ဘဲန္ရဲ႕ သီဆိုမႈေၾကာင့္ ငိုခ်င္စိတ္ေတာင္ေပါက္သြားခဲ့ရတယ္ဆုိတဲ့ သက္မြန္ျမင့္

သက္မြန္ျမင့္ကေတာ့ ျမန္မာ့႐ုပ္ရွင္ေလာကမွာ ဒိတ္ဒိတ္ႀကဲေအာင္ျမင္မႈေတြရရွိေနၿပီး ပရိသတ္ေတြတခဲနက္အားေပးခ်စ္ခင္မႈေတြ ရရွိေနတဲ့ ၀ါရင့္မင္းသမီးတစ္လက္ျဖစ္ပါတယ္။ သူမဟာ ဆယ္စုႏွစ္တစ္စုၾကာတဲ့တိုင္ေအာင္ အႏုပညာေလာကရဲ႕ ထိပ္တန္းမင္းသမီးတစ္ေယာက္အျဖစ္ ဂုဏ္သတင္းေကာင္းေတြနဲ႔အတူ ရပ္တည္ေနသူပါ။ ျမင့္မားတဲ့အရပ္အေမာင္းနဲ႔ စစေနာက္ေနာက္ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္တဲ့ သက္မြန္ျမင့္ဟာ ၀တ္စားဆင္မႈအပုိင္းမွာလည္း ပရိသတ္ေတြက အၿမဲသေဘာတက်နဲ႔ အတုယူေနရသူပါ။ သက္မြန္ျမင့္ဟာ အႏုပညာေလာကမွာသာ ေအာင္ျမင္ေနသူတစ္ေယာက္မဟုတ္ဘဲ သာယာတဲ့မိသားစုဘ၀ေလးကုိလည္း ပုိင္ဆုိင္ထားသူ တစ္ေယာက္ျဖစ္ပါတယ္။

 

သက္မြန္ျမင့္ပါ၀င္သ႐ုပ္ေဆာင္ခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကလည္း တစ္ကားဆုိတစ္ကားဆုိသေလာက္ ပရိသတ္အားေပးမႈကုိ ရရွိခဲ့ၿပီး သူမကုိယ္တုိင္လည္း အကယ္ဒမီဆုေတြဆြတ္ခူးႏုိင္ခဲ့ပါတယ္။ သူမဟာ ၀ါရင့္သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္ ျဖစ္႐ုံတင္မကဘဲ အႏုပညာေလာကထဲကုိ စတင္၀င္ေရာက္လာတဲ့ တက္သစ္စေလးေတြကုိပါ လက္ကမ္းႀကိဳဆုိတတ္သူပါ။ မၾကာေသးခင္က သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာလည္း ျမန္မာအုိင္ေဒါလ္သီခ်င္းဆိုၿပိဳင္ပဲြရဲ႕ ၿပိဳင္ပဲြ၀င္ေလးေတြကုိ ၀န္းရံအားေပးခဲ့ပါေသးတယ္။ “၁၁ေယာက္လုံးအမုိက္စား။ ဒီတခါအကုန္ေတာ္။ ဘယ္သူ႔မွလည္း ေၾကာက္ေနေၾကာင္ေနတဲ့သူ မရွိဘူး။ အသံေရာ ဆုိဟန္ေရာ ကုိယ့္ကုိယ္ကုိ ယုံၾကည္မႈအျပည့္နဲ႔။ Big Congratulations to you all။ လူစုံဓာတ္ပုံ မ႐ုိက္လိုက္ရဘူး။ ဘဲန္ဆိုတုန္းကေတာ့ ငုိခ်လုိက္ခ်င္တာ။ ကုိယ္လည္းအေမခ်စ္ဆိုေတာ့ေလ”…. ဆိုၿပီး ခ်စ္သက္ကေတာ့ ၿပိဳင္ပဲြ၀င္ ၁၁ေယာက္လုံးကုိ အပီအျပင္အားေပးေနတာပါ။

 

ဆယ္စုႏွစ္တစ္စုစာတိုင္ ပရိသတ္အခ်စ္ေတြကုိ သိမ္းပုိက္ထားႏုိင္သူ သက္မြန္ျမင့္လည္း အႏုပညာေလာကမွာ ေအာင္ျမင္ေက်ာ္ၾကားမႈေတြ ဆက္လက္ရရွိပါေစလို႔ ပရိသတ္ႀကီးနဲ႔ထပ္တူ ဆုေတာင္းေပးလုိက္ပါတယ္။ Cele Connectionsပရိသတ္ႀကီးကလည္း ျမန္မာအုိင္ေဒါလ္ၿပိဳင္ပဲြ၀င္ေလးေတြကုိ ခ်စ္သက္နဲ႔အတူ အားေပး၀န္းရံလုိက္ပါဦးေနာ္။

Source – Thet Mon Myint
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ဘဲန်ရဲ့ သီဆိုမှုကြောင့် ငိုချင်စိတ်တောင်ပေါက်သွားခဲ့ရတယ်ဆိုတဲ့ သက်မွန်မြင့်

သက်မွန်မြင့်ကတော့ မြန်မာ့ရုပ်ရှင်လောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေရရှိနေပြီး ပရိသတ်တွေတခဲနက်အားပေးချစ်ခင်မှုတွေ ရရှိနေတဲ့ ဝါရင့်မင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်တစ်စုကြာတဲ့တိုင်အောင် အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်အဖြစ် ဂုဏ်သတင်းကောင်းတွေနဲ့အတူ ရပ်တည်နေသူပါ။ မြင့်မားတဲ့အရပ်အမောင်းနဲ့ စစနောက်နောက်ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ သက်မွန်မြင့်ဟာ ဝတ်စားဆင်မှုအပိုင်းမှာလည်း ပရိသတ်တွေက အမြဲသဘောတကျနဲ့ အတုယူနေရသူပါ။ သက်မွန်မြင့်ဟာ အနုပညာလောကမှာသာ အောင်မြင်နေသူတစ်ယောက်မဟုတ်ဘဲ သာယာတဲ့မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။

သက်မွန်မြင့်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း တစ်ကားဆိုတစ်ကားဆိုသလောက် ပရိသတ်အားပေးမှုကို ရရှိခဲ့ပြီး သူမကိုယ်တိုင်လည်း အကယ်ဒမီဆုတွေဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူမဟာ ဝါရင့်သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ရုံတင်မကဘဲ အနုပညာလောကထဲကို စတင်ဝင်ရောက်လာတဲ့ တက်သစ်စလေးတွေကိုပါ လက်ကမ်းကြိုဆိုတတ်သူပါ။ မကြာသေးခင်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာလည်း မြန်မာအိုင်ဒေါလ်သီချင်းဆိုပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင်လေးတွေကို ဝန်းရံအားပေးခဲ့ပါသေးတယ်။ “၁၁ယောက်လုံးအမိုက်စား။ ဒီတခါအကုန်တော်။ ဘယ်သူ့မှလည်း ကြောက်နေကြောင်နေတဲ့သူ မရှိဘူး။ အသံရော ဆိုဟန်ရော ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့။ Big Congratulations to you all။ လူစုံဓာတ်ပုံ မရိုက်လိုက်ရဘူး။ ဘဲန်ဆိုတုန်းကတော့ ငိုချလိုက်ချင်တာ။ ကိုယ်လည်းအမေချစ်ဆိုတော့လေ”…. ဆိုပြီး ချစ်သက်ကတော့ ပြိုင်ပွဲဝင် ၁၁ယောက်လုံးကို အပီအပြင်အားပေးနေတာပါ။

ဆယ်စုနှစ်တစ်စုစာတိုင် ပရိသတ်အချစ်တွေကို သိမ်းပိုက်ထားနိုင်သူ သက်မွန်မြင့်လည်း အနုပညာလောကမှာ အောင်မြင်ကျော်ကြားမှုတွေ ဆက်လက်ရရှိပါစေလို့ ပရိသတ်ကြီးနဲ့ထပ်တူ ဆုတောင်းပေးလိုက်ပါတယ်။ Cele Connectionsပရိသတ်ကြီးကလည်း မြန်မာအိုင်ဒေါလ်ပြိုင်ပွဲဝင်လေးတွေကို ချစ်သက်နဲ့အတူ အားပေးဝန်းရံလိုက်ပါဦးနော်။

Source – Thet Mon Myint
Lavender

error: Alert: Content is protected !!