” လူမႈကြန္ယက္အေကာင့္ေတြ တိုက္ခိုက္ခံရမႈကို ကာကြယ္ႏုိင္မယ့္ ဗဟုသုတေလး မွ်ေဝလိုက္တဲ့ မေအးေသာင္း “

ျမန္မာဆန္ဆန္ေလးနဲ႔ ပုရိသေတြအသည္းကိုလႈပ္ႏႈိးႏုိင္တဲ့ မေအးေသာင္းကေတာ့ ျမန္မာအမ်ိဳးသားထုၾကီးက သက္ဆိုင္သူေတြနဲ႔ ရန္အျဖစ္ခံၿပီးအားေပးရေလာက္တဲ့ထိ ေအာင္ျမင္တဲ့အႏုပညာရွင္တစ္ဦးလို႕ဆိုရမွာပါ။ဆယ္ေက်ာ္သက္ဘဝထဲက အႏုပညာေလာကထဲကို ဝင္ေရာက္ခဲ့ၿပီး အခ်ိန္တစ္ခုအၾကာေပ်ာက္ကြယ္သြားကာ အႏုပညာေလာကထဲကို ျပန္လည္ထြက္ေပၚလာတဲ့အခ်ိန္မွာလည္း ပထမဆံုးျပန္လည္ရုိက္ကူးတဲ့ ရုပ္ရွင္ဇာတ္ကားမွာတင္ ပရိသတ္ေတြက အကယ္ဒမီရမယ္လို႕ ထင္ေၾကးေပးခံရေလာက္တဲ့ထိ အႏုပညာစန္း ႀကီးမားလြန္းသူတစ္ေယာက္ပါပဲေနာ္။

သူမရဲ႕အခ်စ္ေရးကိုပရိသတ္ေတြက အရမ္းစိတ္ဝင္စားေနတာျဖစ္ၿပီး အခုခ်ိန္ထိ အခ်စ္ေရးကိုဖြင့္ထုတ္မျပတဲ့မေအးေသာင္းေၾကာင့္ အမ်ိဳးသားထုႀကီးႀကိတ္ဝမ္းသာေနတဲ့အခ်ိန္မွာ MRTV – (4) ဇာတ္လမ္းတြဲမင္းသားေလး ေက်ာ္ထက္ေဇာ္နဲ႕ ရုိမန္႕တစ္ဆန္ဆန္ပံုေလးေတြ ထြက္ေပၚလာမႈအေပၚ မေအးေသာင္းကေတာ့ျပန္လည္ ေျဖရွင္းထားျခင္းမရွိေသးပါဘူးေနာ္။ မေအးေသာင္းကေတာ့ ျပည္သူ့အက်ိဳးျပဳလုပ္ငန္းေတြမွာလည္း အင္တိုက္အားတိုက္ပါဝင္တတ္ၿပီး အလွဴအတန္းေတြမွာလည္း ကိုယ္တိုင္ပါဝင္ကာ အားထည့္လုပ္ေဆာင္တတ္သူတစ္ဦးပါ။လက္ရွိမွာလည္း သူမရဲ႕လူမႈကြန္ရက္စာမ်က္နွာကေန ဆိုရွယ္မီဒီယာနဲ႕ပတ္သက္ၿပီး ေအာင္ျမင္ေက်ာ္ၾကားတဲ့အႏုပညာရွင္ေတြမၾကာမၾကာ အေကာင့္ ဟက္ခ္ ခံရမႈနဲ႕ပတ္သက္ၿပီး ကာကြယ္ဖို႕နည္းလမ္းေလးကို ပရိသတ္ေတြကို ေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္။

” အစိုးရ ဝက္ဘ္ဆိုက္ေတြနဲ႔ က်မတို႔လို Influencer ေတြရဲ႕ လူမႈကြန္ယက္အေကာင့္ေတြ တိုက္ခိုက္ခံရၿပီး ေဒတာခိုးယူတဲ့ ဆိုက္ဘာရာဇဝတ္မႈေတြဟာ ျမန္မာႏိုင္ငံမွာ တျဖည္းျဖည္းျမင့္တက္လာေနပါတယ္ဆိုၿပီး ဟိုးတစ္ေန႔က Myanmar Cyber Security Month ရဲ႕ facebook page ကေနဖတ္လိုက္ရပါတယ္။အခုက အြန္လိုင္းကို ေဈးသက္သက္သာသာနဲ႔လြယ္လြယ္သုံးလာႏိုင္ေပမယ့္ လူတိုင္းကဆိုက္ဘာနဲ႔ ပတ္သက္တဲ့ သတိထားသင့္တဲ့အခ်က္ေတြကိုေတာ့ ေမ့ေလ်ာ့ေနတတ္ပါတယ္။ဒီေအာက္တိုဘာလက ျမန္မာႏိုင္ငံရဲ႕ ဆိုက္ဘာလုံၿခဳံေရးလျဖစ္တဲ့အတြက္ က်မနဲ႔အတူတူ @ Myanmarcybersecuritymonth facebook ေလးကို Like လုပ္ထားၿပီးေတာ့ ဆိုက္ဘာမွာဘယ္လိုမ်ိဳး လုံၿခဳံေအာင္ေနထိုင္မလဲဆိုတဲ့ဗဟုသုတေလးေတြ ျဖည့္တင္းၿပီး ျပန္လည္ေဝမွ်ၾကရေအာင္ေနာ္။ ကၽြန္မခ်စ္တဲ့ ပရိတ္သတ္ေတြအားလုံးပဲ cyberready ျဖစ္ၾကပါေစ။ ” ဆိုၿပီး အႀကံေပးေဝမွ်ခဲ့တာျဖစ္ပပါတယ္။CeleConnections ပရိသတ္ႀကီးလည္း ေကာင္းတဲ့ အႀကံဥာဏ္ေလးေတြေပးတတ္တဲ့ ေအးေသာင္းကိုခ်စ္ရင္ မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source :Aye Thaung
Candy -CeleConnections
ယူနီကုဒ္ျဖင့္ဖတ္ရန္

” လူမှုကွန်ယက်အကောင့်တွေ တိုက်ခိုက်ခံရမှုကို ကာကွယ်နိုင်မယ့် ဗဟုသုတလေး မျှဝေလိုက်တဲ့ မအေးသောင်း ”

မြန်မာဆန်ဆန်လေးနဲ့ ပုရိသတွေအသည်းကိုလှုပ်နှိုးနိုင်တဲ့ မအေးသောင်းကတော့ မြန်မာအမျိုးသားထုကြီးက သက်ဆိုင်သူတွေနဲ့ ရန်အဖြစ်ခံပြီးအားပေးရလောက်တဲ့ထိ အောင်မြင်တဲ့အနုပညာရှင်တစ်ဦးလို့ဆိုရမှာပါ။ဆယ်ကျော်သက်ဘဝထဲက အနုပညာလောကထဲကို ဝင်ရောက်ခဲ့ပြီး အချိန်တစ်ခုအကြာပျောက်ကွယ်သွားကာ အနုပညာလောကထဲကို ပြန်လည်ထွက်ပေါ်လာတဲ့အချိန်မှာလည်း ပထမဆုံးပြန်လည်ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားမှာတင် ပရိသတ်တွေက အကယ်ဒမီရမယ်လို့ ထင်ကြေးပေးခံရလောက်တဲ့ထိ အနုပညာစန်း ကြီးမားလွန်းသူတစ်ယောက်ပါပဲနော်။

သူမရဲ့အချစ်ရေးကိုပရိသတ်တွေက အရမ်းစိတ်ဝင်စားနေတာဖြစ်ပြီး အခုချိန်ထိ အချစ်ရေးကိုဖွင့်ထုတ်မပြတဲ့မအေးသောင်းကြောင့် အမျိုးသားထုကြီးကြိတ်ဝမ်းသာနေတဲ့အချိန်မှာ MRTV – (4) ဇာတ်လမ်းတွဲမင်းသားလေး ကျော်ထက်ဇော်နဲ့ ရိုမန့်တစ်ဆန်ဆန်ပုံလေးတွေ ထွက်ပေါ်လာမှုအပေါ် မအေးသောင်းကတော့ပြန်လည် ဖြေရှင်းထားခြင်းမရှိသေးပါဘူးနော်။ မအေးသောင်းကတော့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာလည်း အင်တိုက်အားတိုက်ပါဝင်တတ်ပြီး အလှူအတန်းတွေမှာလည်း ကိုယ်တိုင်ပါဝင်ကာ အားထည့်လုပ်ဆောင်တတ်သူတစ်ဦးပါ။လက်ရှိမှာလည်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီး အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တွေမကြာမကြာ အကောင့် ဟက်ခ် ခံရမှုနဲ့ပတ်သက်ပြီး ကာကွယ်ဖို့နည်းလမ်းလေးကို ပရိသတ်တွေကို ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။

” အစိုးရ ဝက်ဘ်ဆိုက်တွေနဲ့ ကျမတို့လို Influencer တွေရဲ့ လူမှုကွန်ယက်အကောင့်တွေ တိုက်ခိုက်ခံရပြီး ဒေတာခိုးယူတဲ့ ဆိုက်ဘာရာဇဝတ်မှုတွေဟာ မြန်မာနိုင်ငံမှာ တဖြည်းဖြည်းမြင့်တက်လာနေပါတယ်ဆိုပြီး ဟိုးတစ်နေ့က Myanmar Cyber Security Month ရဲ့ facebook page ကနေဖတ်လိုက်ရပါတယ်။အခုက အွန်လိုင်းကို ဈေးသက်သက်သာသာနဲ့လွယ်လွယ်သုံးလာနိုင်ပေမယ့် လူတိုင်းကဆိုက်ဘာနဲ့ ပတ်သက်တဲ့ သတိထားသင့်တဲ့အချက်တွေကိုတော့ မေ့လျော့နေတတ်ပါတယ်။ဒီအောက်တိုဘာလက မြန်မာနိုင်ငံရဲ့ ဆိုက်ဘာလုံခြုံရေးလဖြစ်တဲ့အတွက် ကျမနဲ့အတူတူ @ Myanmarcybersecuritymonth facebook လေးကို Like လုပ်ထားပြီးတော့ ဆိုက်ဘာမှာဘယ်လိုမျိုး လုံခြုံအောင်နေထိုင်မလဲဆိုတဲ့ဗဟုသုတလေးတွေ ဖြည့်တင်းပြီး ပြန်လည်ဝေမျှကြရအောင်နော်။ ကျွန်မချစ်တဲ့ ပရိတ်သတ်တွေအားလုံးပဲ cyberready ဖြစ်ကြပါစေ။ ” ဆိုပြီး အကြံပေးဝေမျှခဲ့တာဖြစ်ပပါတယ်။CeleConnections ပရိသတ်ကြီးလည်း ကောင်းတဲ့ အကြံဉာဏ်လေးတွေပေးတတ်တဲ့ အေးသောင်းကိုချစ်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source :Aye Thaung
Candy -CeleConnections

error: Alert: Content is protected !!