Source : Sinon Loresca
Molly
ယူနီကုဒ်ဖြင့်ဖတ်ရန်
သူနဲ့ ရုပ်ချင်းခွဲမရအောင် တူတဲ့ အမြွှာကို ပရိသတ်ကိုချပြခဲ့တဲ့ Sinon Loresca
အာရှနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေမှာပါ အောင်မြင်ကျော်ကြားတဲ့ ဖီလစ်ပိုင်ဆယ်လီ Sinon Loresca ကတော့ မြန်မာနိုင်ငံကို ရောက်ရှိနေပြီး မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ အသည်းနှလုံးတွေကို သိမ်းပိုက်ထားတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ Sinon Loresca ကတော့ မန္တလေးမြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ Miss Earth Myanmar 2019 ပြိုင်ပွဲကြီးမှာ မော်ဒယ်တွေကို Catwalk လျှောက်နည်း သင်ကြားပေးဖို့အတွက် မြန်မာနိုင်ငံကို ရောက်ရှိခဲ့တာဖြစ်ပြီး ပရဟိတ အလုပ်တွေအများကြီး လုပ်ပြီး ကုသိုလ်ယူခဲ့တာပါ ။ စိတ်ထားဖြူစင်ပြီး စေတနာကောင်းတဲ့ Sinon က တော့ မြန်မာနိုင်ငံက ပရိသတ်တွေကို ချစ်ခင်ပြီး သူ့အနေနဲ့လည်း အိမ်အပြန်ခရီးမှာတောင် မျက်ရည်မဆည်နိုင်ဖြစ်ခဲ့တာပါ ။
အနုပညာလှုပ်ရှားမှု အနေနဲ့ တော့ မြင့်မြတ်တို့နဲ့အတူ ရုပ်ရှင်ကားကြီးတစ်ကားကို ရိုက်ကူးနေတယ်လို့လည်းသိရပါတယ် ။ လတ်တလောမှာတော့ Sinon တစ်ယောက် ပရိသတ်တွေ ဟင်ခနဲဟာခနဲဖြစ်သွားစေမယ့် ဓာတ်ပုံတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ် ။ နိုဝင်ဘာလ ၂ ရက်နေ့ကတော့ Sinon ရဲ့အသက် ၃၁ နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီး နှုတ်ခမ်းမွှေးမုတ်ဆိတ်မွှေးတွေ မရှိတဲ့ သူ့ရဲ့ငယ်ဘ၀ ပုံရိပ်တွေကို တင်ခဲ့တာဖြစ်ပြီး Sinon မှ ဟုတ်ရဲ့လားလို့ နှစ်ခါပြန်ကြည့်ရမယ့် သူ့ရဲ့ ယောက်ျားဆန်ဆန် ချောမောခန့်ညားတဲ့ ပုံရိပ်တွေကို မျှဝေပေးခဲ့တာဖြစ်ပြီး ပရိသတ်တွေအားလုံး မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ် ။
ပရိသတ်တွေက တော့ Sinon ရဲ့ပုံကိုကြည့်ပြီး အကြီးအကျယ်ကြွေနေကြပါတယ်နော် ။ Sinon ကိုချစ်တဲ့ Cele Connections ပရိသတ်ကြီးအတွက် ရုပ်ချင်းခွဲမရတဲ့ အမြွှာတွေလားလို့တောင် ထင်မှတ်ရတဲ့ Sinon ရဲ့ အမိုက်စားပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ် နော် ။ Cele Connections ပရိသတ်ကြီးရော Sinon အပေါ်အမြင်လေးတွေ မှတ်ချက်ပေးခဲ့ပါဦး ။
Source : Sinon Loresca
Molly
error: Alert: Content is protected !!