ခ်စ္ျခင္းေမတၱာေတြ ငတ္မြတ္ေနလို႔ ေတာင္းခံလိုက္တဲ့ ဆုအိမ့္စံ

ဆုအိမ့္စံကေတာ့ ကုိရီးယားမင္းသမီးေလးတစ္ေယာက္လို႔ ျဖဴ၀င္းတဲ့အသားအရည္ေလးနဲ႔ ေခ်ာေမာလွပတဲ့မ်က္ႏွာေလးေၾကာင့္ ပရိသတ္ေတြၾကား ေရပန္းစားေနတဲ့ မင္းသမီးေခ်ာေလးတစ္ေယာက္ျဖစ္ပါတယ္။ သူမရဲ႕လွပတဲ့ခႏၶာကုိယ္ေကာက္ေၾကာင္းေလးကလည္း ပုရိသထုႀကီးကုိ စဲြမက္ေစသူပါ။ ဆုအိမ့္စံဟာ ေအာင္ျမင္တ့ဲ မင္းသမီးတစ္လက္ျဖစ္တာနဲ႔အမ်ွ ႐ုပ္ရွင္ဇာတ္ကားေတြမွာလည္း က်ရာဇာတ္႐ုပ္ကို ပီပီျပင္ျပင္နဲ႔ သ႐ုပ္ႏုိင္သူတစ္ေယာက္ျဖစ္ပါတယ္။ Mrtv-4မွာ ထုတ္လႊင့္ျပသေနတဲ့ Dancing with the Stars Myanmar အကၿပိ္ဳင္ပဲြမွာလည္း ရင္သပ္႐ႈေမာဖြယ္ အကအလွေတြနဲ႔ ပါ၀င္ယွဥ္ၿပိဳင္ေနသူတစ္ဦးလည္းျဖစ္ပါတယ္။

 

ဆုအိမ့္စံရဲ႕ အခ်စ္ေရးဟာ လတ္တေလာကာလေတြမွာ လႈပ္လႈပ္ခတ္ခတ္ျဖစ္ၿပီး ဂယက္ထမႈေတြနဲ႔ ႀကဳံေတြ႔ေနရတာပါ။ မင္းသားသူရိယဘက္က တစ္ဖက္သတ္ေစ့စပ္ေၾကာင္းလမ္းမႈကို ဖ်က္သိမ္းခဲ့တာေၾကာင့္လည္း သူမတစ္ေယာက္ နာက်င္မႈေန႔ရက္ေတြကုိ ပင္ပင္ပန္းပန္းျဖတ္ေက်ာ္ေနရပါတယ္။ အခ်စ္ေရးကံေခတဲ့ ဆုအိမ့္စံကေတာ့ မၾကာေသးခင္က သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ “ကုိယ့္ကုိခ်စ္တဲ့အေၾကာင္းေလး တစ္ခုခုေျပာခဲ့ေပါ့” …. ဆုိတဲ့ စာသားေလးကုိ မ်ွေ၀ခဲ့တာေၾကာင့္ ခ်စ္ပရိသတ္ေတြက က႐ုဏာသက္ခဲ့ၾကပါတယ္။ အဲဒီပုိ႔စ္ေလးရဲ႕ေအာက္မွာေတာ့ ပရိသတ္ေတြက သူမကိုအားေပးခဲ့ၾကၿပီး ခ်စ္စကားေလးေတြဆုိခဲ့ၾကပါတယ္။

 

ႏွလုံးသားေရးမွာ ကြ်န္းခံေနတဲ့ ဆုအိမ့္စံတစ္ေယာက္ နာက်င္မႈေန႔ရက္ေတြကေန အျမန္ဆုံးေက်ာ္ျဖတ္ႏုိင္ပါေစလို႕ ပရိသတ္ႀကီးနဲ႔ ထပ္တူဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ Cele Connections ပရိသတ္ႀကီးကလည္း ဆုအိမ့္စံေလးကုိ ခ်စ္တဲ့အေၾကာင္းေလးေတြ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Source – Hsu Eaint San
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ချစ်ခြင်းမေတ္တာတွေ ငတ်မွတ်နေလို့ တောင်းခံလိုက်တဲ့ ဆုအိမ့်စံ

ဆုအိမ့်စံကတော့ ကိုရီးယားမင်းသမီးလေးတစ်ယောက်လို့ ဖြူဝင်းတဲ့အသားအရည်လေးနဲ့ ချောမောလှပတဲ့မျက်နှာလေးကြောင့် ပရိသတ်တွေကြား ရေပန်းစားနေတဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းလေးကလည်း ပုရိသထုကြီးကို စွဲမက်စေသူပါ။ ဆုအိမ့်စံဟာ အောင်မြင်တဲ့ မင်းသမီးတစ်လက်ဖြစ်တာနဲ့အမျှ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ သရုပ်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။ Mrtv-4မှာ ထုတ်လွှင့်ပြသနေတဲ့ Dancing with the Stars Myanmar အကပြိုင်ပွဲမှာလည်း ရင်သပ်ရှုမောဖွယ် အကအလှတွေနဲ့ ပါဝင်ယှဉ်ပြိုင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

ဆုအိမ့်စံရဲ့ အချစ်ရေးဟာ လတ်တလောကာလတွေမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ပြီး ဂယက်ထမှုတွေနဲ့ ကြုံတွေ့နေရတာပါ။ မင်းသားသူရိယဘက်က တစ်ဖက်သတ်စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းခဲ့တာကြောင့်လည်း သူမတစ်ယောက် နာကျင်မှုနေ့ရက်တွေကို ပင်ပင်ပန်းပန်းဖြတ်ကျော်နေရပါတယ်။ အချစ်ရေးကံခေတဲ့ ဆုအိမ့်စံကတော့ မကြာသေးခင်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ “ကိုယ့်ကိုချစ်တဲ့အကြောင်းလေး တစ်ခုခုပြောခဲ့ပေါ့” …. ဆိုတဲ့ စာသားလေးကို မျှဝေခဲ့တာကြောင့် ချစ်ပရိသတ်တွေက ကရုဏာသက်ခဲ့ကြပါတယ်။ အဲဒီပို့စ်လေးရဲ့အောက်မှာတော့ ပရိသတ်တွေက သူမကိုအားပေးခဲ့ကြပြီး ချစ်စကားလေးတွေဆိုခဲ့ကြပါတယ်။

နှလုံးသားရေးမှာ ကျွန်းခံနေတဲ့ ဆုအိမ့်စံတစ်ယောက် နာကျင်မှုနေ့ရက်တွေကနေ အမြန်ဆုံးကျော်ဖြတ်နိုင်ပါစေလို့ ပရိသတ်ကြီးနဲ့ ထပ်တူဆုတောင်းပေးလိုက်ပါတယ်နော်။ Cele Connections ပရိသတ်ကြီးကလည်း ဆုအိမ့်စံလေးကို ချစ်တဲ့အကြောင်းလေးတွေ မှတ်ချက်ပေးခဲ့ပါဦးနော်။

Source – Hsu Eaint San
Lavender

error: Alert: Content is protected !!