

 


 


Source : Yi Yi Pwint Phyu
Molly

ယူနီကုဒ်ဖြင့်ဖတ်ရန်

 

အူတက်အောင်ရယ်ရတဲ့ စုံတွဲပွဲတွေ ပရိသတ်ကိုချပြလိုက်တဲ့မောင်နဲ့ ရီရီပွင့်ဖြူတို့စုံတွဲ

 

မောင်ဆိုတဲ့ နာမည်နဲ့ပရိသတ်တွေအားလုံးသိခဲ့ကြတဲ့ နန္ဒာလှိုင်ရဲ့ တစ်ဦးတည်းသောမောင်လေး စိန်လှိုင်ဖြိုး ကိုတော့ ပရိသတ်တွေအားလုံးသိမယ်ထင်ပါတယ် ။ အနုပညာအလုပ်တွေ ရပ်နားပြီး ဆရာဝန်တစ်ယောက် အဖြစ်ရပ်တည်နေတဲ့ မောင်ကတော့ ချစ်ရတဲ့ မင်းသမီးချောလေး ရီရီပွင့်ဖြူနဲ့ချစ်သူတွေ ဖြစ်ပြီး ပရိသတ်တွေ အားကျရတဲ့ စုံတွဲလေးပါပဲ ။ နှစ်ယောက် အတူ ခရီးတွေ အတူတူထွက်ပြီး ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေကိုလည်း သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ မကြာခဏ ပရိသတ်တွေကို မျှဝေပေးလေ့ရှိပါတယ် ။

ချစ်သူသက်တမ်း ၆နှစ်ကျော်ထိ အချစ်တွေ မပြယ်သေးဘဲ ပိုပိုတိုးပြီးချစ်နေကြတဲ့ သူတို့စုံတွဲလေးကို ပရိသတ်တွေအားလုံးက အချစ်ပိုနေကြတာပါ ။ အနုပညာအလုပ်တွေ ဆက်မလုပ်ပေမယ့်လည်း သူတို့ရဲ့အချစ်ရေးလေးကိုတော့ ပရိသတ်တွေကအမြဲစိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြတာပါ ။လတ်တလောမှာလည်း ” အော်…ဓါတ်ပုံလေးတပုံမှကောင်းကောင်းရိုက်မရအောင်…မျက်စိတွေနောက်လိုက်တာနော်.. ” ဆိုတဲ့စာသားလေးနဲ့အတူ သူတို့နှစ်ယောက်ရဲ့ ရုပ်ပြောင်ပုံလေးတွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကိုမျှဝေပေးခဲ့တာပါ ။

အမြဲတမ်း တစ်ယောက်နဲ့တစ်ယောက် စနောက်ကြည်စယ်ပြီး အမြဲ ချစ်ချစ်ခင်ခင် နေတတ်တဲ့ သူတို့စုံတွဲလေးကတော့ တကယ်ကို အားကျစရာပါပဲ ပရိသတ်ကြီးရေ ။ မနက်ဖြန်ဆိုတာတောင် မသေချာတဲ့ လောကကြီးမှာ ၆နှစ်ကြာအောင် ချစ်ခြင်းတွေ ခိုင်မြဲခဲ့တဲ့ သူတို့စုံတွဲလေးကို ချစ်ကြတဲ့ Cele Connections ပရိသတ်ကြီးအတွက် အခွီစုံတွဲပုံရိပ်လေးတွေကို အခုပဲ မျှဝေပေးလိုက်ပြီနော် ။

Source : Yi Yi Pwint Phyu
Molly

 

error: Alert: Content is protected !!