

(၁) မေမြင့်မိုရ်


(၂) ၀င့်ယမှုံနိုင်


(၃) ခြူးလေး


( ၄)မေမီကိုကို


(၅) နန်းစန္ဒာလှထွန်း


ယူနီကုဒ်ဖြင့်ဖတ်ရန်

” ပရိသတ်တွေသည်းသည်းလှုပ်ချစ်ရတဲ့ MRTV – (4 ) ဇာတ်လမ်းတွဲ မင်းသမီး (၅) ယောက် ”

အခုခတ်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေအပြင် ဇာတ်လမ်းတွဲတွေပါ ခေတ်စားလာပြီ ဖြစ်တဲ့အပြင် Star Awards ဆုပေးပွဲကြီးမှာလည်း ဇာတ်လမ်းတွဲတွေပါဝင်လာပြီပဲ ဖြစ်ပါတယ်။ တက်သစ်စအနုပညာရှင် ဇာတ်လမ်းတွဲမင်းသားမင်းသမီးတွေကို အနယ်နယ်အရပ်ရပ်က ပရိသတ်တွေကလည်း လက်ခံအားပေးလာကာ သူတို့ရဲ့ ဇာတ်လမ်းတွဲက ဇာတ်ကောင်နာမည်လေးတွေနဲ့ တွဲဖက်ကာ ခေါ်ဆိုမှတ်မိနေကြတာပါ။ MRTV – (4 ) ဇာတ်လမ်းတွဲ မင်းသမီး တွေထဲက ပရိသတ်တွေ သည်းသည်းလှုပ်ချစ်ကြတဲ့ မင်းသမီး (၅)ယောက်ကိုဖော်ပြပေးလိုက်ပါတယ်နော်။

(၁) မေမြင့်မိုရ်

မေမြင့်မိုရ်ကတော့ ဇာတ်လမ်းတွဲတွေ စတင်ခေတ်စားလာတည်းက ပန်းနုသွေး အနေနဲ့ ပရိသတ်တွေစတင်အားပေးဝန်းရံခံခဲ့ရသူလေးပါ။ထပ်မံပြီး ပရိသတ်တွေ အရမ်းနှစ်သက်အားပေးခဲ့ကြတဲ့ ဆရာမကြီးစန္ဒာရဲ့ ဝတ္ထု ဖြစ်တဲ့ ” အရိပ် ” ဇာတ်လမ်းတွဲမှာလည်း ” စုစုလှိုင် “အဖြစ် နဲ့ ပရိသတ်တွေကိုဆွဲခေါ်ခဲ့နိုင်သူတစ်ဦးလို့ဆိုရမှာပါ။
ပုဂံမြို့သူဇာတ်ကား မှာလည်း အစော ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်အားပေးမှု အပြည့်အဝရရှိထားသူလေးဆိုလည်း မမှားပါဘူးနော်။ Star Awards (2018 ) Rising Star ဆုကို လည်း ရရှိထားသူတစ်ယောက်ဖြစ်တဲ့အပြင် ယောကျာ်းလေးပရိသတ်တွေသည်းသည်းလှုပ်အားပေးခံရတဲ့ အပြင် အရမ်းကို မဟာဆန်လွန်းတဲ့ ရုပ်ရည်သွင်ပြင်ကြောင့် မိန်းကလေးပရိသတ်တွေ အားကျခြင်းခံနေရတဲ့ မော်ဒယ်လ် မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။

(၂) ဝင့်ယမှုံနိုင်

ဝင့်ယမှုံနိုင်ဟာဆိုရင်ဖြင့် MRTV – ( 4 ) မှာစတင်ပြသခဲ့တဲ့ အချစ်သင်္ကေတ ( The Sign of Love ) ဇာတ်လမ်းတွဲမှာကတည်းက တက်သစ်စမင်းသမီးတစ်လက်လို့ မထင်ရလောက်အောင် ဗီလိန်ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့မှုကြောင့် ပရိသတ်တွေစတင်သိရှိလာပြီး ” ကျွန်မက မဟေသီ ” ဇာတ်ကားမှာ ” စံမြန်း “ဆိုတဲ့ကာရိုက်တာနဲ့ ပရိသတ်တွေရဲ့ သနားအချစ်တွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ သူလေးပဲ ဖြစ်ပါတယ်။ပွင့်လင်းလွန်းတဲ့ထားဝယ်သူလေးဖြစ်ပြီး We Love တွေကလည်း ချစ်ခင်အားပေးလွန်းလို့ မွေးနေ့လက်ဆောင် Surprise တွေပါ ပေးခံရသူလေးပါပဲနော်။

(၃) ခြူးလေး

ခြူးလေးကတော့ ” ထာဝရမန္တလေး ” ၊ ” လူရည်ချွန် “စတဲ့ MRTV – (4 )ရုပ်သံဇာတ်လမ်းတွဲများကတဆင့်
ပရိသတ်တွေသတိထားမိလာပြီး အနုပညာလောကထဲထိုးဖောက်လာနိုင်သူလေးပါ။ဇာတ်လမ်းတွဲတွေများစွာရိုက်ကူးနေသူဖြစ်ပြီး ချစ်စရာအမူအရာတွေအပြင် သရုပ်ဆောင်ကောင်းတဲ့ အချက်တွေနဲ့ ဖမ်းစားထားတဲ့ ရခိုင်တိုင်းရင်းသူလေးတစ်ဦးပါ။ မာန်မာနကင်းပြီး ချစ်စဖွယ်မျက်နှာလေးနဲ့ချိုသာဖော်ရွေအေးချမ်းတဲ့မျက်နှာလေးက ပရိသတ် ရင်ထဲကို စွဲစေခဲ့တဲ့အပြင် အနုပညာရှင်တော်တော်များများက ခြူးလေးနဲ့တွေ့ရင် TikTok မဆော့တဲ့သူတောင် ဆော့ချင်အောင် သိမ်းသွင်းနိုင်တာကြောင့် TikTok မင်းသမီးလေးလို့ ပရိသတ်တွေက တင်စားခေါ်ဝေါ်လေ့ရှိကြတာပဲ ဖြစ်ပါတယ်။

( ၄)မေမီကိုကို

မေမီကိုကိုဟာဆိုရင် လူကြီးလူငယ်မရွေး အားပေးခံရတဲ့ သူပဲ ဖြစ်ပါတယ်။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ပျားရည်အိုင်ဇာတ်လမ်းတွဲဟာ လူငယ်တွေသာမက လူကြီးတွေပါ အားပေးနှစ်ခြိုက်တဲ့ ဇာတ်လမ်းတွဲလို့ဆိုရမှာပါ။ မြိုင်ဆိုတဲ့ ဇာတ်ကောင်ဟာ သူမအတွက် ပရိသတ်သိလာစေတယ်ဆိုရင်လည်း မမှားပါဘူးနော်။ Star Awards (2018 ) မှာ သူမဟာ Best TV Series Actress Award ဆုကိုရရှိထားတဲ့သူလေးဖြစ်တဲ့အပြင် ပရိသတ်တွေအပေါ် အရမ်းအလေးထားတဲ့သူ ဆိုပြီး ပရိသတ်အချစ်အပြည့်အဝရထားသူလေးပဲ ဖြစ်ပါတယ်။တတိယမြောက်ဆုံမှတ်ဇာတ်ကားမှာလည်း ” ငွေပန်းချီ ” ဆိုတဲ့ဇာတ်ကောင်နဲ့ ရဲမေလေးအဖြစ် ပရိသတ်အားပေးမှုကိုရရှိခဲ့သူလေးပါ။

(၅) နန်းစန္ဒာလှထွန်း

နန်းစန္ဒာလှထွန်းကတော့ MRTV – (4) ဇာတ်လမ်းတွဲ မင်းသမီးလေးဖြစ်ပြီး ပရိသတ်တွေက သဘာဝဇာတ်လမ်းတွဲ မင်းသမီးအဖြစ် ချီးကျူးခြင်းခံရသူလေးတစ်ယောက်ပါ။ပထမဆုံးသူမရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲ ဖြစ်တဲ့ ” ပဉ္စလက်ရွာ ” ဇာတ်လမ်းတွဲ မှ ” ရေဝတီ ” ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ပရိသတ်တွေတစ်ခဲနက် အားပေးမှုကိုရရှိခဲ့သူလေးပဲ ဖြစ်ပါတယ်။”အရိပ်” ဇာတ်လမ်းတွဲမှာလည်း နာ့စ်ဆရာမလေး ” သက်သက် ” ဇာတ်ကောင်နာမည်နဲ့ ပရိသတ်အသည်းကို ထပ်မံခြွေနိုင်ခဲ့ပြန်ပါသေးတယ်။”ဝင်္ကပါရှင်းတမ်း” ဇာတ်လမ်းတွဲ မှာလည်း ” ဟန်နီ” ဆိုတဲ့ဇာတ်ကောင်နဲ့ ပရိသတ်တွေကို ထပ်မံဆွဲဆောင်နိုင်ခဲ့သူလေးပါ။ ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားခဲ့ရတဲ့ ” ငွေစက္ကူ (၇)ရွက်” ဇာတ်ကားမှာလည်း ပါဝင်ခဲ့ပါသေးတယ်။ ဘယ်ဇာတ်ရုပ်မဆို သဘာဝကျကျ ပီပြင်အောင် စိတ်နှစ် ရိုက်ကူးတတ်တာဟာ သူမရဲ့ချစ်စရာကောင်းလွန်းတဲ့အချက်လေးကြောင့်လည်း ပရိသတ်တွေကအချစ်ပိုနေကြရတာပါ။

Candy – CeleConnections

error: Alert: Content is protected !!