2018 ) Rising Star ဆုကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပြီး မကြာသေးမီက ဇာတ်သိမ်းသွားခဲ့ပြီဖြစ်တဲ့ ” ပျောက်ဆုံးနေသောအမှန်တရား ” ဇာတ်လမ်းတွဲမှာလည်း ပရိသတ်တွေအချစ်ပိုခဲ့ရသူပါ။အခုဆိုရင် မေမြင့်မိုရ်ဟာ ဇာတ်လမ်းတွဲတွေဘက်သာမက ရုပ်ရှင်ကားကြီးတွေကိုပါရိုက်ကူးကာ အောင်မြင်မှုလမ်းကြောင်းပေါ် အချိန်တိုတို နဲ့ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ ” ရိုးမပေါ်ကျတဲ့ မျက်ရည် ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း တစ်ခါမှမလုပ်ဖူးသေးတဲ့ကာရိုက်တာဖြစ်လို့ စိန်ခေါ်မှုတွေလည်းများတဲ့ကာရိုက်တာဖြစ်တဲ့ ” မာလာ” ဆိုတဲ့ဇာတ်ကောင်လေးကို မကြာခင်မှာ ပရိသတ်တွေမြင်တွေ့ရတော့မှာပါ။

မေမြင့်မိုရ်ကတော့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် အကောင်းဆုံး ပီပြင်ပေါ်လွင်အောင် သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်တဲ့အပြင် စီနီယာတွေသင်ပြမှုအောက်မှာ ကြိုးစားသင်ယူတတ်တဲ့သူတစ်ယောက်ပါ။ပရိသတ်တွေအပေါ်မှာလည်း တရေးတယူနဲ့ အလေးပေး ဂရုစိုက်တတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမရဲ့သွားလာလှုပ်ရှားမှုနဲ့ အနုပညာလှုပ်ရှားမှုတွေကို ချစ်တဲ့ပရိသတ်တွေသိအောင် အမြဲ ဝေမျှတတ်သူလေးဖြစ်တာကြောင့် ပရိသတ်တွေအချစ်ပိုနေရတာပါနော်။ လက်ရှိမှာလည်း ” ဘယ်အချိန်အပျော်ဆုံးလဲမေးရင် …ချစ်ပရိသတ်တွေနဲ့တွေ့ရတဲ့ အချိန်တိုင်းကအပျော်ဆုံးပါပဲ။ ” ဆိုတဲ့ စာသားလေးနဲ့အတူ ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ပုံရိပ်တွေကို ဝေမျှခဲ့တာပါ။ CeleConnections ပရိသတ်ကြီးလည်း ပရိသတ်တွေကို ဂရုစိုက်အလေးထားတတ်တဲ့ မေမြင့်မိုရ်ရဲ့ စိတ်ထားလေးကိုချစ်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : May Myint Mo
Candy – CeleConnections

error: Alert: Content is protected !!