” မင္းသမီးဘဝက ရုိက္ကြင္းအမွတ္တရေတြကို သတိရေနေၾကာင္း ေျပာျပခဲ့တဲ့ သဥၹာႏြယ္ဝင္း “

သဥၹာႏြယ္ဝင္းကေတာ့ သရုပ္ေဆာင္မင္းသမီးေဟာင္းတစ္ဦးျဖစ္ၿပီး အိမ္ေထာင္ျပဳၿပီးေနာက္ပိုင္းမွာ သူ႕ရဲ႕အႏုပညာအလုပ္ေတြကို ရပ္နားခဲ့တာပါ။ အႏုပညာအလုပ္ေတြကိုရပ္နားခဲ့ေပမယ့္လည္း အခုခ်ိန္ထိ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္နွာေအာက္ကို ခ်စ္တဲ့ပရိသတ္ေတြနဲ႕ အဆက္အသြယ္ျပတ္ဘဲ သူမရဲ႕ေန႕စဥ္လႈပ္ရွားမႈေတြကို အားေပးလ်က္ရွိေနၾကဆဲပါပဲေနာ္။အခုဆိုရင္ သဥၹာႏြယ္ဝင္းဟာ သားဦးေလး ကိုပိုင္ဆိုင္ထားကာ ဒုတိယကိုယ္ဝန္ျဖစ္တဲ့ သမီးေလးကိုယ္ဝန္ကိုလြယ္ထားျပန္ပါတယ္။အလိုလိုက္အႀကိုက္ေဆာင္ကာ အရာရာျဖည့္ဆည္းေပးတဲ့ခင္ပြန္းေလာင္းကို ပိုင္ဆိုင္ထားၿပီး သာယာေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့ မိသားစုကိုပိုင္ဆိုင္ထားႏုိင္တဲ့ မင္းသမီးေဟာင္းတစ္လက္လို႔ ဆိုရမွာပါ။

 

 

 

သူ႔ရဲ႕သားဦးေလးကို မက္မြန္သီးေလးလိုခ်စ္စရာေကာင္းလြန္းလို႕ ခ်စ္စႏိုးနဲ႕ peach ေလးလို႕ ေခၚၾကၿပီး Peach ေလးရဲ႕ လႈပ္ရွားမႈေတြကို အၿမဲတင္ေပးတတ္တာေၾကာင့္ ပရိသတ္ေတြကလည္း အခ်စ္ပိုေနၾကတာပဲ ျဖစ္ပါတယ္။ မိသားစုလိုက္ပံုေလးေတြမၾကာခဏ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေဖာ္ျပေပးတတ္တာေၾကာင့္ ပရိသတ္ေတြသေဘာက် ႏွစ္သက္ရတဲ့ မိသားစုေလးပဲ လို႕ ဆိုရမွာပါ ။ peach ေလးဟာ အခုဆိုရင္ ေမေမသဥၹာႏြယ္ဝင္းနဲ႕ အေဖာ္ျပဳကာ စကားေတြတီတီတာတာ ေျပာတတ္ေနၿပီပဲ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ သဥၹာႏြယ္ဝင္းဟာ သူ႕ရဲ႕ အရင္မင္းသမီးလုပ္ခဲ့စဥ္က ရုိက္ကူးခဲ့တဲ့ ဇာတ္ကားေလးကိုျပန္လည္ ေဖာ္ျပထားၿပီး အရမ္းႀကိဳက္ခဲ့တဲ့ ဇာတ္ေလးျဖစ္တဲ့အျပင္ ရုိက္ကူးခဲ့တဲ့ အမွတ္တရေတြကို ျပန္လည္သတိရေနတဲ့အေၾကာင္း ကို ” ဘာရယ္မဟုတ္ပါဘူး ဒီကားေလးရိုက္တာသတိေတြရလို့ အရမ္းႀကိဳက္တဲ့ဇာတ္ေလး ” ဆိုၿပီး သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္နွာမွာ ေဝမွ်ခဲ့ပါတယ္။ အတူတူပါဝင္ရုိ္က္ကူးခဲ့တဲ့ မင္းသားကေတာ့ ေနမင္းျဖစ္ၿပီး ဇာတ္ကားအမည္ေလးကေတာ့ ” ထြက္ေပါက္ ” ပဲ ျဖစ္တာေၾကာင့္ CeleConnection ပရိသတ္ႀကီးေရာ သဥၹာႏြယ္ဝင္းရုိက္ကူးခဲ့တဲ့ ” ထြက္ေပါက္ ” ဇာတ္ကားေလးကို ၾကည့္ဖူးၾကလားဆိုတာ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

 

Source : Thinzar Nwewin
Candy – CeleConnections
ယူနီကုဒ္ျဖင့္ဖတ္ရန္

” မင်းသမီးဘဝက ရိုက်ကွင်းအမှတ်တရတွေကို သတိရနေကြောင်း ပြောပြခဲ့တဲ့ သဉ္ဖာနွယ်ဝင်း ”

သဉ္ဖာနွယ်ဝင်းကတော့ သရုပ်ဆောင်မင်းသမီးဟောင်းတစ်ဦးဖြစ်ပြီး အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ သူ့ရဲ့အနုပညာအလုပ်တွေကို ရပ်နားခဲ့တာပါ။ အနုပညာအလုပ်တွေကိုရပ်နားခဲ့ပေမယ့်လည်း အခုချိန်ထိ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာအောက်ကို ချစ်တဲ့ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်ဘဲ သူမရဲ့နေ့စဉ်လှုပ်ရှားမှုတွေကို အားပေးလျက်ရှိနေကြဆဲပါပဲနော်။အခုဆိုရင် သဉ္ဖာနွယ်ဝင်းဟာ သားဦးလေး ကိုပိုင်ဆိုင်ထားကာ ဒုတိယကိုယ်ဝန်ဖြစ်တဲ့ သမီးလေးကိုယ်ဝန်ကိုလွယ်ထားပြန်ပါတယ်။အလိုလိုက်အကြိုက်ဆောင်ကာ အရာရာဖြည့်ဆည်းပေးတဲ့ခင်ပွန်းလောင်းကို ပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုကိုပိုင်ဆိုင်ထားနိုင်တဲ့ မင်းသမီးဟောင်းတစ်လက်လို့ ဆိုရမှာပါ။

သူ့ရဲ့သားဦးလေးကို မက်မွန်သီးလေးလိုချစ်စရာကောင်းလွန်းလို့ ချစ်စနိုးနဲ့ peach လေးလို့ ခေါ်ကြပြီး Peach လေးရဲ့ လှုပ်ရှားမှုတွေကို အမြဲတင်ပေးတတ်တာကြောင့် ပရိသတ်တွေကလည်း အချစ်ပိုနေကြတာပဲ ဖြစ်ပါတယ်။ မိသားစုလိုက်ပုံလေးတွေမကြာခဏ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပေးတတ်တာကြောင့် ပရိသတ်တွေသဘောကျ နှစ်သက်ရတဲ့ မိသားစုလေးပဲ လို့ ဆိုရမှာပါ ။ peach လေးဟာ အခုဆိုရင် မေမေသဉ္ဖာနွယ်ဝင်းနဲ့ အဖော်ပြုကာ စကားတွေတီတီတာတာ ပြောတတ်နေပြီပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သဉ္ဖာနွယ်ဝင်းဟာ သူ့ရဲ့ အရင်မင်းသမီးလုပ်ခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ဇာတ်ကားလေးကိုပြန်လည် ဖော်ပြထားပြီး အရမ်းကြိုက်ခဲ့တဲ့ ဇာတ်လေးဖြစ်တဲ့အပြင် ရိုက်ကူးခဲ့တဲ့ အမှတ်တရတွေကို ပြန်လည်သတိရနေတဲ့အကြောင်း ကို ” ဘာရယ်မဟုတ်ပါဘူး ဒီကားလေးရိုက်တာသတိတွေရလို့ အရမ်းကြိုက်တဲ့ဇာတ်လေး ” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဝေမျှခဲ့ပါတယ်။ အတူတူပါဝင်ရိုက်ကူးခဲ့တဲ့ မင်းသားကတော့ နေမင်းဖြစ်ပြီး ဇာတ်ကားအမည်လေးကတော့ ” ထွက်ပေါက် ” ပဲ ဖြစ်တာကြောင့် CeleConnection ပရိသတ်ကြီးရော သဉ္ဖာနွယ်ဝင်းရိုက်ကူးခဲ့တဲ့ ” ထွက်ပေါက် ” ဇာတ်ကားလေးကို ကြည့်ဖူးကြလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : Thinzar Nwewin
Candy – CeleConnections

error: Alert: Content is protected !!