” Korea မွာ မ်က္နွာခြဲစိတ္မႈျပဳလုပ္ခဲ့တဲ့ ထြန္းအိျႏၵာဗိုလ္ “

ျပည္သူခ်စ္ အဆိုေတာ္ အကယ္ဒမီ မင္းသမီးႀကီးျဖစ္တဲ့ ထြန္းအိျႏၵာဗိုလ္ ကေတာ့ ယေန႔အခ်ိန္ထိ ပရိသတ္အခိုင္အမာနဲ႔ ရပ္တည္ေနတဲ့ ဝါရင့္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့အတြက္ ပရိသတ္ေတြကို အထူးမိတ္ဆက္စရာမလိုေတာ့ပါဘူးေနာ္။ခ်စ္တဲ့ပရိသတ္ေတြနဲ႔ အႏုပညာရွင္မိတ္ေဆြေတြက ခ်စ္စႏိုးနဲ႔ မခိုင္ႀကီးလို႔ ေခၚခံရသူတစ္ဦးပါ။ လက္ရွိမွာေတာ့ အႏုပညာအလုပ္ေတြကို လုပ္ကိုင္လ်က္ရွိၿပီး သားေလးကလည္း အ႐ြယ္ေရာက္လာၿပီျဖစ္တာေၾကာင့္ ေအးခ်မ္းတဲ့ မိသားစုေလးကို ပိုင္ဆိုင္ထားတာျဖစ္လို႔ ျမင္သူတိုင္း ပရိသတ္ေတြအတြက္ စိတ္ခ်မ္းသာစရာေလးျဖစ္ေနမွာပါ။

မၾကာေသးမီကလည္း ပရိသတ္ေတြပါးစပ္ဖ်ားမွာေရပန္းစားခဲ့တဲ့ ” သူစိမ္းအိမ္ဇာတ္ကားႀကီး ” မွာလည္း ဝါရင့္သ႐ုပ္ေဆာင္တစ္ဦးပီပီ ပရိသတ္ေတြရဲ႕ ခ်ီးက်ဴးအားေပးမႈေတြကို ပိုင္ဆိုင္ႏိုင္ခဲ့သူပါ။႐ုပ္ရွင္သ႐ုပ္ေဆာင္ဘက္ကိုပဲ အားစိုက္ေနတဲ့ မင္းသမီးႀကီးကေတာ့ လတ္တေလာမွာ ပရိသတ္ေတြကို ကိုယ္တိုင္ဂစ္တာတီးကာ သီခ်င္းဆိုျပခဲ့ပါေသးတယ္။ ပရိသတ္ေတြအျပင္ အႏုပညာရွင္တစ္ခ်ိဳ႕က သူမရဲ႕ တစ္ကိုယ္ေတာ္ Show ပြဲကို ေစာင့္ေမွ်ာ္ေနတယ္လို႔ မွတ္ခ်က္ေတြေပးခဲ့ၾကပါေသးတယ္။

ဒီေန႕မွာမွာေတာ့ မခိုင္ႀကီးဟာ ” ကၽြန္မ မ်က္ႏွာမ်က္ရစ္ခြဲစိပ္ျခင္း၊အသားအရည္ေျပာင္းလဲျခင္းအသားအရည္ ပင့္တင္ျခင္း တို႔ လုပ္ျဖစ္ပါတယ္ရွင့္” ဆိုကာသူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာမွာ ေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္။ခြဲစိတ္မႈကို ကိုရီးယားႏုိင္ငံသို႕ သြားေရာက္ ျပဳလုပ္ခဲ့တယ္လို႕ သိရပါတယ္။ မ်က္နွာပံုမတင္ေသးတာကလည္း မ်က္ႏွာေရာင္ေနေသးတာေၾကာင့္လို႕ ေျပာျပထားပါေသးတယ္။ ခ်စ္တဲ့ပရိသတ္ေတြကလည္း ေကာင္းေသာေျပာင္းလဲျခင္း ျဖစ္မွာ ျဖစ္ၿပီး ဓာတ္ပံုေလးေတြတင္လာမယ့္အခ်ိန္ကို ေစာင့္ေမွ်ာ္ေနၾကေၾကာင္း မွတ္ခ်က္ေတြေပးခဲ့ၾကပါတယ္။CeleConnections ပရိသတ္ႀကီးလည္း မခိုင္ႀကီးရဲ႕ လွပလာမယ့္မ်က္နွာပံုရိပ္ေတြကို ျမင္ရဖို႕ ေစာင့္ေမွ်ာ္ေနတယ္ဆို မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source : Mi Mi Khine
Candy – CeleConnections
ယူနီကုဒ္ျဖင့္ဖတ္ရန္

” Korea မှာ မျက်နှာခွဲစိတ်မှုပြုလုပ်ခဲ့တဲ့ ထွန်းအိန္ဒြာဗိုလ် ”

ပြည်သူချစ် အဆိုတော် အကယ်ဒမီ မင်းသမီးကြီးဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ် ကတော့ ယနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် ပရိသတ်တွေကို အထူးမိတ်ဆက်စရာမလိုတော့ပါဘူးနော်။ချစ်တဲ့ပရိသတ်တွေနဲ့ အနုပညာရှင်မိတ်ဆွေတွေက ချစ်စနိုးနဲ့ မခိုင်ကြီးလို့ ခေါ်ခံရသူတစ်ဦးပါ။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပြီး သားလေးကလည်း အရွယ်ရောက်လာပြီဖြစ်တာကြောင့် အေးချမ်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာဖြစ်လို့ မြင်သူတိုင်း ပရိသတ်တွေအတွက် စိတ်ချမ်းသာစရာလေးဖြစ်နေမှာပါ။

မကြာသေးမီကလည်း ပရိသတ်တွေပါးစပ်ဖျားမှာရေပန်းစားခဲ့တဲ့ ” သူစိမ်းအိမ်ဇာတ်ကားကြီး ” မှာလည်း ဝါရင့်သရုပ်ဆောင်တစ်ဦးပီပီ ပရိသတ်တွေရဲ့ ချီးကျူးအားပေးမှုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။ရုပ်ရှင်သရုပ်ဆောင်ဘက်ကိုပဲ အားစိုက်နေတဲ့ မင်းသမီးကြီးကတော့ လတ်တလောမှာ ပရိသတ်တွေကို ကိုယ်တိုင်ဂစ်တာတီးကာ သီချင်းဆိုပြခဲ့ပါသေးတယ်။ ပရိသတ်တွေအပြင် အနုပညာရှင်တစ်ချို့က သူမရဲ့ တစ်ကိုယ်တော် Show ပွဲကို စောင့်မျှော်နေတယ်လို့ မှတ်ချက်တွေပေးခဲ့ကြပါသေးတယ်။

ဒီနေ့မှာမှာတော့ မခိုင်ကြီးဟာ ” ကျွန်မ မျက်နှာမျက်ရစ်ခွဲစိပ်ခြင်း၊အသားအရည်ပြောင်းလဲခြင်းအသားအရည် ပင့်တင်ခြင်း တို့ လုပ်ဖြစ်ပါတယ်ရှင့်” ဆိုကာသူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ခွဲစိတ်မှုကို ကိုရီးယားနိုင်ငံသို့ သွားရောက် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မျက်နှာပုံမတင်သေးတာကလည်း မျက်နှာရောင်နေသေးတာကြောင့်လို့ ပြောပြထားပါသေးတယ်။ ချစ်တဲ့ပရိသတ်တွေကလည်း ကောင်းသောပြောင်းလဲခြင်း ဖြစ်မှာ ဖြစ်ပြီး ဓာတ်ပုံလေးတွေတင်လာမယ့်အချိန်ကို စောင့်မျှော်နေကြကြောင်း မှတ်ချက်တွေပေးခဲ့ကြပါတယ်။CeleConnections ပရိသတ်ကြီးလည်း မခိုင်ကြီးရဲ့ လှပလာမယ့်မျက်နှာပုံရိပ်တွေကို မြင်ရဖို့ စောင့်မျှော်နေတယ်ဆို မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Mi Mi Khine
Candy – CeleConnections

error: Alert: Content is protected !!