” နာမည္ အေခၚအေဝၚနဲ႕ပတ္သက္ၿပီး ေပါက္ကြဲေနတဲ့ ေဖြးစိန္ေလး “

” နာမည္ အေခၚအေဝၚနဲ႕ပတ္သက္ၿပီး ေပါက္ကြဲေနတဲ့ ေဖြးစိန္ေလး “

ျပည္သူခ်စ္အႏုပညာရွင္ ေဖြးေဖြးကေတာ့ အႏုပညာလမ္းေၾကာင္းမွာ ေအာင္ျမင္မႈမ်ားစြာကိုရရွိထားသူျဖစ္ၿပီး အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆု (၃)ဆု ကိုပိုင္ဆိုင္ထားသူတစ္ေယာက္ပါ။က်ရာဇာတ္ေကာင္ကို ပီျပင္ေအာင္ ႀကိဳတင္ျပင္ဆင္မႈေတြနဲ႔အတူ စိတ္ေရာလူေရာအားထည့္ကာ အၿမဲ ႀကိဳတင္ျပင္ဆင္မႈေတြနဲ႔အႏုပညာဝမ္းစာကို အျပည့္ျဖည့္တတ္သူပဲ ျဖစ္ၿပီး အႏုပညာအလုပ္အေပၚ ဝါသနာႀကီးသူတစ္ေယာက္လို႔ဆိုရမွာပါ။ ပရိသတ္ေတြကို လည္း ဟိတ္ဟန္မရွိဘဲ ပြင့္ပြင့္လင္းလင္း ေဖာ္ေဖာ္ေ႐ြေ႐ြ ဆက္ဆံတတ္သူေလး ျဖစ္တဲ့အျပင္ သူမကိုယ္သူမ Foodie တစ္ေယာက္ပါလို႔ ေျပာေလ့ရွိသူေလးပဲ ျဖစ္ပါတယ္။

 

 

လက္ရွိမွာလည္း ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲမင္းသားႏွစ္လက္ျဖစ္တဲ့ ေဒါင္း ၊ ခါရာတို႔နဲ႔အတူ သဘာဝမင္းသမီး ခ်စ္သက္နဲ႔တြဲဖက္ကာ ” Love Equation ” ႐ုပ္ရွင္ဇာတ္ကားႀကီးကိုေန႔မအားညမအား ႐ိုက္ကူးေနတယ္လို႔ သိရပါတယ္။ာ ေဖြးစိန္ေလးကေတာ့ Love Equation ႐ုပ္ရွင္ဇာတ္ကားရဲ႕ ႐ိုက္ကြင္းကပုံရိပ္ေလးေတြကို မၾကာမၾကာ ပရိသတ္ေတြကို သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနေဝမွ်ေပးေလ့ရွိပါတယ္။ခ်စ္တဲ့ပရိသတ္ေတြက ေဖြးစိန္ေလးလို႔ ေခၚေလ့ရွိၿပီး ဒီေန႔မွာေတာ့ ေဖြးစိန္ေလးဟာ သူမကိုေခၚတဲ့နာမ္စားနဲ႔ပတ္သက္ၿပီး လူမႈကြန္ရက္စာမ်က္ႏွာကေန ရင္ဖြင့္ခဲ့တာပဲ ျဖစ္ပါတယ္။

 

” ညီမ​ေလး​ေဖြး တို႔ မ​ေဖြးတို႔ ဆို မႀကိဳက္ဖူး…​ေဖြး​ေဖြးလို႔​ေခၚတာပဲႀကိဳက္တယ္ ” ဆိုၿပီး သူမရဲ႕ လူမႈကြန္ရက္ကေန ေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္။ ေဖြးတစ္ေယာက္ကေတာ့ အၿမဲပြင့္ပြင့္လင္းလင္းေျပာတတ္တဲ့သူျဖစ္တာေၾကာင့္ အခုဆိုရင္လည္း ေဖြးစိန္ေလးကေတာ့ဘယ္သူ့ကို ေပါက္ကြဲေနလဲ မသိပါဘူးေနာ္။ CeleConnections ပရိသတ္ႀကီးလည္း ေဖြးစိန္ေလးကို ကိုခ်စ္ရင္ ေဖြးေဖြးလို႕ပဲေခၚဖို႕ တိုက္တြန္းလိုက္ပါတယ္ေနာ္။

 

 

Source : Phway Phway
Candy -CeleConnections
ယူနီကုဒ္ျဖင့္ဖတ္ရန္

” နာမည် အခေါ်အဝေါ်နဲ့ပတ်သက်ပြီး ပေါက်ကွဲနေတဲ့ ဖွေးစိန်လေး ”

ပြည်သူချစ်အနုပညာရှင် ဖွေးဖွေးကတော့ အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုများစွာကိုရရှိထားသူဖြစ်ပြီး အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု (၃)ဆု ကိုပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ကျရာဇာတ်ကောင်ကို ပီပြင်အောင် ကြိုတင်ပြင်ဆင်မှုတွေနဲ့အတူ စိတ်ရောလူရောအားထည့်ကာ အမြဲ ကြိုတင်ပြင်ဆင်မှုတွေနဲ့အနုပညာဝမ်းစာကို အပြည့်ဖြည့်တတ်သူပဲ ဖြစ်ပြီး အနုပညာအလုပ်အပေါ် ဝါသနာကြီးသူတစ်ယောက်လို့ဆိုရမှာပါ။ ပရိသတ်တွေကို လည်း ဟိတ်ဟန်မရှိဘဲ ပွင့်ပွင့်လင်းလင်း ဖော်ဖော်ရွေရွေ ဆက်ဆံတတ်သူလေး ဖြစ်တဲ့အပြင် သူမကိုယ်သူမ Foodie တစ်ယောက်ပါလို့ ပြောလေ့ရှိသူလေးပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲမင်းသားနှစ်လက်ဖြစ်တဲ့ ဒေါင်း ၊ ခါရာတို့နဲ့အတူ သဘာဝမင်းသမီး ချစ်သက်နဲ့တွဲဖက်ကာ ” Love Equation ” ရုပ်ရှင်ဇာတ်ကားကြီးကိုနေ့မအားညမအား ရိုက်ကူးနေတယ်လို့ သိရပါတယ်။ာ ဖွေးစိန်လေးကတော့ Love Equation ရုပ်ရှင်ဇာတ်ကားရဲ့ ရိုက်ကွင်းကပုံရိပ်လေးတွေကို မကြာမကြာ ပရိသတ်တွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဝေမျှပေးလေ့ရှိပါတယ်။ချစ်တဲ့ပရိသတ်တွေက ဖွေးစိန်လေးလို့ ခေါ်လေ့ရှိပြီး ဒီနေ့မှာတော့ ဖွေးစိန်လေးဟာ သူမကိုခေါ်တဲ့နာမ်စားနဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာကနေ ရင်ဖွင့်ခဲ့တာပဲ ဖြစ်ပါတယ်။

” ညီမလေးဖွေး တို့ မဖွေးတို့ ဆို မကြိုက်ဖူး…ဖွေးဖွေးလို့ခေါ်တာပဲကြိုက်တယ် ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်ကနေ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ ဖွေးတစ်ယောက်ကတော့ အမြဲပွင့်ပွင့်လင်းလင်းပြောတတ်တဲ့သူဖြစ်တာကြောင့် အခုဆိုရင်လည်း ဖွေးစိန်လေးကတော့ဘယ်သူ့ကို ပေါက်ကွဲနေလဲ မသိပါဘူးနော်။ CeleConnections ပရိသတ်ကြီးလည်း ဖွေးစိန်လေးကို ကိုချစ်ရင် ဖွေးဖွေးလို့ပဲခေါ်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
Source : Phway Phway
Candy -CeleConnections

error: Alert: Content is protected !!