” ဇာတ္ေကာင္ေနရာအတြက္ ဝိတ္ပါခ်ခဲ့တယ္ဆိုတဲ့ တိုင္ရႊန္ “

ႏႈတ္ခမ္းနီမေလးေတြအသည္းစြဲေမာ္ဒယ္လ္ တစ္ေယာက္ျဖစ္တဲ့ တိုင္႐ြန္ကေတာ့ ေမာ္ဒယ္လ္ဘက္ကေန သ႐ုပ္ေဆာင္ဘက္ကို ေျပာင္းလဲလာကာ အခုဆိုရင္ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမ်ားစြာ ႐ိုက္ကူးေနၿပီပဲ ျဖစ္ပါတယ္။ တက္သစ္စသ႐ုပ္ေဆာင္လို႔မထင္ရေလာက္ေအာင္ က်ရာဇာတ္႐ုပ္ကိုပီျပင္ အသက္ဝင္ဖို႔အတြက္ အဘက္ဘက္က ႀကိဳတင္ျပင္ဆင္မႈေတြအျပင္ ဆရာသမားေတြ ၊ စီနီယာေတြရဲ႕ သင္ၾကားမႈကို ႀကိဳးစားလိုက္နာသူတစ္ဦး ျဖစ္တယ္လို႔လည္း သိရပါတယ္။

သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ဘဝကိုလြတ္လပ္႐ိုးရွင္းစြာျဖတ္သန္းခ်င္သူ ပဲျဖစ္ပါတယ္။ အႏုပညာလမ္းေၾကာင္းေပၚေအာင္ျမင္လာတာနဲ႔အမွ် မိဘကိုလည္း ျပန္လည္ သိတတ္ကာ မၾကာေသးမီကလည္း မိဘေတြကို အႏုပညာလုပ္အားခေတြစုၿပီး တိုက္ခန္းဝယ္ကာ လက္ေဆာင္ေပးခဲ့ပါေသးတယ္။ အၿမဲေပါ့ေပါ့ပါးပါးနဲ႔ေနတတ္တဲ့ သူျဖစ္တဲ့အျပင္ ဆိုင္ကယ္စီးကာ ခရီးထြက္ရတာႀကိဳက္သူဆိုလည္း မမွားပါဘူးေနာ္။

လက္ရွိမွာေတာ့ ” တစစ္တမက္ကိုယ္နဲ႔သက္ကို ” ဇာတ္လမ္းတြဲမွာ သတင္းေထာက္ ” ေမာင္ေဖခင္ ” ဇာတ္ေကာင္ေနရာကေန ပါဝင္ရုိက္ကူးခဲ့တယ္လို႕ သိရပါတယ္။ ” တစစ္တမက္ကိုယ္နဲ႔သက္ကို ” ဇာတ္လမ္းတြဲကေတာ့ စစ္ကား ဇာတ္လမ္းအမ်ိဳးအစားျဖစ္ၿပီး သတင္းေထာက္ ” ေမာင္ေဖခင္ ” ဇာတ္ေကာင္ေနရာအတြက္ ဝိတ္ခ် ၿပီး လိုခ်င္တဲ့ ဇာတ္ေကာင္ပံုစံ ျဖစ္ေအာင္ဖန္တီးခဲ့တယ္လို႕ သိရပါတယ္။ CeleConnections ပရိသတ္ႀကီးလည္း အလုပ္အေပၚအားစိုက္တတ္တဲ့ တိုင္ရႊန္ရဲ႕ စိတ္ေလးကို သေဘာက်ရင္မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source : Tyron Bejay
Candy – CeleConnections
ယူနီကုဒ္ျဖင့္ဖတ္ရန္

” ဇာတ်ကောင်နေရာအတွက် ဝိတ်ပါချခဲ့တယ်ဆိုတဲ့ တိုင်ရွှန် ”

နှုတ်ခမ်းနီမလေးတွေအသည်းစွဲမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ တိုင်ရွန်ကတော့ မော်ဒယ်လ်ဘက်ကနေ သရုပ်ဆောင်ဘက်ကို ပြောင်းလဲလာကာ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာ ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ တက်သစ်စသရုပ်ဆောင်လို့မထင်ရလောက်အောင် ကျရာဇာတ်ရုပ်ကိုပီပြင် အသက်ဝင်ဖို့အတွက် အဘက်ဘက်က ကြိုတင်ပြင်ဆင်မှုတွေအပြင် ဆရာသမားတွေ ၊ စီနီယာတွေရဲ့ သင်ကြားမှုကို ကြိုးစားလိုက်နာသူတစ်ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။

သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေတတ်ပြီး ဘဝကိုလွတ်လပ်ရိုးရှင်းစွာဖြတ်သန်းချင်သူ ပဲဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းပေါ်အောင်မြင်လာတာနဲ့အမျှ မိဘကိုလည်း ပြန်လည် သိတတ်ကာ မကြာသေးမီကလည်း မိဘတွေကို အနုပညာလုပ်အားခတွေစုပြီး တိုက်ခန်းဝယ်ကာ လက်ဆောင်ပေးခဲ့ပါသေးတယ်။ အမြဲပေါ့ပေါ့ပါးပါးနဲ့နေတတ်တဲ့ သူဖြစ်တဲ့အပြင် ဆိုင်ကယ်စီးကာ ခရီးထွက်ရတာကြိုက်သူဆိုလည်း မမှားပါဘူးနော်။

လက်ရှိမှာတော့ ” တစစ်တမက်ကိုယ်နဲ့သက်ကို ” ဇာတ်လမ်းတွဲမှာ သတင်းထောက် ” မောင်ဖေခင် ” ဇာတ်ကောင်နေရာကနေ ပါဝင်ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ ” တစစ်တမက်ကိုယ်နဲ့သက်ကို ” ဇာတ်လမ်းတွဲကတော့ စစ်ကား ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး သတင်းထောက် ” မောင်ဖေခင် ” ဇာတ်ကောင်နေရာအတွက် ဝိတ်ချ ပြီး လိုချင်တဲ့ ဇာတ်ကောင်ပုံစံ ဖြစ်အောင်ဖန်တီးခဲ့တယ်လို့ သိရပါတယ်။ CeleConnections ပရိသတ်ကြီးလည်း အလုပ်အပေါ်အားစိုက်တတ်တဲ့ တိုင်ရွှန်ရဲ့ စိတ်လေးကို သဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Tyron Bejay
Candy – CeleConnections

error: Alert: Content is protected !!