” တစ္ကိုယ္ေတာ္ေခြကို ခဏေလးအတြင္းမွာေရာင္းကုန္သြားေလာက္ေအာင္ ဝပ္ဝပ္ကြဲအားေပးျခင္းခံခဲ့ရတဲ့ ျဖိဳးျမတ္ေအာင္ “

ျဖိဳးျမတ္ေအာင္ကေတာ့ Myanmar Idol Season 3 ရဲ႕ Winner တစ္ေယာက္ျဖစ္ၿပီး ျမန္မာအိုင္ေဒါလ္ ပရိသတ္ေတြရဲ႕ သည္းသည္းလႈပ္ အားေပးခ်စ္ရတဲ့ အဆို႐ွင္တစ္ေယာက္လို႕ဆိုရမွာပါ။ လူႀကီးလူငယ္မေရြး သေဘာက်ခံရတဲ့အဆို႐ွင္တစ္ဦးျဖစ္ၿပီး အသံပါဝါေကာင္းေကာင္းကို ရ႐ွိပိုင္ဆိုင္ထားတဲ့သူတစ္ေယာက္လည္းျဖစ္တဲ့အျပင္ သူရဲ႕ ႐ုိးသားပြင့္လင္းတဲ့အေျပာေလးေတြနဲ႔ မာန္မာနမ႐ွိမႈေတြေၾကာင့္ပရိသတ္ေတြအခ်စ္ပိုေနရတယ္ဆိုလည္းမမွားပါဘူးေနာ္။ ၿပိဳင္ပြဲကေန ဆုရ႐ွိၿပီးေနာက္မွာ အႏုပညာနယ္ပယ္မွာ ေအာင္ျမင္စြာ ေလ်ွာက္လွမ္းေနၿပီပဲ ျဖစ္ပါတယ္။

အခုဆိုရင္ သီခ်င္းေတြသာမက ေၾကာ္ျငာေတြပါ ရုိက္ကူးလာၿပီျဖစ္တဲ့ ၿဖိဳးျမတ္ေအာင္ကေတာ့ မၾကာေသးမီကလည္း သူ႕ရဲ႕တစ္ကိုယ္ေတာ္ေခြထြက္ရွိခဲ့တာပဲ ျဖစ္ပါတယ္။sOLO ALBUM ေလးရဲ႕ နာမည္ကေတာ့ ” သင့္အတြက္ မနက္ျဖန္ ” ျဖစ္ၿပီး ခဏေလးနဲ႕ အေခြေတြေရာင္ထြက္သြားခဲ့ကာ ထြက္ရွိတာနည္းနည္းၾကာေနၿပီဆိုေပမယ့္ အခုခ်ိန္ေရာင္းအားေကာင္းေနတာေၾကာင့္ အံ့ၾသမိေၾကာင္းေျပာျပခဲ့ပါတယ္။ ပရိသတ္ေတြ အခုလို ေခြေတြကို ဝပ္ဝပ္ကြဲအားေပးမယ္လို႔မထင္ခဲ့ေပမယ့္ အခုလိုအားေပးၾကတဲ့အေပၚ ပရိသတ္ေတြရဲ႕ေမတၱာကို ခံစားမိတယ္လို႕ ေျပာျပခဲ့ပါတယ္။

အခုခတ္မွာ သီခ်င္းနားေထာင္ခ်င္ရင္ ဖုန္းနဲ႕နားေထာင္ေနၾကတဲ့ ေခတ္ႀကီးမွာ အေခြေတြကိုဝယ္ကာအားေပးခဲ့ၾကတဲ့ ျဖိဳးျမတ္ေအာင္ရဲ႕ ေအာင္ျမင္မႈကေတာ့ အံ႕မခန္းပါပဲေနာ္။ထြက္ရွိထားတဲ့ သီခ်င္းေခြနဲ႕ပတ္သက္ၿပီး MTV ရုိက္ဖို႕ အစိအစဥၤကေတာ့ ရွိေပမယ့္ နည္းနည္းၾကာဦးမယ္လို႕ သိရပါတယ္။သီခ်င္းေခြထြက္၇ွိလာတဲ့အခ်ိန္မွာ အားေမေပးတဲ့ သူေတြေတာင္ အားေပးလာၾကတာေတြ႕ရတယ္လို႕လည္း ရင္ဖြင့္ေျပာျပခဲ့ပါေသးတယ္။ သူ႕ရဲ႕ သီခ်င္းစီရီးေခါင္းစဥ္နာမည္ျဖစ္တဲ့ ” သင့္အတြက္ မနက္ျဖန္ ” သီခ်င္းေလးကေတာ့ လူႀကီးေတြသာမက ကေလးေတြပါ အလြတ္ရတဲ့ထိ အားေပးႏွစ္ျခိဳက္ၾကတာေၾကာင့္ ေပ်ာ္မိတယ္လို႕ သိရပါတယ္။ CeleConnections ပရိသတ္ႀကီးေရာ ျဖိဳးျမတ္ေအာင္ကို သေဘာက်တဲ့သူေတြရွိရင္ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Source : Myanmar Celebrity
Candy – CeleConnections
ယူနီကုဒ္ျဖင့္ဖတ္ရန္

” တစ်ကိုယ်တော်ခွေကို ခဏလေးအတွင်းမှာရောင်းကုန်သွားလောက်အောင် ဝပ်ဝပ်ကွဲအားပေးခြင်းခံခဲ့ရတဲ့ ဖြိုးမြတ်အောင် ”

 

ဖြိုးမြတ်အောင်ကတော့ Myanmar Idol Season 3 ရဲ့ Winner တစ်ယောက်ဖြစ်ပြီး မြန်မာအိုင်ဒေါလ် ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးချစ်ရတဲ့ အဆိုရှင်တစ်ယောက်လို့ဆိုရမှာပါ။ လူကြီးလူငယ်မရွေး သဘောကျခံရတဲ့အဆိုရှင်တစ်ဦးဖြစ်ပြီး အသံပါဝါကောင်းကောင်းကို ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်လည်းဖြစ်တဲ့အပြင် သူရဲ့ ရိုးသားပွင့်လင်းတဲ့အပြောလေးတွေနဲ့ မာန်မာနမရှိမှုတွေကြောင့်ပရိသတ်တွေအချစ်ပိုနေရတယ်ဆိုလည်းမမှားပါဘူးနော်။ ပြိုင်ပွဲကနေ ဆုရရှိပြီးနောက်မှာ အနုပညာနယ်ပယ်မှာ အောင်မြင်စွာ လျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်။

အခုဆိုရင် သီချင်းတွေသာမက ကြော်ငြာတွေပါ ရိုက်ကူးလာပြီဖြစ်တဲ့ ဖြိုးမြတ်အောင်ကတော့ မကြာသေးမီကလည်း သူ့ရဲ့တစ်ကိုယ်တော်ခွေထွက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။sOLO ALBUM လေးရဲ့ နာမည်ကတော့ ” သင့်အတွက် မနက်ဖြန် ” ဖြစ်ပြီး ခဏလေးနဲ့ အခွေတွေရောင်ထွက်သွားခဲ့ကာ ထွက်ရှိတာနည်းနည်းကြာနေပြီဆိုပေမယ့် အခုချိန်ရောင်းအားကောင်းနေတာကြောင့် အံ့သြမိကြောင်းပြောပြခဲ့ပါတယ်။ ပရိသတ်တွေ အခုလို ခွေတွေကို ဝပ်ဝပ်ကွဲအားပေးမယ်လို့မထင်ခဲ့ပေမယ့် အခုလိုအားပေးကြတဲ့အပေါ် ပရိသတ်တွေရဲ့မေတ္တာကို ခံစားမိတယ်လို့ ပြောပြခဲ့ပါတယ်။

အခုခတ်မှာ သီချင်းနားထောင်ချင်ရင် ဖုန်းနဲ့နားထောင်နေကြတဲ့ ခေတ်ကြီးမှာ အခွေတွေကိုဝယ်ကာအားပေးခဲ့ကြတဲ့ ဖြိုးမြတ်အောင်ရဲ့ အောင်မြင်မှုကတော့ အံ့မခန်းပါပဲနော်။ထွက်ရှိထားတဲ့ သီချင်းခွေနဲ့ပတ်သက်ပြီး MTV ရိုက်ဖို့ အစိအစဥၤကတော့ ရှိပေမယ့် နည်းနည်းကြာဦးမယ်လို့ သိရပါတယ်။သီချင်းခွေထွက်ရှိလာတဲ့အချိန်မှာ အားမေပေးတဲ့ သူတွေတောင် အားပေးလာကြတာတွေ့ရတယ်လို့လည်း ရင်ဖွင့်ပြောပြခဲ့ပါသေးတယ်။ သူ့ရဲ့ သီချင်းစီရီးခေါင်းစဉ်နာမည်ဖြစ်တဲ့ ” သင့်အတွက် မနက်ဖြန် ” သီချင်းလေးကတော့ လူကြီးတွေသာမက ကလေးတွေပါ အလွတ်ရတဲ့ထိ အားပေးနှစ်ခြိုက်ကြတာကြောင့် ပျော်မိတယ်လို့ သိရပါတယ်။ CeleConnections ပရိသတ်ကြီးရော ဖြိုးမြတ်အောင်ကို သဘောကျတဲ့သူတွေရှိရင် မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : Myanmar Celebrity
Candy – CeleConnections

error: Alert: Content is protected !!