စိတ္ခ်မ္းသာမႈေတြေၾကာင့္ ကုိယ္အေလးခ်ိန္ေတြတုိးလာတဲ့ ခင္၀င့္၀ါ

ခင္၀င့္၀ါကေတာ့ Miss တစ္ေယာက္အေနနဲ႔ လူသိမ်ားေက်ာ္ၾကားခဲ့ၿပီး အႏုပညာေလာကထဲကုိ ေရာက္ရွိလာသူတစ္ေယာက္ျဖစ္ပါတယ္။ သူမဟာ ျဖဴစင္ေခ်ာမြတ္တဲ့ အသားအရည္နဲ႔ ဘာဘီ႐ုပ္မေလးလိုလွပလြန္းတာေၾကာင့္ ပုရိသေတြရဲ႕ အသည္းႏွလုံးကို ဆုတ္ကုိင္ထားႏုိင္သူေလးပါ။ ခင္၀င့္၀ါက ႐ုပ္ရွင္ဇာတ္ကားမ်ားမွာ က်ရာဇာတ္႐ုပ္ကုိ ပီျပင္ေအာင္သ႐ုပ္ေဆာင္ႏုိင္သူတစ္ေယာက္ျဖစ္တာေၾကာင့္လည္း ပရိသတ္ေတြရဲ႕ အားေပး၀န္းရံမႈကုိ တခဲနက္ရရွိေနတာျဖစ္ပါတယ္။ သူမက အခုလတ္တေလာ Mrtv-4မွာ ထုတ္လႊင့္ျပသေနတဲ့ အၾကင္နာျမစ္ဖ်ား႐ုပ္သံဇာတ္လမ္းတဲြမွာလည္း အေကာင္းဆုံးပါ၀င္သ႐ုပ္ေဆာင္ထားပါေသးတယ္။

 

နာမည္ေက်ာ္ၾကားၿပီး ပရိသတ္ရဲ႕ခ်စ္ခင္မႈေတြရရွိေနတဲ့ ခင္၀င့္၀ါတစ္ေယာက္ အႏုပညာအလုပ္ေတြကုိပဲ အားစုိက္လုပ္ကုိင္ေနတာေၾကာင့္ သူမနဲ႔ပတ္သက္တဲ့ အခ်စ္ေရးကုိ ပရိသတ္ေတြက စိတ္၀င္စားေနၾကပါေသးတယ္။ သူမရဲ႕ သြယ္လ်တဲ့ ခႏၶာကုိယ္အခ်ိဳးအစားကုိလည္း ပရိသတ္ေတြက သူမအႏုပညာအလုပ္ေတြစလုပ္စဥ္ကတည္းက အားက်ခဲ့ၾကတာပါ။ မၾကာေသးခင္က မင္းသမီးေခ်ာေလးကေတာ့ သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္မွာ “စိတ္ေတြခ်မ္းသာေနလို႔ မဆုိသေလာက္ေလး ျပည့္ျပည့္ေလးျဖစ္ေနတာကုိ ၀လာတယ္ေနာ္လို႔ မေျပာေၾကး” …. လို႔ မ်ွေ၀ခဲ့ပါေသးတယ္။ ပရိသတ္ေတြကေတာ့ ခင္၀င့္၀ါတစ္ေယာက္ ဘယ္သူ႔ေၾကာင့္ စိတ္ခ်မ္းသာေနလဲဆုိတာ သိခ်င္ေနၾကပါၿပီ။

 

မင္းသမီးေခ်ာေလး ခင္၀င့္၀ါကုိ စိတ္ခ်မ္းသာေအာင္ထားေနသူက ဘယ္သူျဖစ္ႏုိင္လဲဆုိတာ ပရိသတ္ႀကီးက ခန္႔မွန္းေပးၾကပါဦးေနာ္။ Cele Connections ပရိသတ္ႀကီးအတြက္လည္း ျပည့္ျပည့္ေလးျဖစ္လာတဲ့ ခင္၀င့္၀ါရဲ႕ ပုံရိပ္ေလးေတြကို မ်ွေ၀ေပးလုိက္ပါတယ္ေနာ္။

Source – Khin Wint Wah
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

စိတ်ချမ်းသာမှုတွေကြောင့် ကိုယ်အလေးချိန်တွေတိုးလာတဲ့ ခင်ဝင့်ဝါ

ခင်ဝင့်ဝါကတော့ Miss တစ်ယောက်အနေနဲ့ လူသိများကျော်ကြားခဲ့ပြီး အနုပညာလောကထဲကို ရောက်ရှိလာသူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ဖြူစင်ချောမွတ်တဲ့ အသားအရည်နဲ့ ဘာဘီရုပ်မလေးလိုလှပလွန်းတာကြောင့် ပုရိသတွေရဲ့ အသည်းနှလုံးကို ဆုတ်ကိုင်ထားနိုင်သူလေးပါ။ ခင်ဝင့်ဝါက ရုပ်ရှင်ဇာတ်ကားများမှာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်တာကြောင့်လည်း ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို တခဲနက်ရရှိနေတာဖြစ်ပါတယ်။ သူမက အခုလတ်တလော Mrtv-4မှာ ထုတ်လွှင့်ပြသနေတဲ့ အကြင်နာမြစ်ဖျားရုပ်သံဇာတ်လမ်းတွဲမှာလည်း အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

နာမည်ကျော်ကြားပြီး ပရိသတ်ရဲ့ချစ်ခင်မှုတွေရရှိနေတဲ့ ခင်ဝင့်ဝါတစ်ယောက် အနုပညာအလုပ်တွေကိုပဲ အားစိုက်လုပ်ကိုင်နေတာကြောင့် သူမနဲ့ပတ်သက်တဲ့ အချစ်ရေးကို ပရိသတ်တွေက စိတ်ဝင်စားနေကြပါသေးတယ်။ သူမရဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်အချိုးအစားကိုလည်း ပရိသတ်တွေက သူမအနုပညာအလုပ်တွေစလုပ်စဉ်ကတည်းက အားကျခဲ့ကြတာပါ။ မကြာသေးခင်က မင်းသမီးချောလေးကတော့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ “စိတ်တွေချမ်းသာနေလို့ မဆိုသလောက်လေး ပြည့်ပြည့်လေးဖြစ်နေတာကို ဝလာတယ်နော်လို့ မပြောကြေး” …. လို့ မျှဝေခဲ့ပါသေးတယ်။ ပရိသတ်တွေကတော့ ခင်ဝင့်ဝါတစ်ယောက် ဘယ်သူ့ကြောင့် စိတ်ချမ်းသာနေလဲဆိုတာ သိချင်နေကြပါပြီ။

မင်းသမီးချောလေး ခင်ဝင့်ဝါကို စိတ်ချမ်းသာအောင်ထားနေသူက ဘယ်သူဖြစ်နိုင်လဲဆိုတာ ပရိသတ်ကြီးက ခန့်မှန်းပေးကြပါဦးနော်။ Cele Connections ပရိသတ်ကြီးအတွက်လည်း ပြည့်ပြည့်လေးဖြစ်လာတဲ့ ခင်ဝင့်ဝါရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source – Khin Wint Wah
Lavender

error: Alert: Content is protected !!