” မဂၤလာသတင္းၾကားရေတာ့မလားဆိုၿပီး ပရိသတ္ေတြရဲ႕ထင္ေၾကးေပးခံေနရတဲ့ပိုပို “

အဆိုေတာ္ပိုပိုကေတာ့ ” ခ်စ္ဖူးခဲ့သမွ် ” သီခ်င္းနဲ႔ ပရိသတ္ေတြအခိုင္အမာရရွိလာတဲ့ သူတစ္ေယာက္ျဖစ္ၿပီး လက္ရွိမွာလည္း သူ႔ရဲ႕သီခ်င္းေတြဟာ ပရိသတ္ပါးစပ္ဖ်ားမွာ ေရပန္းစားေနတဲ့ သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ပိုပိုကေတာ့ လက္ရွိမွာေတာ့ သိန္း(၅)ေထာင္တန္ဖိုးရွိတဲ့ အိမ္ႀကီးကို ကိုယ္ပိုင္လုပ္အားနဲ႔ ပိုင္ဆိုင္ထားကာ ကိုယ္ပိုင္စတူဒီယိုေလးလည္း ဖြင့္ထားႏိုင္ခဲ့ၿပီလို႔ဆိုရမွာပါ။ သူမရဲ႕ အဘြား ျဖစ္ေစခ်င္ခဲ့တဲ့ ပညာတတ္တစ္ေယာက္ျဖစ္ဖို႔အတြက္ အႏုပညာအလုပ္ေတြမအားလပ္တဲ့ၾကားကေနလည္း စာေတြက်က္ကာ အေဝးသင္ တကၠသိုလ္စာေမးပြဲကိုေျဖဆိုေနတာပါ။

ပိုပိုဟာ အႏုပညာအလုပ္ေတြကိုဆက္တိုက္လုပ္ကိုင္ေနေပမယ့္ အခ်စ္ေရးမွာေတာ့ အခုခ်ိန္ထိ တစ္ကိုယ္တည္း အပ်ိဳႀကီးအျဖစ္နဲ႕ ရပ္တည္ေနတာပါ။ ဒီေန႕မွာေတာ့ သူမအိမ္ေထာင္ျပဳမဂၤလာေဆာင္ခဲ့ရင္ ဘယ္လိုပံုစံနဲ႕ေဆာင္မယ္ဆိုတာကို ေျပာျပခဲ့ပါတယ္။ ” မဂၤလာေဆာင္ရင္မိတ္ေဆြအနည္းငယ္န႔ဲပဲRomantic ဆန္ဆန္ မဂၤလာေဆာင္ ခ်င္တယ္။အိမ္ေထာင္သက္ ၂၀ ႏွစ္ေလာက္ၾကာရင္အႀကီးအက်ယ္ သားသမီးေတြန႔ဲ ေသခ်ာ ရွယ္ျပန္ေဆာင္ခ်င္တယ္။ဘာလို႔လဲဆိုေတာ့ သူဟာ ကိုယ့္အတြက္ဘယ္ေလာက္ၾကာၾကာ သစၥာရွိရွိခ်စ္မလဲခြင့္လႊတ္သည္းခံၿပီး ဝသြားလဲ အိုသြားလဲဂ႐ုတစိုက္န႔ဲ ေအးအတူ ပူအမွ် ဘယ္ေလာက္ ခ်စ္သလဲေသခ်ာ သိမွပဲ ဒီလူဟာ ငါ့အတြက္ ဘဝ လက္တြဲေဖာ္တကယ္ျဖစ္တယ္ဆိုၿပီး ဂုဏ္ယူ ခ်င္တယ္။

အ့ဲက်မွ သူ က်မကို ဘယ္လိုခ်စ္တာဆိုၿပီး ႂကြားမယ္ေလမဟုတ္ရင္မဂၤလာအႀကီးက်ယ္ေဆာင္ ၿပီးမွအစပိုင္းမွာ အကုန္အက် ခံၿပီး မဂၤေဆာင္ၿပီးမွကြဲသြားရင္လက္ဖြဲ႕တ့ဲ သူလဲနစ္နာတယ္။ကိုယ္ေတြအတြဲကို ၾကည့္ၿပီး အခ်စ္ဆိုတာ
တကယ္ မရွိပါဘူးလို႔ထင္သြားမွာစိုးလို႕ ” ဆိုၿပီး သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္နွာကေန ေဖာ္ျပခဲ့တာပါ။ သူမရဲ႕ခ်စ္ရတဲ့ပရိသတ္ေတြက ဝါကၽြတ္အမွီ ပိုပုိတစ္ေယာက္ မဂၤလာသတင္းၾကားရေတာ့မလားလို႕ မွတ္ခ်က္ေတြေပးေနၾကတာပါ။ CeleConnections ပရိသတ္ႀကီးလည္း ပိုပိုနဲ႕ အေတြးခ်င္းတူရင္ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Source : ဝတ္ရည္မိုး
Candy – CeleConnections
ယူနီကုဒ္ျဖင့္ဖတ္ရန္

” မင်္ဂလာသတင်းကြားရတော့မလားဆိုပြီး ပရိသတ်တွေရဲ့ထင်ကြေးပေးခံနေရတဲ့ပိုပို ”

အဆိုတော်ပိုပိုကတော့ ” ချစ်ဖူးခဲ့သမျှ ” သီချင်းနဲ့ ပရိသတ်တွေအခိုင်အမာရရှိလာတဲ့ သူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာလည်း သူ့ရဲ့သီချင်းတွေဟာ ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ပိုပိုကတော့ လက်ရှိမှာတော့ သိန်း(၅)ထောင်တန်ဖိုးရှိတဲ့ အိမ်ကြီးကို ကိုယ်ပိုင်လုပ်အားနဲ့ ပိုင်ဆိုင်ထားကာ ကိုယ်ပိုင်စတူဒီယိုလေးလည်း ဖွင့်ထားနိုင်ခဲ့ပြီလို့ဆိုရမှာပါ။ သူမရဲ့ အဘွား ဖြစ်စေချင်ခဲ့တဲ့ ပညာတတ်တစ်ယောက်ဖြစ်ဖို့အတွက် အနုပညာအလုပ်တွေမအားလပ်တဲ့ကြားကနေလည်း စာတွေကျက်ကာ အဝေးသင် တက္ကသိုလ်စာမေးပွဲကိုဖြေဆိုနေတာပါ။

ပိုပိုဟာ အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေပေမယ့် အချစ်ရေးမှာတော့ အခုချိန်ထိ တစ်ကိုယ်တည်း အပျိုကြီးအဖြစ်နဲ့ ရပ်တည်နေတာပါ။ ဒီနေ့မှာတော့ သူမအိမ်ထောင်ပြုမင်္ဂလာဆောင်ခဲ့ရင် ဘယ်လိုပုံစံနဲ့ဆောင်မယ်ဆိုတာကို ပြောပြခဲ့ပါတယ်။ ” မင်္ဂလာဆောင်ရင်မိတ်ဆွေအနည်းငယ်နဲ့ပဲRomantic ဆန်ဆန် မင်္ဂလာဆောင် ချင်တယ်။အိမ်ထောင်သက် ၂၀ နှစ်လောက်ကြာရင်အကြီးအကျယ် သားသမီးတွေနဲ့ သေချာ ရှယ်ပြန်ဆောင်ချင်တယ်။ဘာလို့လဲဆိုတော့ သူဟာ ကိုယ့်အတွက်ဘယ်လောက်ကြာကြာ သစ္စာရှိရှိချစ်မလဲခွင့်လွှတ်သည်းခံပြီး ဝသွားလဲ အိုသွားလဲဂရုတစိုက်နဲ့ အေးအတူ ပူအမျှ ဘယ်လောက် ချစ်သလဲသေချာ သိမှပဲ ဒီလူဟာ ငါ့အတွက် ဘဝ လက်တွဲဖော်တကယ်ဖြစ်တယ်ဆိုပြီး ဂုဏ်ယူ ချင်တယ်။

အဲ့ကျမှ သူ ကျမကို ဘယ်လိုချစ်တာဆိုပြီး ကြွားမယ်လေမဟုတ်ရင်မင်္ဂလာအကြီးကျယ်ဆောင် ပြီးမှအစပိုင်းမှာ အကုန်အကျ ခံပြီး မင်္ဂဆောင်ပြီးမှကွဲသွားရင်လက်ဖွဲ့တဲ့ သူလဲနစ်နာတယ်။ကိုယ်တွေအတွဲကို ကြည့်ပြီး အချစ်ဆိုတာတကယ် မရှိပါဘူးလို့ထင်သွားမှာစိုးလို့ ” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြခဲ့တာပါ။ သူမရဲ့ချစ်ရတဲ့ပရိသတ်တွေက ဝါကျွတ်အမှီ ပိုပိုတစ်ယောက် မင်္ဂလာသတင်းကြားရတော့မလားလို့ မှတ်ချက်တွေပေးနေကြတာပါ။ CeleConnections ပရိသတ်ကြီးလည်း ပိုပိုနဲ့ အတွေးချင်းတူရင် မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : ဝတ်ရည်မိုး
Candy – CeleConnections

error: Alert: Content is protected !!