” ရုိက္ကြင္းေပၚမွာ ဆိုက္ကားနင္းသင္ေနတဲ့ အိေခ်ာပိုရဲ႕ ဗီဒီယိုဖိုင္ “

အိေခ်ာပိုကေတာ့ ခပ္မိုက္မိုက္ေဘာ္ဒီေကာက္ေၾကာင္းအလွေတြနဲ႕ ပုရိသပရိသတ္ေတြကို ဆြဲေဆာင္ထားႏုိင္တဲ့ မင္းသမီးတစ္ဦးပါ။ အမ်ိဳးသားပရိသတ္ေတြသာမက အမ်ိဳးသမီးပရိသတ္ေတြကပါ တခဲနက္အားေပးခ်စ္ၾကတဲ့အျပင္ ပီျပင္လွတဲ့ သ႐ုပ္ေဆာင္မႈေတြေၾကာင့္ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚ ေရာက္ရွိေနသူတစ္ဦးလို႕ဆိုရမွာပါ။ခ်စ္တဲ့ပရိသတ္ေတြက စူစူလို႔ ခ်စ္စႏိုးနဲ႔ေခၚေဝၚေလ့ရွိၾကၿပီး စူစူကေတာ့အဆိုပိုင္းမွာလည္း ထူးခြၽန္သူေလးလို႕ ဆိုရမွာပါ။အဘက္ဘက္ထူးခြၽန္တဲ့သူတစ္ေယာက္ျဖစ္တဲ့ စူစူကေတာ့ သူ႕ရဲ႕ပြဲတက္စတိုင္ေတြကလည္း ပရိသတ္ေတြ အတြက္ ဆြဲေဆာင္မႈရွိလြန္းတဲ့အျပင္ ပြင့္လင္းလြန္းတဲ့ ဟန္ပန္အမူအရာေလးေတြေၾကာင့္ ခ်စ္သူခင္သူေတြေပါမ်ားေနတာပဲ ျဖစ္ၿပီး ဘာသာတရားကိုင္းရႈိင္းကာ အလွဴအတန္းေတြလည္းမၾကာခဏျပဳလုပ္တတ္တဲ့သူေလးပဲ ျဖစ္ပါတယ္။

စူစူကေတာ့ လက္ရွိမွာ ” ဆုံစည္းခြင့္ ” ဇာတ္လမ္းတြဲကို ႐ိုက္ကူးေနတာျဖစ္ၿပီး အႏုပညာရွင္မ်ားစြာ ပါဝင္ထားတာေၾကာင့္ ပရိသတ္ေတြရဲ႕ အထူးစိတ္ဝင္စားျခင္းခံေနရတဲ့ ဇာတ္လမ္းတြဲတစ္ခုပဲ ျဖစ္ပါတယ္။ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲ အဆိုေတာ္ထက္ယံလည္း ပါဝင္ထားတဲ့အျပင္ တက္သစ္စ ပုရိသေတြအသည္းစြဲ ေရႊႀကိဳမယ္ေလး သဇင္ထူးျမင့္ စတဲ့ အႏုပညာရွင္မ်ားစြာပါဝင္ထားတယ္လို႕ သိရပါတယ္။ စူစူကေတာ့ သူမရဲ႕လူမႈကြန္ရက္စာမ်က္နွာမွာ ႐ိုက္ကြင္းက ဗီဒီယိုေလးေတြကို မၾကာမၾကာ ေဖာ္ျပေလ့ရွိပါတယ္။

လက္ရွိမွာလည္း ရုိက္ကြင္းမွာ ရုိက္ကူးေနတဲ့ ပံုရိပ္တစ္ခ်ိဳ႕ျဖစ္တဲ့ ကိုယ္တိုင္ ဆိုက္ကားနင္းေနတဲ့ ဗီဒီယိုဖိုင္ေလးကို သူမရဲ႕လူမႈကြန္ရက္စာမ်က္နွာထက္မွာ ေဖာ္ျပခဲ့တာပါ။ အႏုပညာေက်ာင္းဆင္း ျဖစ္တဲ့ စူစူကေတာ့ အႏုပညာနဲ႕ ပတ္သက္ရင္ စြယ္စံုရေအာင္ ႀကိဳးစာလုပ္ေဆာင္တတ္သူေလးပဲ ျဖစ္ပါတယ္။ရုိက္ကြင္းေပၚက ဆိုက္ကားနင္းေနတဲ့ပံုရိပ္ေလးနဲ႕အတူ ” You တို႔ကိုတင္နင္းဖို႔…စူဆိုက္ကားနင္းသင္ေနတယ္ ” ဆိုတဲ့ စာသားေလးနဲ႕ ပရိသတ္ေတြခ်စ္ေအာင္ သူမရဲ႕လူမႈကြန္ရက္စာမ်က္နွာမွာ ေဖာ္ျပခဲ့တာပါ။ CeleConnections ပရိသတ္ႀကီးေရာ ခ်စ္စရာေကာင္းေအာင္ ပရိသတ္ေတြကိုခၽြဲတတ္တဲ့ စူစူ ကို ခ်စ္ရင္ မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source : Ei Chaw Po
Candy – CeleConnections
ယူနီကုဒ္ျဖင့္ဖတ္ရန္

” ရိုက်ကွင်းပေါ်မှာ ဆိုက်ကားနင်းသင်နေတဲ့ အိချောပိုရဲ့ ဗီဒီယိုဖိုင် ”

အိချောပိုကတော့ ခပ်မိုက်မိုက်ဘော်ဒီကောက်ကြောင်းအလှတွေနဲ့ ပုရိသပရိသတ်တွေကို ဆွဲဆောင်ထားနိုင်တဲ့ မင်းသမီးတစ်ဦးပါ။ အမျိုးသားပရိသတ်တွေသာမက အမျိုးသမီးပရိသတ်တွေကပါ တခဲနက်အားပေးချစ်ကြတဲ့အပြင် ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိနေသူတစ်ဦးလို့ဆိုရမှာပါ။ချစ်တဲ့ပရိသတ်တွေက စူစူလို့ ချစ်စနိုးနဲ့ခေါ်ဝေါ်လေ့ရှိကြပြီး စူစူကတော့အဆိုပိုင်းမှာလည်း ထူးချွန်သူလေးလို့ ဆိုရမှာပါ။အဘက်ဘက်ထူးချွန်တဲ့သူတစ်ယောက်ဖြစ်တဲ့ စူစူကတော့ သူ့ရဲ့ပွဲတက်စတိုင်တွေကလည်း ပရိသတ်တွေ အတွက် ဆွဲဆောင်မှုရှိလွန်းတဲ့အပြင် ပွင့်လင်းလွန်းတဲ့ ဟန်ပန်အမူအရာလေးတွေကြောင့် ချစ်သူခင်သူတွေပေါများနေတာပဲ ဖြစ်ပြီး ဘာသာတရားကိုင်းရှိုင်းကာ အလှူအတန်းတွေလည်းမကြာခဏပြုလုပ်တတ်တဲ့သူလေးပဲ ဖြစ်ပါတယ်။

စူစူကတော့ လက်ရှိမှာ ” ဆုံစည်းခွင့် ” ဇာတ်လမ်းတွဲကို ရိုက်ကူးနေတာဖြစ်ပြီး အနုပညာရှင်များစွာ ပါဝင်ထားတာကြောင့် ပရိသတ်တွေရဲ့ အထူးစိတ်ဝင်စားခြင်းခံနေရတဲ့ ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဆိုတော်ထက်ယံလည်း ပါဝင်ထားတဲ့အပြင် တက်သစ်စ ပုရိသတွေအသည်းစွဲ ရွှေကြိုမယ်လေး သဇင်ထူးမြင့် စတဲ့ အနုပညာရှင်များစွာပါဝင်ထားတယ်လို့ သိရပါတယ်။ စူစူကတော့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရိုက်ကွင်းက ဗီဒီယိုလေးတွေကို မကြာမကြာ ဖော်ပြလေ့ရှိပါတယ်။

လက်ရှိမှာလည်း ရိုက်ကွင်းမှာ ရိုက်ကူးနေတဲ့ ပုံရိပ်တစ်ချို့ဖြစ်တဲ့ ကိုယ်တိုင် ဆိုက်ကားနင်းနေတဲ့ ဗီဒီယိုဖိုင်လေးကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ဖော်ပြခဲ့တာပါ။ အနုပညာကျောင်းဆင်း ဖြစ်တဲ့ စူစူကတော့ အနုပညာနဲ့ ပတ်သက်ရင် စွယ်စုံရအောင် ကြိုးစာလုပ်ဆောင်တတ်သူလေးပဲ ဖြစ်ပါတယ်။ရိုက်ကွင်းပေါ်က ဆိုက်ကားနင်းနေတဲ့ပုံရိပ်လေးနဲ့အတူ ” You တို့ကိုတင်နင်းဖို့…စူဆိုက်ကားနင်းသင်နေတယ် ” ဆိုတဲ့ စာသားလေးနဲ့ ပရိသတ်တွေချစ်အောင် သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တာပါ။ CeleConnections ပရိသတ်ကြီးရော ချစ်စရာကောင်းအောင် ပရိသတ်တွေကိုချွဲတတ်တဲ့ စူစူ ကို ချစ်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Ei Chaw Po
Candy – CeleConnections

error: Alert: Content is protected !!