ေမြးေန႔ဆုေတာင္းစာလႊာေလးနဲ႔အတူ ခ်စ္ျခင္းေမတၱာကိုေဖာ္ၾကဴးလိုက္တဲ့ ေမဦး

ဟန္လင္းနဲ႔ေမဦးတို႔ စုံတြဲကေတာ့ ႐ိုမန္တစ္ဆန္ၿပီး တစ္ေယာက္ကိုတစ္ေယာက္ သိပ္ခ်စ္ၾကတဲ့ ခ်စ္သူစုံတြဲေလးပဲျဖစ္ပါတယ္။ ႐ုပ္ရည္ေခ်ာေမာၾကတဲ့ သူတို႔ႏွစ္ေယာက္ကို ပရိသတ္ေတြကေတာ့ ခ်စ္စႏိုးနဲ႔ ဟန္ဦးစုံတြဲဆိုၿပီး တင္စားေခၚဆိုၾကတာပါ။ ေမဦးဟာ ေအာင္ျမင္ေက်ာ္ၾကားတဲ့ မိတ္ကပ္ဖန္တီးရွင္တစ္ေယာက္ျဖစ္ၿပီး ဟန္လင္းကေတာ့ပန္းအလွဆင္သူတစ္ေယာက္ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ထင္ေပၚေက်ာ္ၾကားတဲ့သူေတြျဖစ္တာနဲ႔အမွ် သူတို႔ရဲ႕ခ်စ္ျခင္းေမတၱာကို အားေပးဝန္းရံၾကသူေတြကလည္း အမ်ားအျပားပါပဲ။

 

အခ်စ္ဟာ အခ်စ္ပဲဆိုတဲ့ တင္စားမႈနဲ႔အတူ သူတို႔ႏွစ္ဦးရဲ႕ ျမတ္ႏိုးစုံမက္မႈေတြဟာလည္း အမ်ားကအံ့ၾသရေလာက္တဲ့အထိ ေလးစားတန္ဖိုးထားစရာပါ။ သြားအတူ စားအတူနဲ႔ အၿမဲတတြဲတြဲရွိၾကတဲ့ သူတို႔ႏွစ္ဦးရဲ႕ တစ္ဦးကိုတစ္ဦး ဂ႐ုစိုက္ၾကင္နာတတ္ၾကတဲ့ အျပဳအမူေလးေတြကို ပရိသတ္ေတြက ဘယ္အခ်ိန္ ဘယ္ေနရာမွာပဲ ေတြ႕ေတြ႕အားက်ေနၾကတာပါ။ ဒီေန႔က ဟန္လင္းရဲ႕ေမြးေန႔ေလးျဖစ္တာေၾကာင့္ ေမဦးတစ္ေယာက္ကေတာ့ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန သူသိပ္ခ်စ္ရသူအတြက္ ေမြးေန႔ဆုေတာင္းစာလႊာေလးနဲ႔အတူ ခ်စ္ျခင္းေမတၱာကို ေဖာ္ၾကဴးထားပါေသးတယ္။ “Happy Birthday To My Chit Sone Lay …. ခ်စ္ကိုအမ်ားႀကီးခ်စ္ၿပီး ဂ႐ုစိုက္သလို ခ်စ္တုံးႀကီးကိုလည္း ထာဝရခ်စ္ၿပီး အဖိုးႀကီးျဖစ္တဲ့အထိ အနားမွာေနၿပီး အမ်ားႀကီးဂ႐ုစိုက္မယ္ေနာ္” … လို႔ ေရးသားထားတာေၾကာင့္ သူတို႔ရဲ႕ခ်စ္ပရိသတ္ေတြကပါ ခ်စ္ျခင္းေမတၱာရဲ႕ အေငြ႕အသက္ေတြကို ခံစားေနရလိမ့္မယ္ထင္ပါတယ္။

 

ဟန္လင္းတစ္ေယာက္ ယေန႔က်ေရာက္တဲ့ ေမြးေန႔ရက္ျမတ္မွသည္ ေနာင္ႏွစ္ေပါင္းမ်ားစြာတိုင္ ခ်စ္သူေလး ေမဦးနဲ႔အတူ စိတ္ခ်မ္းသာ ကိုယ္က်န္းမာနဲ႔ ဘဝခရီးလမ္းကို ဒီထက္မက ေအာင္ျမင္မႈေတြနဲ႔အတူ ေလ်ာက္လွမ္းႏိုင္ပါေစလို႔ ပရိသတ္ႀကီးနဲ႔ထပ္တူဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ Cele Connections ပရိသတ္ႀကီးကလည္း ဟန္လင္းအတြက္ေမြးေန႔ဆုေတာင္းေလးေတြကို မွတ္ခ်က္ေရးခဲ့ပါဦးေနာ္။

Source – May Oo
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

မွေးနေ့ဆုတောင်းစာလွှာလေးနဲ့အတူ ချစ်ခြင်းမေတ္တာကိုဖော်ကြူးလိုက်တဲ့ မေဦး

ဟန်လင်းနဲ့မေဦးတို့ စုံတွဲကတော့ ရိုမန်တစ်ဆန်ပြီး တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတဲ့ ချစ်သူစုံတွဲလေးပဲဖြစ်ပါတယ်။ ရုပ်ရည်ချောမောကြတဲ့ သူတို့နှစ်ယောက်ကို ပရိသတ်တွေကတော့ ချစ်စနိုးနဲ့ ဟန်ဦးစုံတွဲဆိုပြီး တင်စားခေါ်ဆိုကြတာပါ။ မေဦးဟာ အောင်မြင်ကျော်ကြားတဲ့ မိတ်ကပ်ဖန်တီးရှင်တစ်ယောက်ဖြစ်ပြီး ဟန်လင်းကတော့ပန်းအလှဆင်သူတစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ထင်ပေါ်ကျော်ကြားတဲ့သူတွေဖြစ်တာနဲ့အမျှ သူတို့ရဲ့ချစ်ခြင်းမေတ္တာကို အားပေးဝန်းရံကြသူတွေကလည်း အများအပြားပါပဲ။

အချစ်ဟာ အချစ်ပဲဆိုတဲ့ တင်စားမှုနဲ့အတူ သူတို့နှစ်ဦးရဲ့ မြတ်နိုးစုံမက်မှုတွေဟာလည်း အများကအံ့သြရလောက်တဲ့အထိ လေးစားတန်ဖိုးထားစရာပါ။ သွားအတူ စားအတူနဲ့ အမြဲတတွဲတွဲရှိကြတဲ့ သူတို့နှစ်ဦးရဲ့ တစ်ဦးကိုတစ်ဦး ဂရုစိုက်ကြင်နာတတ်ကြတဲ့ အပြုအမူလေးတွေကို ပရိသတ်တွေက ဘယ်အချိန် ဘယ်နေရာမှာပဲ တွေ့တွေ့အားကျနေကြတာပါ။ ဒီနေ့က ဟန်လင်းရဲ့မွေးနေ့လေးဖြစ်တာကြောင့် မေဦးတစ်ယောက်ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ သူသိပ်ချစ်ရသူအတွက် မွေးနေ့ဆုတောင်းစာလွှာလေးနဲ့အတူ ချစ်ခြင်းမေတ္တာကို ဖော်ကြူးထားပါသေးတယ်။ “Happy Birthday To My Chit Sone Lay …. ချစ်ကိုအများကြီးချစ်ပြီး ဂရုစိုက်သလို ချစ်တုံးကြီးကိုလည်း ထာဝရချစ်ပြီး အဖိုးကြီးဖြစ်တဲ့အထိ အနားမှာနေပြီး အများကြီးဂရုစိုက်မယ်နော်” … လို့ ရေးသားထားတာကြောင့် သူတို့ရဲ့ချစ်ပရိသတ်တွေကပါ ချစ်ခြင်းမေတ္တာရဲ့ အငွေ့အသက်တွေကို ခံစားနေရလိမ့်မယ်ထင်ပါတယ်။

ဟန်လင်းတစ်ယောက် ယနေ့ကျရောက်တဲ့ မွေးနေ့ရက်မြတ်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ချစ်သူလေး မေဦးနဲ့အတူ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ဘဝခရီးလမ်းကို ဒီထက်မက အောင်မြင်မှုတွေနဲ့အတူ လျောက်လှမ်းနိုင်ပါစေလို့ ပရိသတ်ကြီးနဲ့ထပ်တူဆုတောင်းပေးလိုက်ပါတယ်နော်။ Cele Connections ပရိသတ်ကြီးကလည်း ဟန်လင်းအတွက်မွေးနေ့ဆုတောင်းလေးတွေကို မှတ်ချက်ရေးခဲ့ပါဦးနော်။

Source – May Oo
Lavender

error: Alert: Content is protected !!