မိခင္အေပၚထားတဲ့ ေမတၱာတရားကုိ ထုတ္ေဖာ္ေျပာျပခဲ့တဲ့ ျမတ္သူသူ

ျမတ္သူသူကေတာ့ Forever Groupရဲ႕ စင္တင္မင္းသမီးတစ္လက္ျဖစ္ၿပီး ပရိသတ္ခ်စ္ခင္အားေပးမႈကုိ ရရွိေနသူတစ္ေယာက္ျဖစ္ပါတယ္။ ျမတ္သူသူဟာ တက္သစ္စသ႐ုပ္ေဆာင္သစ္တစ္ေယာက္ျဖစ္ေပမယ့္ က်ရာဇာတ္႐ုပ္တုိင္းကုိ အံ၀င္ခြင္က်သ႐ုပ္ေဆာင္ႏိုင္တာကလည္း သူမရဲ႕အရည္အခ်င္းတစ္ခုပဲျဖစ္ပါတယ္။ သူမပါ၀င္သ႐ုပ္ေဆာင္ခဲ့တဲ့ ဇာတ္လမ္းတဲြေတြထဲက ရတနာထဲကရတနာဇာတ္ကားမွာလည္း သူမရဲ႕ေက်ာ့ရွင္းတဲ့ အလွတရားေတြက ပရိသတ္အာ႐ုံကုိဖမ္းစားေစႏုိင္ခဲ့ပါတယ္။ မၾကာေသးခင္က ထုတ္လႊင့္ျပသၿပီးခဲ့တဲ့ တတိယေျမာက္ဆုံမွတ္ဇာတ္လမ္းတဲြမွာလည္း ျမတ္သူသူဟာ ဖိုက္တင္မင္းသမီးတစ္ေယာက္အေနနဲ႔ ပါ၀င္သ႐ုပ္ေဆာင္ႏုိင္ခဲ့တာမို႔ ပရိသတ္ေတြက သေဘာက်အားေပးခဲ့ၾကပါတယ္။

ျမတ္သူသူဟာ ဘ၀ရဲ႕အခ်ိဳးအေကြ႔ေတြကုိ ေလာကဓံအလွည့္အေျပာင္းေတြနဲ႔အတူ အၿပံဳးမပ်က္ႀကံ႕ႀကံ႕ခံရင္ဆုိင္ႏုိင္ခဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ ငယ္ဘ၀ေန႔ရက္ေတြကုိ ခါးသီးမႈေတြနဲ႔ ျဖတ္ေက်ာ္ခဲ့ရသူမို႔ ပရိသတ္ေတြက သူမကုိဂ႐ုဏာသက္ခဲ့ၾကတာပါ။ ျမတ္သူသူဟာ မၾကာေသးကသူမရဲ႕လူမႈကြန္ရက္စာမ်က္ထက္မွာ သူမအေမအတြက္ သူမရဲ႕ရင္ဖြင့္စကားေလးေတြကုိ ထုတ္ေဖာ္ေရးသားခဲ့ပါေသးတယ္။ “အေမက်န္းမာပါေစ။ ခ်မ္းသာပါေစ။ အသက္ႀကီးလာတာနဲ႔အမွ် အေမ့ေသာကေတြကုိ ပုိျမင္တတ္လာတယ္။ အေမ့ကုိခ်စ္တယ္လို႔ ဘယ္တုန္းကမွလည္း မေျပာတတ္ခဲ့ဘူး။ ပူးကပ္ၿပီးလည္း မေနတတ္ခဲ့ဘူး။ ရင္ထဲမွာသာ သနားေနမိေပမယ့္ ပါးစပ္ကထုတ္မေျပာခဲ့မိဘူး။ အခုကစၿပီး အေမ့ကုိအရမ္းခ်စ္တာ အေမသိေအာင္ေျပာမယ္။ အေမ့ကုိ စိတ္ခ်မ္းသာေအာင္ထားခ်င္တာ အေမသိေအာင္ျပမယ္။ အခုထက္ပုိၿပီး အလုပ္ေတြႀကိဳးစားမယ္။ အခုထက္ပုိၿပီး ေက်းဇူးဆပ္မယ္။ အေမက်န္းက်န္းမာမာနဲ႔ သမီးအနားမွာ ဆက္ရွိေနေပးပါ ေမႀကီး။ ေမႀကီးကုိ အရမ္းခ်စ္တယ္”…..ဆုိတဲ့ စာသားေလးနဲ႕အတူ သူမရဲ႕ခ်စ္ေမေမအတြက္ ရင္ဖြင့္စကားေလးေတြကုိ မ်ွေ၀ခဲ့တာပါ။

 

ျမတ္သူသူကို ခ်စ္ၾကတဲ့ပရိသတ္ႀကီးကေတာ့ သူမရဲ႕မိခင္အေပၚထားရွိတဲ့ စိတ္ေစတနာကုိ သာဓုေခၚရင္း ၾကည္ႏူးပီတိျဖစ္ေနၾကပါတယ္။ Cele Connections ကလည္း ဘ၀လႈိင္းၾကမ္းအေပၚ စိတ္ဓာတ္ခုိင္ခုိင္မာမာနဲ႔ ေလွ်ာက္လွမ္းခဲ့တဲ့ မင္းသမီးေလး ျမတ္သူသူတစ္ေယာက္ မိခင္အေပၚျဖည့္ဆည္းေပးခ်င္တဲ့ ဆႏၵေတြ အျမန္ဆုံအေကာင္အထည္ေဖာ္ႏိုင္ပါေစလို႔ ပရိသတ္ႀကီးနဲ႔ထပ္တူဆုေတာင္းေပးလိုက္ပါတယ္။

Source – Myat Thu Thu
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

မိခင်အပေါ်ထားတဲ့ မေတ္တာတရားကို ထုတ်ဖော်ပြောပြခဲ့တဲ့ မြတ်သူသူ

မြတ်သူသူကတော့ Forever Groupရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်ပြီး ပရိသတ်ချစ်ခင်အားပေးမှုကို ရရှိနေသူတစ်ယောက်ဖြစ်ပါတယ်။ မြတ်သူသူဟာ တက်သစ်စသရုပ်ဆောင်သစ်တစ်ယောက်ဖြစ်ပေမယ့် ကျရာဇာတ်ရုပ်တိုင်းကို အံဝင်ခွင်ကျသရုပ်ဆောင်နိုင်တာကလည်း သူမရဲ့အရည်အချင်းတစ်ခုပဲဖြစ်ပါတယ်။ သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေထဲက ရတနာထဲကရတနာဇာတ်ကားမှာလည်း သူမရဲ့ကျော့ရှင်းတဲ့ အလှတရားတွေက ပရိသတ်အာရုံကိုဖမ်းစားစေနိုင်ခဲ့ပါတယ်။ မကြာသေးခင်က ထုတ်လွှင့်ပြသပြီးခဲ့တဲ့ တတိယမြောက်ဆုံမှတ်ဇာတ်လမ်းတွဲမှာလည်း မြတ်သူသူဟာ ဖိုက်တင်မင်းသမီးတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်နိုင်ခဲ့တာမို့ ပရိသတ်တွေက သဘောကျအားပေးခဲ့ကြပါတယ်။

မြတ်သူသူဟာ ဘဝရဲ့အချိုးအကွေ့တွေကို လောကဓံအလှည့်အပြောင်းတွေနဲ့အတူ အပြုံးမပျက်ကြံ့ကြံ့ခံရင်ဆိုင်နိုင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ငယ်ဘဝနေ့ရက်တွေကို ခါးသီးမှုတွေနဲ့ ဖြတ်ကျော်ခဲ့ရသူမို့ ပရိသတ်တွေက သူမကိုဂရုဏာသက်ခဲ့ကြတာပါ။ မြတ်သူသူဟာ မကြာသေးကသူမရဲ့လူမှုကွန်ရက်စာမျက်ထက်မှာ သူမအမေအတွက် သူမရဲ့ရင်ဖွင့်စကားလေးတွေကို ထုတ်ဖော်ရေးသားခဲ့ပါသေးတယ်။ “အမေကျန်းမာပါစေ။ ချမ်းသာပါစေ။ အသက်ကြီးလာတာနဲ့အမျှ အမေ့သောကတွေကို ပိုမြင်တတ်လာတယ်။ အမေ့ကိုချစ်တယ်လို့ ဘယ်တုန်းကမှလည်း မပြောတတ်ခဲ့ဘူး။ ပူးကပ်ပြီးလည်း မနေတတ်ခဲ့ဘူး။ ရင်ထဲမှာသာ သနားနေမိပေမယ့် ပါးစပ်ကထုတ်မပြောခဲ့မိဘူး။ အခုကစပြီး အမေ့ကိုအရမ်းချစ်တာ အမေသိအောင်ပြောမယ်။ အမေ့ကို စိတ်ချမ်းသာအောင်ထားချင်တာ အမေသိအောင်ပြမယ်။ အခုထက်ပိုပြီး အလုပ်တွေကြိုးစားမယ်။ အခုထက်ပိုပြီး ကျေးဇူးဆပ်မယ်။ အမေကျန်းကျန်းမာမာနဲ့ သမီးအနားမှာ ဆက်ရှိနေပေးပါ မေကြီး။ မေကြီးကို အရမ်းချစ်တယ်”…..ဆိုတဲ့ စာသားလေးနဲ့အတူ သူမရဲ့ချစ်မေမေအတွက် ရင်ဖွင့်စကားလေးတွေကို မျှဝေခဲ့တာပါ။

မြတ်သူသူကို ချစ်ကြတဲ့ပရိသတ်ကြီးကတော့ သူမရဲ့မိခင်အပေါ်ထားရှိတဲ့ စိတ်စေတနာကို သာဓုခေါ်ရင်း ကြည်နူးပီတိဖြစ်နေကြပါတယ်။ Cele Connections ကလည်း ဘဝလှိုင်းကြမ်းအပေါ် စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ လျှောက်လှမ်းခဲ့တဲ့ မင်းသမီးလေး မြတ်သူသူတစ်ယောက် မိခင်အပေါ်ဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒတွေ အမြန်ဆုံအကောင်အထည်ဖော်နိုင်ပါစေလို့ ပရိသတ်ကြီးနဲ့ထပ်တူဆုတောင်းပေးလိုက်ပါတယ်။

Source – Myat Thu Thu
Lavender

error: Alert: Content is protected !!