

 


 

 

 


Source – Nwe Darli Tun
Lavender
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

တစ်စုံတစ်ယောက်ဆီက အချစ်တွေကိုတောင်းခံလိုက်တဲ့ နွယ်ဒါလီထွန်း

နွယ်ဒါလီထွန်းကတော့ အနုပညာလောကထဲမှာ အောင်မြင်မှုတွေ အထိုက်အလျောက်ရရှိနေသူလေး တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ဖြူဝင်းတဲ့အသားအရည်လေးနဲ့ ကိုရီးယားမလေးတစ်ယောက်လို ချောမောလှပလွန်းတာကြောင့် ပုရိသတွေသာမက မိန်းကလေးပရိသတ်တွေရဲ့ ဝန်းရံမှုကိုပါ ရရှိနေသူပါ။ နွယ်ဒါလီထွန်းကတော့ ဖိုတိုမော်ဒယ်လ်တစ်ယောက်အနေနဲ့ ကျော်ကြားသူတစ်ယောက်ဖြစ်သလို ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီဖြစ်ပါတယ်။ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာ တင်လေ့ရှိတဲ့ အလှပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေက နေ့စဉ်နဲ့အမျှ မကြည့်ရမနေနိုင်လောက်အောင် နှစ်သက်သဘောကျနေကြတာပါ။

ပြီးပြည့်စုံတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ နွယ်ဒါလီထွန်းဟာ သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ အလှဓာတ်ပုံလေးတွေနဲ့အတူ ခံစားချက်စာသားလေးတွေကိုပါ ရေးတင်တတ်ပါသေးတယ်။ သူမရေးလေ့ရှိတဲ့ အဖီးတလိုင်းလေးတွေက ဘယ်သူ့ကိုရည်ညွှန်းလဲဆိုတာကိုတော့ ပရိသတ်တွေ မသိရသေးပါဘူး။ မကြာသေးခင်ကလည်း “တစ်သက်လုံးချစ်ပေးပါ” ….ဆိုတဲ့ စာသားလေးနဲ့အတူ ပရိသတ်တွေကို ရင်ခုန်အောင်ဖမ်းစားလိုက်တာပဲ ဖြစ်ပါတယ်။ သူမရဲ့အမာခံပရိသတ်တွေကတော့ နွယ်ဒါလီထွန်းတစ်ယောက် တကယ်ပဲ အချစ်နဲ့တွေ့နေပြီလားဆိုပြီး ဝေခွဲမရဖြစ်နေကြပါပြီ။

ကိုရီးယားမလေးတစ်ယောက်လို ချောမောတဲ့ နွယ်ဒါလီထွန်းရဲ့ တစ်သက်လုံးချစ်နေစေချင်သူလေးက ဘယ်သူများဖြစ်နေမလဲဆိုတာ မှတ်ချက်လေးတွေပေးခဲ့ကြပါဦးနော်။ Cele Connections ကလည်း နွယ်ဒါလီထွန်းတစ်ယောက် အချစ်ခံရသူလေးအဖြစ် ပျော်ရွှင်ပါစေလို့ ပရိသတ်ကြီးနဲ့ ထပ်တူဆုတောင်းပေးလိုက်ပါတယ်။

Source – Nwe Darli Tun
Lavender

error: Alert: Content is protected !!