ႏွလုံးသားေရးနဲ႕ ပတ္သက္ၿပီး ခံစားခ်က္ေတြ ဖြင့္ဟလာတဲ့ တိုင္ရြန္

တိုင္ရြန္ကေတာ့ ေမာ္ဒယ္လ္ေလာကမွာ ေက်ာ္ၾကားသူတစ္ေယာက္ျဖစ္သလို အခုခ်ိန္မွာ သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ ရပ္တည္ေနသူလည္း ျဖစ္ပါတယ္။ သူဟာ ကုိရီးယားမင္းသားတစ္ေယာက္လုိ ေခ်ာေမာတာေၾကာင့္ မိန္းကေလးပရိသတ္ေတြရဲ႕ အားေပး၀န္းရံမႈကုိလည္း ရရွိေနသူတစ္ေယာက္ပါ။ တိုင္ရြန္ဟာ တက္သစ္စမင္းသားတစ္ေယာက္အေနနဲ႕ ၀ါရင့္သ႐ုပ္ေဆာင္ေတြနဲ႔အတူ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာ က်ရာဇာတ္႐ုပ္ကုိ အေကာင္းဆုံးပါ၀င္ သ႐ုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။ မၾကာေသးခင္ကမွ ႐ုံတင္ထားတဲ့ “အခမ္းနားဆုံးေမတၱာနဲ႔ ခ်ဳိး႐ုပ္”ဇာတ္ကားတို႔မွာလည္း တိုင္ရြန္က ဇာတ္႐ုပ္တုိင္းကုိ ပီပီျပင္ျပင္သ႐ုပ္ေဆာင္ႏုိင္ခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပး၀န္းရံမႈကုိ တခဲနက္ရရွိခဲ့ပါေသးတယ္။

 

မိန္းကေလးပရိသတ္ေတြရဲ႕Crush တစ္ေယာက္အျဖစ္ တင္စားျခင္းခံရတဲ့ တိုင္ရြန္က သူ႔ရဲ႕ႏွလုံးသားေရးရာကိစၥကုိ အတိအလင္းထုတ္ေဖာ္ေျပာတာမ်ိဳးေတာ့ မရွိေသးပါဘူး။ ဒါေပမယ့္ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္မွာေတာ့ ဖီးလ္ေနတဲ့စာသားေလးေတြ မၾကာခဏေရးတတ္တာေၾကာင့္ ပရိသတ္ေတြကေတာ့ သို႔ေလာ သုိ႔ေလာနဲ႔ မသဲမကဲြျဖစ္ေနၾကတာပါ။ တိုင္ရြန္က မၾကာေသးခင္ကလည္း “မင္းကုိ ေန႔တုိင္းေတြ႔ေနရသူအားလုံးကုိ ငါမနာလိုျဖစ္မိတယ္” …. ဆိုတဲ့ စာသားေလးနဲ႔အတူ ပရိသတ္ေတြရဲ႕ အာ႐ုံကုိထပ္မံဖမ္းစားလိုက္ျပန္ပါတယ္။ သူ႔ရဲ႕အမာခံပရိသတ္ေတြကေတာ့ တိုင္ရြန္တစ္ေယာက္ ဘယ္သူ႔ကုိေန႔တုိင္းေတြ႔ခ်င္ေနတာလဲဆိုၿပီး သိခ်င္စိတ္ျပင္းျပေနၾကပါတယ္။

 

တိုင္ရြန္တစ္ေယာက္ ဘယ္သူ႔ကုိေန႔တိုင္းေတြ႕ခ်င္ေနၿပီး ဘယ္သူေတြကုိေတာ့ မနာလုိျဖစ္ေနလဲဆုိတာ ပရိသတ္ႀကီးက ခန္႔မွန္းေပးၾကပါဦးေနာ္။  Cele Connections ပရိသတ္ႀကီးအတြက္လည္း တိုင္ရြန္ရဲ႕ အမိုက္စားပုံရိပ္ေတြကုိ မွ်ေ၀ေပးလိုက္ပါတယ္။

Source – Tyron Bejay

Lavender

ယူနီကုဒ္ျဖင့္ဖတ္ရန္

 

နှလုံးသားရေးနဲ့ ပတ်သက်ပြီး ခံစားချက်တွေ ဖွင့်ဟလာတဲ့ တိုင်ရွန်

တိုင်ရွန်ကတော့ မော်ဒယ်လ်လောကမှာ ကျော်ကြားသူတစ်ယောက်ဖြစ်သလို အခုချိန်မှာ သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။ သူဟာ ကိုရီးယားမင်းသားတစ်ယောက်လို ချောမောတာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကိုလည်း ရရှိနေသူတစ်ယောက်ပါ။ တိုင်ရွန်ဟာ တက်သစ်စမင်းသားတစ်ယောက်အနေနဲ့ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးပါဝင် သရုပ်ဆောင်နေပြီဖြစ်ပါတယ်။ မကြာသေးခင်ကမှ ရုံတင်ထားတဲ့ “အခမ်းနားဆုံးမေတ္တာနဲ့ ချိုးရုပ်”ဇာတ်ကားတို့မှာလည်း တိုင်ရွန်က ဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို တခဲနက်ရရှိခဲ့ပါသေးတယ်။

မိန်းကလေးပရိသတ်တွေရဲ့Crush တစ်ယောက်အဖြစ် တင်စားခြင်းခံရတဲ့ တိုင်ရွန်က သူ့ရဲ့နှလုံးသားရေးရာကိစ္စကို အတိအလင်းထုတ်ဖော်ပြောတာမျိုးတော့ မရှိသေးပါဘူး။ ဒါပေမယ့် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာတော့ ဖီးလ်နေတဲ့စာသားလေးတွေ မကြာခဏရေးတတ်တာကြောင့် ပရိသတ်တွေကတော့ သို့လော သို့လောနဲ့ မသဲမကွဲဖြစ်နေကြတာပါ။ တိုင်ရွန်က မကြာသေးခင်ကလည်း “မင်းကို နေ့တိုင်းတွေ့နေရသူအားလုံးကို ငါမနာလိုဖြစ်မိတယ်” …. ဆိုတဲ့ စာသားလေးနဲ့အတူ ပရိသတ်တွေရဲ့ အာရုံကိုထပ်မံဖမ်းစားလိုက်ပြန်ပါတယ်။ သူ့ရဲ့အမာခံပရိသတ်တွေကတော့ တိုင်ရွန်တစ်ယောက် ဘယ်သူ့ကိုနေ့တိုင်းတွေ့ချင်နေတာလဲဆိုပြီး သိချင်စိတ်ပြင်းပြနေကြပါတယ်။

တိုင်ရွန်တစ်ယောက် ဘယ်သူ့ကိုနေ့တိုင်းတွေ့ချင်နေပြီး ဘယ်သူတွေကိုတော့ မနာလိုဖြစ်နေလဲဆိုတာ ပရိသတ်ကြီးက ခန့်မှန်းပေးကြပါဦးနော်။ Cele Connections ပရိသတ်ကြီးအတွက်လည်း တိုင်ရွန်ရဲ့ အမိုက်စားပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

Source – Tyron Bejay
Lavender

 

error: Alert: Content is protected !!