” (၂၃)နှစ်ပြည့် မွေးနေ့မှာ ရွှေထည်ပစ္စည်းတွေနဲ့ မိဘတွေကိုကန်တော့ခဲ့တဲ့ ဟန်လင်း “

ဟန်လင်းကတော့ နိုင်ငံကျော်မိတ်ကပ်ပညာရှင် မေဦးရဲ့ ချစ်သူလို့ ပရိသတ်တွေ သိကြတာဖြစ်ပြီး မကြာသေးမီကလည်း မြန်မာအိုင်ဒေါလ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ေ မဦးနဲ့ဟန်လင်းတို့ဟာ ချစ်သူသက်တမ်း(၃)နှစ်ပြည့်ကို ပရိသတ်တွေအားကျရလောက်တဲ့ထိ ရိုမန့်တစ်ဆန်ဆန် ဗီဒီယိုလေးရိုက်ကူးကာ လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေခဲ့တာကြောင့် လူအများနှစ်သက်ရတဲ့စုံတွဲလေးပါ။

ဒီနေ့မှာကျရောက်တဲ့ နိုဝင်ဘာလ (၃)ရက်နေ့ကတော့ ဟန်လင်းရဲ့(၂၃)နှစ်ပြည့်မွေးနေ့ရက်မြတ်လေး ဖြစ်ပြီး မေဦးကလည်း ရိုမတ်တစ်ဆန်ဆန် မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်နော်။ဟန်လင်းကတော့မွေးနေ့မှာ မိဘနှစ်ပါးကို ရွှေထည်ပစ္စည်းတွေနဲ့ မွေးနေ့ကန်တော့ခဲ့တာပဲ ဖြစ်ပါတယ်။မိဘကိုသိတတ်မှုကြောင့် ဟန်လင်းရဲ့ဖေဖေကတော့ မျက်ရည်ကျကာ ဝမ်းသာမျက်ရည်ကျရတဲ့ထိ ဖြစ်ခဲ့တာပါနော်။

လူမှုကွန်ရက်စာမျက်နှာမှာလည်း ” အ သက် (၂၃) နှစ် ပြည့်မွေးနေ့မှစပြီး အဖေနဲ့အမေအားကိုးရတဲ့ သားကောင်းရတနာဖြစ်ပါရစေ … မွေးကင်းစအရွယ်ကစလို့ အခုအသက်အရွယ်အထိ လူဘုံအလည်မျက်နှာပွင့် ဂုဏ်တင့်ရ လေအောင် ရှာဖွေကျွေး မွေးခဲ့တဲ့အဖေ … အခုချိန်မှာတော့ ကျန်း မာအောင်ပဲနေပေးပါ နော် … ဘာသာတရား ကိုင်း ရှိုင်းတတ်အောင် လမ်း ပြပေး သူ … နား လည် မှု တွေ အ များ ကြီး ပေး ခဲ့ ပေး တဲ့ သူ …
သား ကြောင့် အ မေ့ အ သိုင်း အ ဝိုင်း ပတ် ဝန်း ကျင် မှာ မျက် နှာ ငယ် ခဲ့ ရ တာ တွေ သား တစ် ကယ် တောင်း ပန် ပါ တယ် အမေ … သား တို့ တစ် မိ သား စု လုံး အ တွက် တံ တိုင်း ကြီး အ ဖြစ် အ မြဲ ရှိ နေ ပေး ပါ နော် အမေ …” ဆိုတဲ့စာသားလေးနဲ့အတူ ကန်တော့ခဲ့တဲ့ပုံရိပ်လေးတွေကိုဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။CeleConnections ပရိသတ်ကြီးလည်း ဟန်လင်းရဲ့ မိဘအပေါ်သိတတ်တဲ့ စိတ်ထားလေးကို သဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Han Linn
Candy – Cele Connection
ယူနီကုဒ်ဖြင့်ဖတ်ရန်

error: Alert: Content is protected !!