မေတြ႕ရတာၾကာလို႕ ပရိသတ္ေတြအားက်ေအာင္ အလြမ္းသယ္ေနၾကတဲ့ ေရႊစံုတြဲ

နုိင္ငံေက်ာ္ အဆိုေတာ္ ေရႊထူးနဲ႔ အေခ်မင္းသမီးေလးလို႕ နာမည္ၾကီးေနတဲ့ မင္းသမီးေခ်ာေလး ေရႊမံႈရတီတို႕ စံုတြဲကေတာ့ ပရိသတ္ေတြ အားက်ရေလာက္ေအာင္ ရိုၾကတဲ့ ဇနီးေမာင္နွံဆိုတာ ပရိသတ္ေတြသိျပီးျဖစ္မွာပါေနာ္ ။ အခက္ခဲ အတုိက္ခုိက္ေတြ အမ်ားၾကီးၾကားထဲက ခက္ခက္ခဲခဲ လက္တြဲခဲ့ၾကတဲ့ သူတို႕စံုတြဲကို ေ၀ဖန္မႈေတြအမ်ားၾကီး ရွိခဲ့ေပမယ့္ သိပ္ခ်စ္ၾကတဲ့ သူတို႕နွစ္ေယာက္ကေတာ့ တစ္ေယာက္လက္ကို တစ္ေယာက္ ျမဲျမဲတြဲရင္း အခက္ခဲေတြကို ေက်ာ္ျဖတ္ခဲ့ၾကတာပါ ။

 

လက္ရွိမွာေတာ့ သူတို႕စံုတြဲကို ေ၀ဖန္မႈေတြရပ္သြားသလို တစ္ေယာက္ကို တစ္ေယာက္ သိပ္ခ်စ္ၾကတဲ့ စံုတြဲေလးအျဖစ္ ပရိသတ္ေတြအားက်ေနၾကတာပါ ။အိမ္ေထာင္က်ျပီးေနာက္ပိုင္း အနုပညာအလုပ္ေတြ ဆက္လက္လုပ္ကိုင္ၾကျပီး နယ္ပြဲေတြသြားလို႕ခြဲခြာၾကရတဲ့အခါ အလြမ္းသယ္လို႕မဆံုးတဲ့ စံုတြဲေလးပါပဲ ပရိသတ္ၾကီးေရ ..။ အခုလက္ရွိမွာလည္း ေရႊမႈံ တစ္ေယာက္ ” ပါးရဲ႕ ရင္ခြင္ေလးကို လြမး္တယ္ ” လို႕သူမရဲ႕လူမႈကြန္ရက္စာမ်က္နွာထက္မွာ ေရးသားထားျပီး ေရႊထူးကေတာ့ ” သနားပါတယ္ ငါ့ကေလး… အလြမ္းေတြစုထားေနာ္… အိမ္ေရာက္မွ အလြမ္းသယ္ၾကမယ္ေနာ္ Fighting ” ဆိုျပီး မိန္းမျဖစ္သူကို မွတ္ခ်က္ေပးထားတာေတြ႕ရပါတယ္ ။

 

ပရိသတ္ေတြကေတာ့ သဲေလးတစ္ေယာက္ လြမ္းေနျပီေပါ့ လုိ႕မွတ္ခ်က္ေတြေပးထားၾကတာလည္း ေတြ႕ရပါတယ္ ။ ခဏေလး အနုပညာအလုပ္ေတြ ေၾကာင့္ေ၀းေနတာေတာင္ အလြမ္းသယ္လို႕မဆံုးတဲ့ သူတို႕ ေရႊစံုတြဲေလး ရဲ႕ခ်စ္ျခင္း ေမတၱာေတြကေတာ့ တကယ္ကို ရိုလြန္းေနပါျပီေနာ္ ။ Cele Connections ပရိသတ္ၾကီးကေရာ ေရႊစံုတြဲေလးကိုခ်စ္ၾကတယ္မလား ။

 

 

Source : Shwe Hmone Yati
Molly
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

 

မတွေ့ရတာကြာလို့ ပရိသတ်တွေအားကျအောင် အလွမ်းသယ်နေကြတဲ့ ရွှေစုံတွဲ

နိုင်ငံကျော် အဆိုတော် ရွှေထူးနဲ့ အချေမင်းသမီးလေးလို့ နာမည်ကြီးနေတဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့ စုံတွဲကတော့ ပရိသတ်တွေ အားကျရလောက်အောင် ရိုကြတဲ့ ဇနီးမောင်နှံဆိုတာ ပရိသတ်တွေသိပြီးဖြစ်မှာပါနော် ။ အခက်ခဲ အတိုက်ခိုက်တွေ အများကြီးကြားထဲက ခက်ခက်ခဲခဲ လက်တွဲခဲ့ကြတဲ့ သူတို့စုံတွဲကို ဝေဖန်မှုတွေအများကြီး ရှိခဲ့ပေမယ့် သိပ်ချစ်ကြတဲ့ သူတို့နှစ်ယောက်ကတော့ တစ်ယောက်လက်ကို တစ်ယောက် မြဲမြဲတွဲရင်း အခက်ခဲတွေကို ကျော်ဖြတ်ခဲ့ကြတာပါ ။

လက်ရှိမှာတော့ သူတို့စုံတွဲကို ဝေဖန်မှုတွေရပ်သွားသလို တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြတဲ့ စုံတွဲလေးအဖြစ် ပရိသတ်တွေအားကျနေကြတာပါ ။အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်ကြပြီး နယ်ပွဲတွေသွားလို့ခွဲခွာကြရတဲ့အခါ အလွမ်းသယ်လို့မဆုံးတဲ့ စုံတွဲလေးပါပဲ ပရိသတ်ကြီးရေ ..။ အခုလက်ရှိမှာလည်း ရွှေမှုံ တစ်ယောက် ” ပါးရဲ့ ရင်ခွင်လေးကို လွမ်းတယ် ” လို့သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားထားပြီး ရွှေထူးကတော့ ” သနားပါတယ် ငါ့ကလေး… အလွမ်းတွေစုထားနော်… အိမ်ရောက်မှ အလွမ်းသယ်ကြမယ်နော် Fighting ” ဆိုပြီး မိန်းမဖြစ်သူကို မှတ်ချက်ပေးထားတာတွေ့ရပါတယ် ။

ပရိသတ်တွေကတော့ သဲလေးတစ်ယောက် လွမ်းနေပြီပေါ့ လို့မှတ်ချက်တွေပေးထားကြတာလည်း တွေ့ရပါတယ် ။ ခဏလေး အနုပညာအလုပ်တွေ ကြောင့်ဝေးနေတာတောင် အလွမ်းသယ်လို့မဆုံးတဲ့ သူတို့ ရွှေစုံတွဲလေး ရဲ့ချစ်ခြင်း မေတ္တာတွေကတော့ တကယ်ကို ရိုလွန်းနေပါပြီနော် ။ Cele Connections ပရိသတ်ကြီးကရော ရွှေစုံတွဲလေးကိုချစ်ကြတယ်မလား ။

Source : Shwe Hmone Yati
Molly

error: Alert: Content is protected !!