” ေနတိုးက သူမရဲ႕ Idol ျဖစ္တာေၾကာင့္ ဓာတ္ပံုရုိ္က္တာတင္မဟုတ္ဘဲ ရုပ္ရွင္တူတူရုိက္ခ်င္ပါေသးတယ္ဆိုတဲ့ ေရဝတီေလး “

နန္းစႏၵာလွထြန္းကေတာ့ MRTV – (4) ဇာတ္လမ္းတြဲ မင္းသမီးေလးျဖစ္ၿပီး ပရိသတ္ေတြက သဘာဝဇာတ္လမ္းတြဲ မင္းသမီးအျဖစ္ ခ်ီးက်ဴးျခင္းခံရသူေလးတစ္ေယာက္ပါ။ပထမဆံုးသူမ႐ုိက္ကူးခဲ့တဲ့ဇာတ္လမ္းတြဲ ျဖစ္တဲ့ ” ပဥၥလက္ရြာ ” ဇာတ္လမ္းတြဲ မွ ” ေရဝတီ ” ဆိုတဲ့ ဇာတ္ေကာင္နာမည္နဲ ႔ ပရိသတ္ေတြတစ္ခဲနက္ အားေပးမႈကိုရ႐ွိခဲ့သူေလးပဲ ျဖစ္ပါတယ္။”အရိပ္” ဇာတ္လမ္းတြဲမွာလည္း နာ့စ္ဆရာမေလး ” သက္သက္ ” ဇာတ္ေကာင္နာမည္နဲ႔ ပရိသတ္အသည္းကို ထပ္မံေႁခြႏုိင္ခဲ့ျပန္ပါေသးတယ္။”ဝကၤပါရွင္းတမ္း” ဇာတ္လမ္းတြဲ မွာလည္း ” ဟန္နီ” ဆိုတဲ့ဇာတ္ေကာင္နဲ႕ ပရိသတ္ေတြကို ထပ္မံဆြဲေဆာင္နုိင္ခဲ့သူေလးပါ။

မၾကာေသးမီကလည္း ပရိသတ္ပါးစပ္ဖ်ားမွာ ေရပန္းစားခဲ့ရတဲ့ ” ေငြစကၠဴ (၇)ရြက္” ဇာတ္ကားမွာလည္း ပါဝင္ခဲ့ပါေသးတယ္။ ဘယ္ဇာတ္႐ုပ္မဆို သဘာဝက်က် ပီျပင္ေအာင္ စိတ္ႏွစ္ ႐ုိက္ကူးတတ္တာဟာ သူမရဲ႕ခ်စ္စရာေကာင္းလြန္းတဲ့အခ်က္ေလးပါပဲေနာ္။ေရဝတီေလးကေတာ့ ႐ွမ္းတိုင္းရင္းသူေလးတစ္ေယာက္ ျဖစ္ၿပီး Miss World Myanmar ( 2015 )Second Runner Up အလွမယ္ဆုရွင္ေလးလည္း ျဖစ္ပါတယ္။ ေယာက်ာ္းေလးပရိသတ္ေတြ အသည္းစြဲ အားေပးၾကတဲ့အျပင္ မိန္းကေလးပရိသတ္ေတြကပါ သူမရဲ႕ အျပဳအမူအေျပာေလးေတြကို ႏွစ္သက္သေဘာက်ခံရတဲ့ ဇာတ္လမ္းတြဲမင္းသမီးေလးပဲ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့သူမသေဘာက်စံထားရတဲ့ ျပည္သူ႕အခ်စ္ေတာ္ မင္းသားတစ္ဦး ျဖစ္တဲ့ ေနတိုးနဲ႕ Photo Shooting ရုိ္က္ကူးခဲ့ရတာေၾကာင့္ အရမ္းေတြေပ်ာ္ရႊင္မိၿပီး ေနတိုးေဘးနားေရာက္လာတာနဲ႕ရင္ခုန္မိတယ္လို႔ ခံစားခ်က္ကို ေျပာျပခဲ့ပါတယ္။ အႏုပညာေလာကထဲကို မဝင္ခင္ထဲကေၾကြခဲ့ရတဲ့ မင္းသားနဲ႕ ဓာတ္ပံုတြဲရုိက္ခဲ့ရတာ ျဖစ္ေပမယ့္ ရုပ္ရွင္လည္း တြဲရုိက္ခ်င္ေသးတယ္လို႕ ပြင့္လင္းစြာေျဖၾကားခဲ့ပါတယ္။ ေနတိုးရဲ႕ ဘယ္အခ်ိန္ၾကည့္ၾကည့္တည္ၿငိမ္တဲ့ပံုစံေလးနဲ႕ ေအးေဆးတဲ့ပံုစံေလးက ေနတိုးရဲ႕ဆြဲေဆာင္မႈ တစ္ခုပါပဲလို႕ သူမရဲ႕အျမင္ေျပာျပခဲ့ပါတယ္။ဝါရင့္မင္းသားတစ္ဦး ျဖစ္ေပမယ့္လည္း သူမလိုတက္သစ္စမင္းသမီးေလးကို ေခ်မိုးမေနဘဲ လက္တြဲေခၚေပးတာေၾကာင့္လည္း ဝမ္းသာမိတယ္လို႕ သိရပါတယ္။ Cele Connections ပရိသတ္ႀကီးေရာ ေနတိုးနဲ႕ ေရဝတီေလး တို႕အတူ ရုပ္ရွင္တြဲရုိက္ရင္ အားေပးမလားဆိုတာ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Source:Nan Sandar Hla Htun
Candy – CeleConnections
ယူနီကုဒ္ျဖင့္ဖတ္ရန္

” နေတိုးက သူမရဲ့ Idol ဖြစ်တာကြောင့် ဓာတ်ပုံရိုက်တာတင်မဟုတ်ဘဲ ရုပ်ရှင်တူတူရိုက်ချင်ပါသေးတယ်ဆိုတဲ့ ရေဝတီလေး ”

နန်းစန္ဒာလှထွန်းကတော့ MRTV – (4) ဇာတ်လမ်းတွဲ မင်းသမီးလေးဖြစ်ပြီး ပရိသတ်တွေက သဘာဝဇာတ်လမ်းတွဲ မင်းသမီးအဖြစ် ချီးကျူးခြင်းခံရသူလေးတစ်ယောက်ပါ။ပထမဆုံးသူမရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲ ဖြစ်တဲ့ ” ပဉ္စလက်ရွာ ” ဇာတ်လမ်းတွဲ မှ ” ရေဝတီ ” ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ပရိသတ်တွေတစ်ခဲနက် အားပေးမှုကိုရရှိခဲ့သူလေးပဲ ဖြစ်ပါတယ်။”အရိပ်” ဇာတ်လမ်းတွဲမှာလည်း နာ့စ်ဆရာမလေး ” သက်သက် ” ဇာတ်ကောင်နာမည်နဲ့ ပရိသတ်အသည်းကို ထပ်မံခြွေနိုင်ခဲ့ပြန်ပါသေးတယ်။”ဝင်္ကပါရှင်းတမ်း” ဇာတ်လမ်းတွဲ မှာလည်း ” ဟန်နီ” ဆိုတဲ့ဇာတ်ကောင်နဲ့ ပရိသတ်တွေကို ထပ်မံဆွဲဆောင်နိုင်ခဲ့သူလေးပါ။

မကြာသေးမီကလည်း ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားခဲ့ရတဲ့ ” ငွေစက္ကူ (၇)ရွက်” ဇာတ်ကားမှာလည်း ပါဝင်ခဲ့ပါသေးတယ်။ ဘယ်ဇာတ်ရုပ်မဆို သဘာဝကျကျ ပီပြင်အောင် စိတ်နှစ် ရိုက်ကူးတတ်တာဟာ သူမရဲ့ချစ်စရာကောင်းလွန်းတဲ့အချက်လေးပါပဲနော်။ ရေဝတီလေးကတော့ ရှမ်းတိုင်းရင်းသူလေးတစ်ယောက် ဖြစ်ပြီး Miss World Myanmar ( 2015 )Second Runner Up အလှမယ်ဆုရှင်လေးလည်း ဖြစ်ပါတယ်။ ယောကျာ်းလေးပရိသတ်တွေ အသည်းစွဲ အားပေးကြတဲ့အပြင် မိန်းကလေးပရိသတ်တွေကပါ သူမရဲ့ အပြုအမူအပြောလေးတွေကို နှစ်သက်သဘောကျခံရတဲ့ ဇာတ်လမ်းတွဲမင်းသမီးလေးပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့သူမသဘောကျစံထားရတဲ့ ပြည်သူ့အချစ်တော် မင်းသားတစ်ဦး ဖြစ်တဲ့ နေတိုးနဲ့ Photo Shooting ရိုက်ကူးခဲ့ရတာကြောင့် အရမ်းတွေပျော်ရွှင်မိပြီး နေတိုးဘေးနားရောက်လာတာနဲ့ရင်ခုန်မိတယ်လို့ ခံစားချက်ကို ပြောပြခဲ့ပါတယ်။ အနုပညာလောကထဲကို မဝင်ခင်ထဲကကြွေခဲ့ရတဲ့ မင်းသားနဲ့ ဓာတ်ပုံတွဲရိုက်ခဲ့ရတာ ဖြစ်ပေမယ့် ရုပ်ရှင်လည်း တွဲရိုက်ချင်သေးတယ်လို့ ပွင့်လင်းစွာဖြေကြားခဲ့ပါတယ်။ နေတိုးရဲ့ ဘယ်အချိန်ကြည့်ကြည့်တည်ငြိမ်တဲ့ပုံစံလေးနဲ့ အေးဆေးတဲ့ပုံစံလေးက နေတိုးရဲ့ဆွဲဆောင်မှု တစ်ခုပါပဲလို့ သူမရဲ့အမြင်ပြောပြခဲ့ပါတယ်။ဝါရင့်မင်းသားတစ်ဦး ဖြစ်ပေမယ့်လည်း သူမလိုတက်သစ်စမင်းသမီးလေးကို ချေမိုးမနေဘဲ လက်တွဲခေါ်ပေးတာကြောင့်လည်း ဝမ်းသာမိတယ်လို့ သိရပါတယ်။ Cele Connections ပရိသတ်ကြီးရော နေတိုးနဲ့ ရေဝတီလေး တို့အတူ ရုပ်ရှင်တွဲရိုက်ရင် အားပေးမလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Source:Nan Sandar Hla Htun
Candy – CeleConnections

error: Alert: Content is protected !!