Source : Khay Sett Thwin
ယူနီကုဒ်ဖြင့်ဖတ်ရန်
” စပွန်ဆာရှိနေတယ်လို့ ပြောကြတဲ့အပေါ် ချက်ကျလက်ကျ ပြန်လည် ဖြေရှင်းလိုက်တဲ့ ခေးဆက်သွင် ”
ခေးဆက်သွင်ကတော့ MRTV- (4) ဇာတ်လမ်းတွဲမင်းသမီးလေးဆိုတာ အထူးပြောစရာမလိုပါဘူးနော်။ အရိပ်ဇာတလမ်းတွဲမှာ ” အညို ” ဆိုပြီး ပရိသတ်တွေအားပေးခံခဲ့ရတာဖြစ်ပြီး ” နှင်းဆီ ” ဇာတ်လမ်းတွဲမှာလည်း ” နှင်းဆီ ” ဇာတ်ကောင်နဲ့ ပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့သူလေးဖြစ်ပါတယ်။အမြဲပျော်ပျော်နေတတ်ပြီး သရုပ်ဆေ၂ာင်ကောင်းလွန်းတဲ့မင်းသမီးလေး ဖြစ်တာကြောင့် ပရိသတ်တွေကအချစ်ပိုနေရသူလေးလို့ ဆိုရမှာပါ။
ဒီနေ့မှာတော့ ခေးဆက်သွင်ဟာ သူ့အပေါ်မဟုတ်တာတွေပြောကာ အထင်မှားနေကြတဲ့သူတွေကို သူမဘက်ကမဟုတ်တာမလုပ်ထားလို့ လိပ်ပြာသန့်ကြောင်းကို လူမှုကွန်ရက်စာမျက်နှာကနေ တုံ့ပြန်ပြောဆိုခဲ့တာပါ။ချက်နဲ့လက်နဲ့ တစ်ခုချင်းစီ သေချာရှငင်းပြခဲ့တာ ဖြစ်ပြီး ” နောက်ကွယ်မှာပဲပြောပြောရှေ့မှာပဲ ပြောပြောဘယ်သူနဲ့မှ ဘယ်လိုမှ ပတ်သတ်ခြင်းမရှိတဲ့အတွက်လိပ်ပြာသန့်ပါတယ်….။ကိုယ့်မှာ ရန်သူမရှိတဲ့အတွက်လူတိုင်းက ကိုယ့်အတွက်မိတ်ဆွေဖြစ်နိုင်ပါတယ်…။
လူမြင်ကွင်းမှာပဲ သွားလာပါတယ်။သူငယ်ချင်းတွေကလည်း မှဲ့တစ်ပေါက်မစွန်းအောင် စောင့်ရှောက်နေပါတယ်..
ဘယ်နိုင်ငံခြားမှလည်း မထွက်နိုင်သလိုဘယ် (၃)ထပ်တိုက်ကြီးမှလည်းဝုန်းကနဲ အမွေရသလိုမဆောက်နိုင်သေးပါဘူး။ဘရန်းဒတ် စလင်းဘတ်တွေလည်းအလုံး (၄၀)လောက် မကိုင်နိုင်သေးပါဘူး။အိမ်က ကားတစ်စီးတောင်
အကိုနဲ့လုစီးနေရလို့နယ်သွားဖို့ကားသတ်သတ်ငှားစီးထားရတာပါဆင့်တော်သေးပြီကျိုင်းဇူးပါဆင့် “ဆိုပြီး လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးရော ပွင့်ပွင့်လင်းလင်းနဲ့ ချစ်စရာကောင်းတဲ့ ခေးဆက်သွင်ရဲ့ စိတ်နေစိတ်ထားလေးကို သဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။
Source : Khay Sett Thwin
Candy – CeleConnections
error: Alert: Content is protected !!