ခ်စ္ရတဲ့ေကာင္မေလး နဲ႔ နာမည္အတိုေကာက္ကို ပရိသတ္ကို ေျပာျပလိုက္တဲ့ အိစိေကြး

ကေလးသ႐ုပ္ေဆာင္ အိစိေကြးဆိုတာနဲ႔ ပရိသတ္ႀကီးအားလုံးသိၿပီးသားျဖစ္မွာပါေနာ္ ။ ကေလးသ႐ုပ္ေဆာင္ဘဝကေန အခုဆို ဂီတလမ္းေၾကာင္းေပၚမွာေရာ အႏုပညာလမ္း ေၾကာင္းေပၚမွာေရာ ေအာင္ျမင္ေနတဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ေနခဲ့ပါၿပီ ။ ပရိသတ္ေတြက အိစိေကြးေလးကို ကေလးတစ္ေယာက္လို႔ပဲ ျမင္ေနၾကေသးေပမယ့္ အိစိေကြးေလးကေတာ့အခ်စ္ကိုခံစားတတ္ေနပါၿပီ ပရိသတ္ႀကီးေရ …။

 

 

ကေလးသ႐ုပ္ေဆာင္ဘဝထဲက သ႐ုပ္ေဆာင္ပီျပင္ၿပီး က်ရာဇာတ္႐ုပ္ကို ပီျပင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္တဲ့ အိစိေလးကေဆတာ့ အႏုပညာေလာကမွာ ေအာင္ျမင္တဲ့သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္ေပမယ့္ အခ်စ္ေရး မွာေတာ့ ကံေခသူေလးလို႔ ေျပာရမွာပဲ ။ အခုခ်ိန္မွာ စင္ဂယ္ျဖစ္ေနေပမယ့္ အရင့္အရင္က သူ႔ရဲ႕အခ်စ္ေရးေတြမွာေတာ့ အဆင္ေျပခဲ့ဟန္မတူပါဘူး ။ ဒါေပမယ့္ လတ္တေလာမွာေတာ့ ” ေခတ္ေတြအဆက္ဆက္ ရင္မခုန္တတ္တဲ့ကို ေတာင္မင္းနဲ႔ေတြ႕မွ စရင္ခုန္မိတတ္လာတာပါ ယဥ္ ရယ္ ” ဆိုတဲ့စာသားေလးနဲ႔အတူ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန ပရိသတ္ေတြကို မွ်ေဝပးထားတာေတြ႕ရပါတယ္ ။

 

 

လူပ်ိဳေပါက္အရြယ္ေရာက္လာျပီး နႈတခမ္းနီမေလးေတြရဲ႕ အသည္းစြဲျဖစ္လာသူ အိစိေလးရဲ႕မိန္းကေလး ဖန္ေတြကေတာ့ ယဥ္ဆိုတာဘယ္သူလဲ ဆိုတဲ့မွတ္ခ်က္ေတြ ေရးသားထားၾကသလို ယဥ္ပါတဲ့ ပရိသတ္ပ်ိဳေမေလးေတြကလည္း သူတို႕ကိုေျပာတာရယ္လို႕ စေနာက္မွတ္ခ်က္ေပးထားၾကပါေသးတယ္ ။ Cele Connections ပရိသတ္ၾကီးေရာ အိစိေလး ရဲ႕ ယဥ္ ဆိုတဲ့ ေကာင္မေလးက ဘယ္သူျဖစ္မယ္ထင္လဲ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္ ။

 

 

Source : Ei Si Kway
Molly
ယူနီကုဒ္ ျဖင့္ဖတ္ရန္

 

ချစ်ရတဲ့ကောင်မလေး နဲ့ နာမည်အတိုကောက်ကို ပရိသတ်ကို ပြောပြလိုက်တဲ့ အိစိကွေး

 

ကလေးသရုပ်ဆောင် အိစိကွေးဆိုတာနဲ့ ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်မှာပါနော် ။ ကလေးသရုပ်ဆောင်ဘဝကနေ အခုဆို ဂီတလမ်းကြောင်းပေါ်မှာရော အနုပညာလမ်း ကြောင်းပေါ်မှာရော အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေခဲ့ပါပြီ ။ ပရိသတ်တွေက အိစိကွေးလေးကို ကလေးတစ်ယောက်လို့ပဲ မြင်နေကြသေးပေမယ့် အိစိကွေးလေးကတော့အချစ်ကိုခံစားတတ်နေပါပြီ ပရိသတ်ကြီးရေ …။

ကလေးသရုပ်ဆောင်ဘဝထဲက သရုပ်ဆောင်ပီပြင်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ အိစိလေးကဆေတာ့ အနုပညာလောကမှာ အောင်မြင်တဲ့သရုပ်ဆောင် တစ်ယောက်ဖြစ်ပေမယ့် အချစ်ရေး မှာတော့ ကံခေသူလေးလို့ ပြောရမှာပဲ ။ အခုချိန်မှာ စင်ဂယ်ဖြစ်နေပေမယ့် အရင့်အရင်က သူ့ရဲ့အချစ်ရေးတွေမှာတော့ အဆင်ပြေခဲ့ဟန်မတူပါဘူး ။ ဒါပေမယ့် လတ်တလောမှာတော့ ” ခေတ်တွေအဆက်ဆက် ရင်မခုန်တတ်တဲ့ကို တောင်မင်းနဲ့တွေ့မှ စရင်ခုန်မိတတ်လာတာပါ ယဉ် ရယ် ” ဆိုတဲ့စာသားလေးနဲ့အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကို မျှဝေပးထားတာတွေ့ရပါတယ် ။

လူပျိုပေါက်အရွယ်ရောက်လာပြီး နှုတခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်လာသူ အိစိလေးရဲ့မိန်းကလေး ဖန်တွေကတော့ ယဉ်ဆိုတာဘယ်သူလဲ ဆိုတဲ့မှတ်ချက်တွေ ရေးသားထားကြသလို ယဉ်ပါတဲ့ ပရိသတ်ပျိုမေလေးတွေကလည်း သူတို့ကိုပြောတာရယ်လို့ စနောက်မှတ်ချက်ပေးထားကြပါသေးတယ် ။ Cele Connections ပရိသတ်ကြီးရော အိစိလေး ရဲ့ ယဉ် ဆိုတဲ့ ကောင်မလေးက ဘယ်သူဖြစ်မယ်ထင်လဲ မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : Ei Si Kway
Molly

error: Alert: Content is protected !!