အေျပာေကာင္းတဲ့ ရည္းစားေဟာင္းအေၾကာင္း ဖြင့္ဟလာတဲ့ မေအးေသာင္း

ေအး၀တ္ရည္ေသာင္းကေတာ့ အႏုပညာလမ္းေၾကာင္းေပၚကုိ ေမာ္ဒယ္လ္တစ္ေယာက္အေနနဲ႔ စတင္၀င္ေရာက္လာခဲ့ၿပီး လူသိမ်ားေက်ာ္ၾကားလာခဲ့တာပါ။ သူမရဲ႕ အမ်ားနဲ႔မတူတဲ့ ေပၚလြင္လွပတဲ့ ကုိယ္ေနဟန္ထား ျမင့္မားတဲ့အရပ္အေမာင္းနဲ႔ ဆံႏြယ္ရွည္တို႔ကုိ ေခတ္ေတြဘယ္ေလာက္ပဲေျပာင္းလဲသြားပါေစ ပရိသတ္ေတြက သေဘာက်စဲြမက္ေနၿမဲပါပဲ။ သူမဟာ တစ္ေခတ္တစ္ခါက မင္းသမီးတစ္လက္အေနနဲ႔လည္း ဇာတ္ကားေတြမွာ ပါ၀င္သ႐ုပ္ေဆာင္ခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ ဒါေပမယ့္ အႏုပညာေလာကထဲကေန ႏွစ္ေပါင္းအေတာ္ၾကာ ေပ်ာက္ကြယ္သြားခဲ့ၿပီး ပရိသတ္ေတြနဲ႔ အဆက္သြယ္ျပတ္ေတာက္သြားခဲ့ပါေသးတယ္။

 

ဆိုရွယ္မီဒီယာသုံးစဲြမႈ တြင္တြင္က်ယ္က်ယ္ေခတ္စားလာတဲ့အခါမွာေတာ့ ေအး၀တ္ရည္ေသာင္းဟာ ေအးေသာင္းဆုိတဲ့နာမည္နဲ႔ လူမႈကြန္ရက္စာမ်က္ႏွာထက္ကတဆင့္ ပရိသတ္ႀကီးေရွ႕ကုိ ျပန္လည္ေရာက္ရွိလာခဲ့ပါေတာ့တယ္။ မေအးေသာင္းကေတာ့ သူမရဲ႕လူမႈကြန္ရက္စာမ်က္ထက္ကေန ျမန္မာအမ်ဳိးသမီးတို႔ အျမတ္တႏုိးတန္ဖိုးထားရတဲ့ ျမန္မာ၀တ္စုံေလးေတြကုိ တစ္ေန႔တစ္မ်ိဳးမ႐ုိးရေအာင္ ၀တ္ဆင္ထားတဲ့ပုံရိပ္ေလးေတြကို မွ်ေ၀ခဲ့တာေၾကာင့္ ပရိသတ္ေတြက သူမအေပၚအာ႐ုံစိုက္မိလာၾကၿပီး ဆက္လက္အားေပးခဲ့ၾကပါတယ္။ မေအးေသာင္းဟာ ယခုခ်ိန္မွာေတာ့ အႏုပညာလႈပ္ရွားမႈေတြကုိ တစုိက္မတ္မတ္ျပန္လည္လုပ္ေဆာင္ေနၿပီျဖစ္ေပမယ့္ သူမရဲ႕ႏွလုံးသားေရးရာကုိေတာ့ ပရိသတ္ေတြေရွ ႔ကုိ တရား၀င္ခ်ျပထားတာမ်ိဳးမရွိေသးပါဘူး။ မၾကာေသးခင္ကလည္း သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန “ရည္းစားေဟာင္းရဲ႕ လက္သုံးစကား…. လက္ရွိသူ႔ကုိတဲြေနေပမယ့္ ကုိယ့္ရင္ထဲမွာ ရွိတာကေတာ့ မင္းတစ္ေယာက္ပဲ….လုိ႔ ဆုိၿပီးေျပာတာ မင္းေနာ္။ ကုိယ္ကဘာမွ သိတာမဟုတ္ဘူး”…. လို႔မ်ွေ၀ခဲ့တာေၾကာင့္ ပရိသတ္ေတြကေတာ့ အပ်ဳိႀကီးမေအးေသာင္းရဲ႕ ရည္းစားေဟာင္းက ဘယ္သူျဖစ္မလဲဆိုၿပီး စိတ္၀င္စားေနၾကပါတယ္။

 

အပ်ဳိႀကီးမေအးေသာင္းရဲ႕ အမာခံပရိသတ္ေတြကေတာ့ သူမရဲ႕ပုိ႕စ္ေအာက္မွာ မွတ္ခ်က္ေတြအမ်ိဳးမ်ိဳးေပးၿပီး အားေပးစကားဆုိခဲ့ၾကပါတယ္။ Cele Connections ပရိသတ္ႀကီးကလည္း မေအးေသာင္းတစ္ေယာက္ ရည္းစားေဟာင္းေၾကာင့္ ခံစားေနရတဲ့ေ၀ဒနာေတြကေန အျမန္ဆုံးကင္းေ၀းၿပီး ေပ်ာ္ရႊင္တဲ့ေန႕သစ္ေလးေတြကုိ ထာ၀ရပုိင္ဆုိင္ႏိုင္ဖို႔ ဆုမြန္ေကာင္းေလးေတာင္းေပးခဲ့ၾကပါဦးေနာ္။

Source – Aye Thaung
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

အပြောကောင်းတဲ့ ရည်းစားဟောင်းအကြောင်း ဖွင့်ဟလာတဲ့ မအေးသောင်း

အေးဝတ်ရည်သောင်းကတော့ အနုပညာလမ်းကြောင်းပေါ်ကို မော်ဒယ်လ်တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့ပြီး လူသိများကျော်ကြားလာခဲ့တာပါ။ သူမရဲ့ အများနဲ့မတူတဲ့ ပေါ်လွင်လှပတဲ့ ကိုယ်နေဟန်ထား မြင့်မားတဲ့အရပ်အမောင်းနဲ့ ဆံနွယ်ရှည်တို့ကို ခေတ်တွေဘယ်လောက်ပဲပြောင်းလဲသွားပါစေ ပရိသတ်တွေက သဘောကျစွဲမက်နေမြဲပါပဲ။ သူမဟာ တစ်ခေတ်တစ်ခါက မင်းသမီးတစ်လက်အနေနဲ့လည်း ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် အနုပညာလောကထဲကနေ နှစ်ပေါင်းအတော်ကြာ ပျောက်ကွယ်သွားခဲ့ပြီး ပရိသတ်တွေနဲ့ အဆက်သွယ်ပြတ်တောက်သွားခဲ့ပါသေးတယ်။

ဆိုရှယ်မီဒီယာသုံးစွဲမှု တွင်တွင်ကျယ်ကျယ်ခေတ်စားလာတဲ့အခါမှာတော့ အေးဝတ်ရည်သောင်းဟာ အေးသောင်းဆိုတဲ့နာမည်နဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကတဆင့် ပရိသတ်ကြီးရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတော့တယ်။ မအေးသောင်းကတော့ သူမရဲ့လူမှုကွန်ရက်စာမျက်ထက်ကနေ မြန်မာအမျိုးသမီးတို့ အမြတ်တနိုးတန်ဖိုးထားရတဲ့ မြန်မာဝတ်စုံလေးတွေကို တစ်နေ့တစ်မျိုးမရိုးရအောင် ဝတ်ဆင်ထားတဲ့ပုံရိပ်လေးတွေကို မျှဝေခဲ့တာကြောင့် ပရိသတ်တွေက သူမအပေါ်အာရုံစိုက်မိလာကြပြီး ဆက်လက်အားပေးခဲ့ကြပါတယ်။ မအေးသောင်းဟာ ယခုချိန်မှာတော့ အနုပညာလှုပ်ရှားမှုတွေကို တစိုက်မတ်မတ်ပြန်လည်လုပ်ဆောင်နေပြီဖြစ်ပေမယ့် သူမရဲ့နှလုံးသားရေးရာကိုတော့ ပရိသတ်တွေရှေ့ကို တရားဝင်ချပြထားတာမျိုးမရှိသေးပါဘူး။ မကြာသေးခင်ကလည်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ “ရည်းစားဟောင်းရဲ့ လက်သုံးစကား…. လက်ရှိသူ့ကိုတွဲနေပေမယ့် ကိုယ့်ရင်ထဲမှာ ရှိတာကတော့ မင်းတစ်ယောက်ပဲ….လို့ ဆိုပြီးပြောတာ မင်းနော်။ ကိုယ်ကဘာမှ သိတာမဟုတ်ဘူး”…. လို့မျှဝေခဲ့တာကြောင့် ပရိသတ်တွေကတော့ အပျိုကြီးမအေးသောင်းရဲ့ ရည်းစားဟောင်းက ဘယ်သူဖြစ်မလဲဆိုပြီး စိတ်ဝင်စားနေကြပါတယ်။

အပျိုကြီးမအေးသောင်းရဲ့ အမာခံပရိသတ်တွေကတော့ သူမရဲ့ပို့စ်အောက်မှာ မှတ်ချက်တွေအမျိုးမျိုးပေးပြီး အားပေးစကားဆိုခဲ့ကြပါတယ်။ Cele Connections ပရိသတ်ကြီးကလည်း မအေးသောင်းတစ်ယောက် ရည်းစားဟောင်းကြောင့် ခံစားနေရတဲ့ဝေဒနာတွေကနေ အမြန်ဆုံးကင်းဝေးပြီး ပျော်ရွှင်တဲ့နေ့သစ်လေးတွေကို ထာဝရပိုင်ဆိုင်နိုင်ဖို့ ဆုမွန်ကောင်းလေးတောင်းပေးခဲ့ကြပါဦးနော်။

Source – Aye Thaung
Lavender

error: Alert: Content is protected !!