” အေဖလိုဆရာလို ခ်စ္ရတဲ့ ေက်ာ္သူကို လူသိရွင္ၾကားေတာင္းပန္လိုက္တဲ့ ေဒါင္း “

ေဒါင္းကေတာ့ ” ပုဂံၿမိဳ႕သူ ” ဇာတ္လမ္းတြဲ မွာ ေမာင္ေမာင္ႀကီး ကာ႐ိုက္တာနဲ႔ ပရိသတ္ေတြရင္ထဲေရာက္ခဲ့သူပဲ ျဖစ္ၿပီး ” Star Awards Best Tv Series Actor ” ဆုကို ပုဂံၿမိဳ႕သူဇာတ္ကားနဲ႔ရရွိခဲ့သူတစ္ေယာက္ပါ။ေအခုဆို႐ုပ္ရွင္ကားႀကီးေတြပါ ႐ိုက္ၿပီး ပရိသတ္အားေပးမႈအျပည့္အဝရထားသူပဲ ျဖစ္ပါတယ္။ ေဒါင္းကိုဆိုမေႂကြတဲ့ မိန္းကေလးေတြမရွိသေလာက္ပါပဲေနာ္။ဒါင္းရဲ႕ ေနာက္မွာ အားေပးတဲ့ အမာခံမိန္းကေလးပရိသတ္ေတြ အမ်ားႀကီးရွိပါတယ္။ ေဒါင္းရဲ႕ ညႇိဳ႕အားျပင္းတဲ့မ်က္ဝန္းတစ္စုံနဲ႔ သူ႔ရဲ႕ တည္ၿငိမ္ေအးေဆးတဲ့ အၿပဳံး ေယာက်ာ္းပီသတဲ့ ပုံစံေၾကာင့္ ႏႈတ္ခမ္းနီမေလးေတြ ေႂကြေလာက္စရာ ျဖစ္ေနတာပါ။

႐ုပ္ရွင္ကားႀကီးေတြမ်ားစြာ႐ိုက္ကူးလာရတဲ့ ေဒါင္းကေတာ့ ပြဲဦးထြက္ ႐ုပ္သံဇာတ္လမ္းတြဲထဲက ျပည္သူ႔အခ်စ္ေတာ္ ပရဟိတမင္းသားႀကီး ေက်ာ္သူ နဲ႔တြဲဖက္သ႐ုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ယခုလက္ရွိမွာပရိသတ္ေတြအထူးစိတ္ဝင္စားေနတဲ့ ” ၁၀၁၄ ” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာလည္း ပရဟိတမင္းသားႀကီး ေက်ာ္သူ နဲ႔တြဲဖက္ပါဝင္ထားပါေသးတယ္။ေဒါင္းကေတာ့ ” ၁၀၁၄ ” ႐ုပ္ရွင္ဇာတ္ကားႀကီးရဲ႕ Family Show တစ္ခုကိုေနာက္က်ခဲ့တာေၾကာင့္ ဆရာလိုအေဖလို ခ်စ္ရတဲ့ ေက်ာ္သူက ဆူခဲ့တဲ့အေပၚ ေဒါင္းရဲ႕ပရိသတ္ေတြစိတ္ဆိုးတာကိုခံခဲ့ရေၾကာင္းကို မီဒီယာေတြကို ေက်ာ္သူ ကေျဖၾကားခဲ့ပါတယ္။

ေျဖၾကားခဲ့တဲ့ အင္တာဗ်ဴးနဲ႔ ပတ္သက္ၿပီး အၿမဲ လူႀကီးသူမေတြအျပင္ ဆရာသမားေတြအေပၚမွာ ႐ိုေသကိုင္းရႈိင္းမႈရွိတဲ့ ေဒါင္းကေတာ့ ဆရာလိုအေဖလိုခ်စ္ရတဲ့ ေက်ာ္သူ ကို ေတာင္းပန္စကားေျပာကာ ေနာက္ခါမမွားေအာင္ျပင္ဆင္မယ့္အေၾကာင္းကို ” အေဖလိုခ်စ္ရတဲ့သူကစိတ္ဆိုးေတာ့ သားျဖစ္တဲ့ကြၽန္ေတာ္က ေနာက္ဆို ဂ႐ုစိုက္ရမယ္ဗ်ာ ” ဆိုၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာမွာ ေဖာ္ျပခဲ့ပါတယ္။ဒါင္းရဲ႕ ကိုယ့္အမွားကိုယ္သိကာ ဝန္ခံေတာင္းပန္တဲ့အေပၚ ပရိသတ္ေတြကလည္း အခ်စ္ပိုေနၾကတာပဲ ျဖစ္ပါတယ္။CeleConnection ပရိသတ္ႀကီးလည္း ေဒါင္းရဲ႕ တာဝန္သိစိတ္နဲ႕ အမွားကိုသိကာျပင္ဆင္တတ္တဲ့စိတ္ေလးကို သေဘာက်ရင္ မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

 

Source : Daung -ေဒါင္း
Candy – CeleConnection
ယူနီကုဒ္ျဖင့္ဖတ္ရန္

” အဖေလိုဆရာလို ချစ်ရတဲ့ ကျော်သူကို လူသိရှင်ကြားတောင်းပန်လိုက်တဲ့ ဒေါင်း ”

ဒေါင်းကတော့ ” ပုဂံမြို့သူ ” ဇာတ်လမ်းတွဲ မှာ မောင်မောင်ကြီး ကာရိုက်တာနဲ့ ပရိသတ်တွေရင်ထဲရောက်ခဲ့သူပဲ ဖြစ်ပြီး ” Star Awards Best Tv Series Actor ” ဆုကို ပုဂံမြို့သူဇာတ်ကားနဲ့ရရှိခဲ့သူတစ်ယောက်ပါ။အေခုဆိုရုပ်ရှင်ကားကြီးတွေပါ ရိုက်ပြီး ပရိသတ်အားပေးမှုအပြည့်အဝရထားသူပဲ ဖြစ်ပါတယ်။ ဒေါင်းကိုဆိုမကြွေတဲ့ မိန်းကလေးတွေမရှိသလောက်ပါပဲနော်။ဒါင်းရဲ့ နောက်မှာ အားပေးတဲ့ အမာခံမိန်းကလေးပရိသတ်တွေ အများကြီးရှိပါတယ်။ ဒေါင်းရဲ့ ညှို့အားပြင်းတဲ့မျက်ဝန်းတစ်စုံနဲ့ သူ့ရဲ့ တည်ငြိမ်အေးဆေးတဲ့ အပြုံး ယောကျာ်းပီသတဲ့ ပုံစံကြောင့် နှုတ်ခမ်းနီမလေးတွေ ကြွေလောက်စရာ ဖြစ်နေတာပါ။

ရုပ်ရှင်ကားကြီးတွေများစွာရိုက်ကူးလာရတဲ့ ဒေါင်းကတော့ ပွဲဦးထွက် ရုပ်သံဇာတ်လမ်းတွဲထဲက ပြည်သူ့အချစ်တော် ပရဟိတမင်းသားကြီး ကျော်သူ နဲ့တွဲဖက်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ယခုလက်ရှိမှာပရိသတ်တွေအထူးစိတ်ဝင်စားနေတဲ့ ” ၁၀၁၄ ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရဟိတမင်းသားကြီး ကျော်သူ နဲ့တွဲဖက်ပါဝင်ထားပါသေးတယ်။ဒေါင်းကတော့ ” ၁၀၁၄ ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Family Show တစ်ခုကိုနောက်ကျခဲ့တာကြောင့် ဆရာလိုအဖေလို ချစ်ရတဲ့ ကျော်သူက ဆူခဲ့တဲ့အပေါ် ဒေါင်းရဲ့ပရိသတ်တွေစိတ်ဆိုးတာကိုခံခဲ့ရကြောင်းကို မီဒီယာတွေကို ကျော်သူ ကဖြေကြားခဲ့ပါတယ်။

ဖြေကြားခဲ့တဲ့ အင်တာဗျူးနဲ့ ပတ်သက်ပြီး အမြဲ လူကြီးသူမတွေအပြင် ဆရာသမားတွေအပေါ်မှာ ရိုသေကိုင်းရှိုင်းမှုရှိတဲ့ ဒေါင်းကတော့ ဆရာလိုအဖေလိုချစ်ရတဲ့ ကျော်သူ ကို တောင်းပန်စကားပြောကာ နောက်ခါမမှားအောင်ပြင်ဆင်မယ့်အကြောင်းကို ” အဖေလိုချစ်ရတဲ့သူကစိတ်ဆိုးတော့ သားဖြစ်တဲ့ကျွန်တော်က နောက်ဆို ဂရုစိုက်ရမယ်ဗျာ ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ဒါင်းရဲ့ ကိုယ့်အမှားကိုယ်သိကာ ဝန်ခံတောင်းပန်တဲ့အပေါ် ပရိသတ်တွေကလည်း အချစ်ပိုနေကြတာပဲ ဖြစ်ပါတယ်။CeleConnection ပရိသတ်ကြီးလည်း ဒေါင်းရဲ့ တာဝန်သိစိတ်နဲ့ အမှားကိုသိကာပြင်ဆင်တတ်တဲ့စိတ်လေးကို သဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Daung -ဒေါင်း
Candy – CeleConnection

error: Alert: Content is protected !!