အလြမ္းရက္ေတြကုိ သစၥာတရားေတြနဲ႔ ေက်ာ္ျဖတ္ေနတဲ့ အိန္ဂ်ယ္လမုန္

အိန္ဂ်ယ္လမုန္ဟာ ကုိရီးယားမင္းသမီးေလးတစ္ေယာက္လို ျဖဴ၀င္းတဲ့အသားအရည္နဲ႔ ျမင့္မားတဲ့အရပ္အေမာင္းကုိ ပုိင္ဆုိင္ထားၿပီး လွပေခ်ာေမာတဲ့ ေမာ္ဒယ္လ္တစ္ေယာက္ျဖစ္ပါတယ္။ သူမဟာ အႏုပညာေလာကထဲကုိ ေမာ္ဒယ္လ္တစ္ေယာက္အျဖစ္ စတင္၀င္ေရာက္လာခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ သ႐ုပ္ေဆာင္အလုပ္ေတြကုိလည္း စတင္လုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။ ပုရိသေတြစဲြမက္ေလာက္တဲ့ စဲြေဆာင္မႈရွိတဲ့ ႐ုပ္ရည္ေလးပုိင္ရွင္ အိန္ဂ်ယ္လမုန္က အခုခ်ိန္မွာေတာ့ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚ စတင္ေလွ်ာက္လွမ္းေနပါၿပီ။ ဟန္ေဆာင္မႈကင္းတဲ့ အၿပံဳးေလးေတြနဲ႔ အႏုပညာအလုပ္ေတြကို စိတ္အားထက္သန္စြာ လုပ္ေဆာင္ေနတဲ့သူမကုိ ၀န္းရံအားေပးေနၾကတဲ့ ပရိသတ္ေတြကလည္း အမ်ားအျပားပါပဲ။

 

အိန္ဂ်ယ္လမုန္ရဲ႕ အမာခံပရိသတ္ေတြကေတာ့ သူမရဲ႕ခ်စ္စဖြယ္ေကာင္းတဲ့ ပုံရိပ္ေလးေတြကုိ လူမႈကြန္ရက္စာမ်က္ႏွာကေန ေန႔စဥ္ေစာင့္ၾကည့္ အားေပးေနၾကတာပါ။ ကုိရီးယားဆန္သူေလး အိန္ဂ်ယ္က သူမရဲ႕ ႏွလုံးသားေရးရာနဲ႔ ပတ္သက္ၿပီးေတာ့လည္း ပရိသတ္ေတြကုိ ပေဟဠိဖြက္တတ္စၿမဲပါ။ မၾကာေသးခင္က သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ “ ေရေျမျခားလည္း မေဖာက္ျပန္ဘူး။ အေနေ၀းလည္း ေသြးမေအးဘူူး။ နင္ကလဲြၿပီး တျခားသူလည္း ငါမခ်စ္ႏုိင္ဘူး”….လို႔ တီတီတာတာေလးဆုိခဲ့ပါေသးတယ္။ အိန္ဂ်ယ္ေလးတစ္ေယာက္ ကတိစကားေတြေျပာၿပီး သစၥာရွိေၾကာင္းသက္ေသျပေနရသူေလးက ဘယ္သူျဖစ္မလဲဆိုတာကုိေတာ့ ပရိသတ္ေတြ စိတ္၀င္တစားနဲ႔သိခ်င္ေနၾကၿပီ။

 

လွပေခ်ာေမာတဲ့ အိန္ဂ်ယ္ေလးရဲ႕ ေရေျမျခားအရပ္မွာ ေရာက္ေနသူက ဘယ္သူျဖစ္ႏုိင္လဲဆိုတာ ခ်စ္ပရိသတ္ႀကီးက မွတ္ခ်က္ေလးေတြေပးၿပီး ခန္႔မွန္းေပးခဲ့ပါဦး။ ပရိသတ္ႀကီးအတြက္လည္း Cele Connections က ကုိရီးယားမေလးတစ္ေယာက္လို႔ လွပလြန္းတဲ့ အိန္ဂ်ယ္လမုန္ရဲ႕ ပုံရိပ္ေလးေတြကို မ်ွေ၀ေပးလိုက္ပါတယ္ေနာ္။

Source – Angel Lamung
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

အလွမ်းရက်တွေကို သစ္စာတရားတွေနဲ့ ကျော်ဖြတ်နေတဲ့ အိန်ဂျယ်လမုန်

အိန်ဂျယ်လမုန်ဟာ ကိုရီးယားမင်းသမီးလေးတစ်ယောက်လို ဖြူဝင်းတဲ့အသားအရည်နဲ့ မြင့်မားတဲ့အရပ်အမောင်းကို ပိုင်ဆိုင်ထားပြီး လှပချောမောတဲ့ မော်ဒယ်လ်တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အနုပညာလောကထဲကို မော်ဒယ်လ်တစ်ယောက်အဖြစ် စတင်ဝင်ရောက်လာခဲ့ပေမယ့် အခုချိန်မှာတော့ သရုပ်ဆောင်အလုပ်တွေကိုလည်း စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ပုရိသတွေစွဲမက်လောက်တဲ့ စွဲဆောင်မှုရှိတဲ့ ရုပ်ရည်လေးပိုင်ရှင် အိန်ဂျယ်လမုန်က အခုချိန်မှာတော့ အောင်မြင်မှုလမ်းကြောင်းပေါ် စတင်လျှောက်လှမ်းနေပါပြီ။ ဟန်ဆောင်မှုကင်းတဲ့ အပြုံးလေးတွေနဲ့ အနုပညာအလုပ်တွေကို စိတ်အားထက်သန်စွာ လုပ်ဆောင်နေတဲ့သူမကို ဝန်းရံအားပေးနေကြတဲ့ ပရိသတ်တွေကလည်း အများအပြားပါပဲ။

အိန်ဂျယ်လမုန်ရဲ့ အမာခံပရိသတ်တွေကတော့ သူမရဲ့ချစ်စဖွယ်ကောင်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာကနေ နေ့စဉ်စောင့်ကြည့် အားပေးနေကြတာပါ။ ကိုရီးယားဆန်သူလေး အိန်ဂျယ်က သူမရဲ့ နှလုံးသားရေးရာနဲ့ ပတ်သက်ပြီးတော့လည်း ပရိသတ်တွေကို ပဟေဠိဖွက်တတ်စမြဲပါ။ မကြာသေးခင်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ “ ရေမြေခြားလည်း မဖောက်ပြန်ဘူး။ အနေဝေးလည်း သွေးမအေးဘူူး။ နင်ကလွဲပြီး တခြားသူလည်း ငါမချစ်နိုင်ဘူး”….လို့ တီတီတာတာလေးဆိုခဲ့ပါသေးတယ်။ အိန်ဂျယ်လေးတစ်ယောက် ကတိစကားတွေပြောပြီး သစ္စာရှိကြောင်းသက်သေပြနေရသူလေးက ဘယ်သူဖြစ်မလဲဆိုတာကိုတော့ ပရိသတ်တွေ စိတ်ဝင်တစားနဲ့သိချင်နေကြပြီ။

လှပချောမောတဲ့ အိန်ဂျယ်လေးရဲ့ ရေမြေခြားအရပ်မှာ ရောက်နေသူက ဘယ်သူဖြစ်နိုင်လဲဆိုတာ ချစ်ပရိသတ်ကြီးက မှတ်ချက်လေးတွေပေးပြီး ခန့်မှန်းပေးခဲ့ပါဦး။ ပရိသတ်ကြီးအတွက်လည်း Cele Connections က ကိုရီးယားမလေးတစ်ယောက်လို့ လှပလွန်းတဲ့ အိန်ဂျယ်လမုန်ရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source – Angel Lamung
Lavender

error: Alert: Content is protected !!