ေမြးရက္ဇာတိေလးကုိ တမ္းတမ္းတတလြမ္းေနတဲ့ စုိင္းစိုင္းခမ္းလႈိင္

ဂီတေလာကမွာ ႏွစ္ေပါင္းမ်ားစြာတိုင္ ပရိသတ္အ႐ြယ္ေပါင္းစုံက တခဲနက္အားေပးခ်စ္ခင္ၾကတဲ့ ႏိုင္ငံေက်ာ္အဆိုေတာ္တစ္ေယာက္ကို ေဖာ္ၫႊန္းျပရရင္ အားလုံးကစိုင္းစိုင္းလို႔ ခ်စ္စႏိုးေခၚၾကတဲ့ စိုင္းစိုင္းခမ္းလႈိင္ပဲျဖစ္ပါတယ္။ သူဟာ ေအာင္ျမင္တဲ့အဆိုေတာ္တစ္ေယာက္အျဖစ္ ေက်ာ္ၾကားသူတစ္ေယာက္ျဖစ္သလို သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ ဇာတ္ကားေပါင္းမ်ားစြာကို ႐ိုက္ကူးေနတဲ့ မင္းသားတစ္လက္လည္းျဖစ္ပါတယ္။ သူကိုယ္တိုင္ေရးသားသီဆိုခဲ့တဲ့ ေတးသီခ်င္းေတြကလည္း တစ္ပုဒ္ဆိုတစ္ပုဒ္ဆိုသေလာက္ ပရိသတ္ရင္ထဲစြဲထင္က်န္ရစ္ေစတာပါ။ စိုင္းစိုင္းဟာ အခုခ်ိန္မွာ သူ႔ပရိသတ္ႏႈတ္ခမ္းနီမေလးေတြ သေဘာက်တဲ့ အလွကုန္ပစၥည္းေတြကိုလည္း ထုတ္လုပ္ေနသူျဖစ္ပါတယ္။

 

အခုလိုရာသီပြဲအခ်ိန္ေတြေရာက္တိုင္း ျမန္မာႏိုင္ငံေဒသအႏွံ႔က သူ႔ကိုခ်စ္ၾကတဲ့ ပရိသတ္ေတြကေတာ့ သူ႔ရႈိးပြဲကို အားေပးဖို႔ေစာင့္ေမွ်ာ္ၾကစၿမဲပါ။ ေတာင္ႀကီးဇာတိျဖစ္တဲ့ ရွမ္းတိုင္းရင္းသားေလး စိုင္းစိုင္းကမၾကာေသးခင္က သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန “အိပ္မရတဲ့ ညမ်ားစြာထဲ .. အိုး မီးရႉးခိုပ်ံမ်ားေတြ႕ရင္ .. အိမ္ျပန္ခ်င္တဲ့ စိတ္ေလးတားမရဘူး” …. လို႔ မွ်ေဝခဲ့ပါေသးတယ္။ အိမ္ကိုလြမ္းေနတဲ့ စိုင္းစိုင္းကို သူ႔ရဲ႕ခ်စ္ပရိသတ္ေတြကေတာ့ မွတ္ခ်က္ေတြအမ်ိဳးမ်ိဳးနဲ႔ အားေပးစကားေတြဆိုခဲ့ၾကပါတယ္။

 

ေတာင္ေပၚေျမကို လြမ္းေနတဲ့ စိုင္းစိုင္းတစ္ေယာက္ အလြမ္းေတြအျမန္ဆုံး ေျပေပ်ာက္ပါေစလို႔ ခ်စ္ပရိသတ္ႀကီးနဲ႔ ထပ္တူဆုေတာင္းေပးလိုက္ပါတယ္။ ပရိသတ္ရဲ႕ခ်စ္ခင္အားေပးမႈကို ဆယ္စုႏွစ္တစ္စုၾကာေအာင္ ထိန္းသိမ္းထားႏိုင္တဲ့ စိုင္းစိုင္းရဲ႕ပုံရိပ္ေလးေတြကိုလည္း Cele Connections ပရိသတ္ႀကီးအတြက္ မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source – Sai Sai Kham Leng
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

မွေးရက်ဇာတိလေးကို တမ်းတမ်းတတလွမ်းနေတဲ့ စိုင်းစိုင်းခမ်းလှိုင်

ဂီတလောကမှာ နှစ်ပေါင်းများစွာတိုင် ပရိသတ်အရွယ်ပေါင်းစုံက တခဲနက်အားပေးချစ်ခင်ကြတဲ့ နိုင်ငံကျော်အဆိုတော်တစ်ယောက်ကို ဖော်ညွှန်းပြရရင် အားလုံးကစိုင်းစိုင်းလို့ ချစ်စနိုးခေါ်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်ပဲဖြစ်ပါတယ်။ သူဟာ အောင်မြင်တဲ့အဆိုတော်တစ်ယောက်အဖြစ် ကျော်ကြားသူတစ်ယောက်ဖြစ်သလို သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးနေတဲ့ မင်းသားတစ်လက်လည်းဖြစ်ပါတယ်။ သူကိုယ်တိုင်ရေးသားသီဆိုခဲ့တဲ့ တေးသီချင်းတွေကလည်း တစ်ပုဒ်ဆိုတစ်ပုဒ်ဆိုသလောက် ပရိသတ်ရင်ထဲစွဲထင်ကျန်ရစ်စေတာပါ။ စိုင်းစိုင်းဟာ အခုချိန်မှာ သူ့ပရိသတ်နှုတ်ခမ်းနီမလေးတွေ သဘောကျတဲ့ အလှကုန်ပစ္စည်းတွေကိုလည်း ထုတ်လုပ်နေသူဖြစ်ပါတယ်။

အခုလိုရာသီပွဲအချိန်တွေရောက်တိုင်း မြန်မာနိုင်ငံဒေသအနှံ့က သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေကတော့ သူ့ရှိုးပွဲကို အားပေးဖို့စောင့်မျှော်ကြစမြဲပါ။ တောင်ကြီးဇာတိဖြစ်တဲ့ ရှမ်းတိုင်းရင်းသားလေး စိုင်းစိုင်းကမကြာသေးခင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “အိပ်မရတဲ့ ညများစွာထဲ .. အိုး မီးရှူးခိုပျံများတွေ့ရင် .. အိမ်ပြန်ချင်တဲ့ စိတ်လေးတားမရဘူး” …. လို့ မျှဝေခဲ့ပါသေးတယ်။ အိမ်ကိုလွမ်းနေတဲ့ စိုင်းစိုင်းကို သူ့ရဲ့ချစ်ပရိသတ်တွေကတော့ မှတ်ချက်တွေအမျိုးမျိုးနဲ့ အားပေးစကားတွေဆိုခဲ့ကြပါတယ်။

တောင်ပေါ်မြေကို လွမ်းနေတဲ့ စိုင်းစိုင်းတစ်ယောက် အလွမ်းတွေအမြန်ဆုံး ပြေပျောက်ပါစေလို့ ချစ်ပရိသတ်ကြီးနဲ့ ထပ်တူဆုတောင်းပေးလိုက်ပါတယ်။ ပရိသတ်ရဲ့ချစ်ခင်အားပေးမှုကို ဆယ်စုနှစ်တစ်စုကြာအောင် ထိန်းသိမ်းထားနိုင်တဲ့ စိုင်းစိုင်းရဲ့ပုံရိပ်လေးတွေကိုလည်း Cele Connections ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source – Sai Sai Kham Leng
Lavender

error: Alert: Content is protected !!