

 


 

 


Source : ဝီကီပီဒီးယား
Molly
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

လူမှုထူးချွန်ပတမအဆင့်နိုင်ငံကျော် ရွာစားကြီး စိန်စတင်း ကွယ်လွန်ရှာပြီ

လူမှုထူးချွန် ပထမအဆင့် နိုင်ငံကျော် ရွာစာကြီး စိန်စတင်းကို ပရိသတ်တွေအားလုံးသိပြီးဖြစ်မှာပါ ။ စိန်စတင်းကို ဓနုဖြူမြို့နယ်၊ သူဋ္ဌေးကုန်းကျေးရွာ အဖ ဦးမန်းဒီလုံး၊ အမိ နော်အေးချမ်းတို့မှ မွေးဖွားခဲ့တာဖြစ်ပါတယ် ။ ဆရာကြီးဟာ ကိုယ်တိုင်ထူချွန်ရုံမကဘဲ မိမိမျိုးဆက်သစ်တွေကိုလည်း ထူးချွန်စေခဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ် ။ ဆရာ့မှာ သားသမီး(၅)ယောက်ထွန်းကားပြီး သားသမီး ငါးယောက်စလုံးမှာလည်း လိမ္မာ ထူးချွန်သူများ ဖြစ်ကြပါတယ် ။ ဒါကြောင့်ဆရာဟာ ဖခင်ကောင်း တစ်ယောက် ဖြစ်သလို ဥယျာဉ်မှူးကောင်း တစ်ယောက်လည်း ဖြစ်ပြီး ဆရာရဲ့ ထူးချွန်တဲ့သားသမီးတွေကလည်း နိုင်ငံကျော်တွေဖြစ်ခဲ့ပါတယ် ။

စိန်နိုင်လင်းခေါ် နိုင်စတင်း= ဆိုကရေးတီး ဆိုင်း ရွေခုနှစ်ဆု၊ ငွေနှစ်ဆု၊မောင်မင်းကို= ပတ်တီးလက်ထောက်၊ ဆိုကရေးတီး ပတ္တလားရွေတစ်ဆု၊ ငွေနှစ်ဆု၊ ကြေးနှစ်ဆု၊ ဒေါက်တာတင်တင်ယုေ ရွအလင်္ကာ စိန်မင်းနိုင်= ဆိုကရေးတီး ရွေရှစ်ဆု၊ ငွေတစ်ဆု၊ေ ကျာ်ကျော်ဟန်(အဆို) ရန်ကုန်တိုင်း အိုးစည်ဒိုးပတ်နည်းပြ၊ ဆိုကရေးတီး ရွေနှစ်ဆယ့်သုံးဆု၊ ငွေနှစ်ဆု၊ ကြေးနှစ်ဆု တို့ဟာ ဆရာရဲ့သားသမီးအရင်းတွေပဲဖြစ်ပါတယ် ။

နှစ်ပေါင်းရာချီရင်တောင် တစ်ယောက်ပေါ်ဖို့ မလွယ်တဲ့ ပညာရှင်ကြီး စိန်စတင်းဟာ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၁၂:၀၅အချိန်က ဘဝတစ်ပါးသို့ ပြောင်းရွှေ့ကွယ်လွန်သွားရှာပါပြီ ဖြစ်ပါတယ် ။ ခုလို နိုင်ငံကျော် ပထမအဆင့်ရှိတဲ့ ပညာရှင်တစ်ယောက် ကွယ်လွန်သွားခဲ့တဲ့အတွက် Cele Connections ကလည်း မိသားစုနဲ့ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ် ။ ဆရာကြီးကောင်းရာသုဂတိလားပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ် ။ Cele Connections ပရိသတ်ကြီးကလည်း ဆရာကြီးအတွက် ဆုတောင်းစကားလေးတွေ ရေးပေးခဲ့ပါဦးနော် ။

Source : ဝီကီပီဒီးယား
Molly

error: Alert: Content is protected !!