



Source : Han Linn
Candy – Cele Connection
ယူနီကုဒ်ဖြင့်ဖတ်ရန်

” ရေစက်တွေမကုန်သရွေ့ ဆက်ချစ်နေကြမယ်လို့ ဆိုလာတဲ့ မေဦးနဲ့ဟန်လင်းတို့ စုံတွဲ ”

မေဦးကတော့ မိတ်ကပ်လောကမှာ အောင်မြင်မှုတစ်ခုကို ပိုင်ဆိုင်ထားတဲ့ ထိပ်တန်းတစ်ဦးလို့ဆိုရမှာပါ။ မေဦးကတော့ အောင်မြင်နေတဲ့ မိတ်ကပ်ပညာရှင်ဖြစ်ပေမယ့်လည်း မာန်မာနထားလေ့မရှိဘဲ လက်အောက်ငယ်သားတွေကို ပညာတွေသင်ပေးတတ်တဲ့သူလို့ အနုပညာအသိုင်းအဝိုင်းရဲ့ ချီးကျူးခြင်းခံရသူ ပဲ ဖြစ်ပါတယ်။ မိတ်ကပ်နဲ့ပတ်သက်လာရင် အနုပညာအသိုင်းအဝိုင်းကရော အပြင်လောက ကပါ အားကိုးတစ်ကြီးအားကိုးရတဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် အောင်မြင်လာတဲ့အချိန်မှာလည်းမိဘကို ပြန်လည်ကြည့်ရှုစောင့်ရှောက်ကာအလုပ်အကျွေးပြုနေသူ တစ်ယောက်ပါ။

မေဦး ဆိုတာနဲ့ မေဦးချစ်သူ ဟန်လင်းကိုတွဲ မြင်ကြတာပဲ ဖြစ်ပြီး ချစ်သူတွေဖြစ်ကြောင်း တရားဝင် ချစ်သူတွေ ဖြစ်ကြောင်း ချပြခဲ့တဲ့အချိန်မှာလည်း ဝေဖန်မှုတွေ ရှိခဲ့ကြပေမယ့် အားပေးဝန်းရံတဲ့သူတွေကပိုမျာလားခဲ့တယ်လို့ဆိုနိုင်ပါတယ်။ မဦးနဲ့ဟန်လင်းတို့ဟာ ချစ်သူသက်တမ်း(၃)နှစ်ပြည့်ကို ပရိသတ်တွေအားကျရလောက်တဲ့ပထိ ရိုမန့်တစ်ဆန်ဆန် ဗီဒီယိုလေးရိုက်ကူးကာ လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေခဲ့တာဖြစ်ပေမယ့်လူတွေမသိတဲ့ အခက်အခဲအတားအဆီးတွေအများကြီးကြုံတွေ့ ခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။

ရိုမန့်တစ်ဆန်လွန်းတဲ့ သူတို့စုံတွဲလေးကတော့ နားလည်မှုနဲ့ရှေ့ဆက်ရှေ့ကာ တည်ငြိမ်တဲ့ RelationShip ကိုတည်ဆောက်မှာ ဖြစ်တဲ့အကြောင်းကိုချစ်တဲ့ပရိသတ်တွေသိအောင်ပြောပြခဲ့တာပါ။ လက်ရှိမှာလည်း သူ့တို့ ဆက်ဆံရေးနဲ့ပတ်သက်ပြီး ” ကျွန် တော် တို့ ချစ် သူ သက် တမ်း (၁ ) နှစ် ကျော် မှာ နား လည် မှု ကြီး ကြီး မား မား တစ် ခု ကို နှစ် ဦး သ ဘော တူ ထား ခဲ့ ပြီး နောက် ပိုင်း တော့ သာ ယာ တဲ့ ချစ် သူ ဘ ဝ ကို ရ ခဲ့ တယ်… အဲ့ လို က နေ အ ခု သုံး နှစ် ကျော် ခဲ့ ပါ ပြီ…သူ ကျွန် တော့် ကို သိပ် ချစ် နေ သေး တယ် ဆို တာ ကျွန် တော် ခံ စား မိ ပါ တယ်… ကျွန် တော် လည်း သူ့ ကို သိပ် ချစ် ပါ တယ်… ကျွန် တော် တို့ တည် ဆောက် ထား တဲ့ အ ခု ဘ ဝ လေး က သူ အ ရှေ့ မှာ ထား ခဲ့ ဖူး တဲ့ ရည်း စား တွေ နဲ့ ရော ကျွန် တော် ထား ခဲ့ ဖူး တဲ့ ရည်း စား တွေ နဲ့ ပါ မ တူ တဲ့ အ တွက် ကျွန် တော် တို့ ရဲ့ ခက် ခက် ခဲ ခဲ တည် ဆောက် ထား ရ တဲ့ အ ခု ဘ ဝ လေး ကို နှစ် ဦး သား တန် ဖိုး ထား ပါ တယ်။ ရှေ့ လျောက် လည်း ကျွန် တော် တို့ နှစ် ဦး အ တူ တူ ပြု ခဲ့ ဖူး တဲ့ ကု သိုလ် ရေ စက် တွေ မ ကုန် ခမ်း သ ရွေ့ အ တတ် နိုင် ဆုံး တည် ငြိမ် တဲ့ RS တစ် ခု ကို ကျွန် တော် တို့ နှစ် ယောက် တူ တူ ထိန်း သိမ်း မှာ ပါ။ ” ဆိုပြီး ဟန်လင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြခဲ့တာပါ။ CeleConnection ပရိသတ်ကြီးလည်း မေဦးနဲ့ ဟန်လင်းတို့ စုံတွဲကို ချစ်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Han Linn
Candy – Cele Connection

error: Alert: Content is protected !!