ဒိုင်တွေနဲ့ ပရိသတ်တွေအားလုံးကို မျက်ရည်လည်စေခဲ့တဲ့ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲဝင် Benjamin Sum

Cele Connections ပရိသတ်ကြီးရေ နှစ်စဉ်နှစ်တိုင်း ဝါသနာရှင်လူငယ်လေးတွေကို မြေတောင်မြှောက်ပေးပြီး အနုပညာလမ်းကြောင်းပေါ်တင်ပေးခဲ့တဲ့ Myanmar Idol ပြိုင်ပွဲကြီးဟာ အခုဆို Season -4 ကိုရောက်ရှိလာပြီ ဖြစ်ပါတယ် ။ နောက်ဆုံးဖိုင်နယ်ထဲကို ရောက်ရှိလာတဲ့ ပြိုင်ပွဲဝင် ၁၁ ယောက်ဟာ မြို့အသီးသီးက အနုပညာဝါသနာရှင်လေးတွေဖြစ်ပြီ ဒိုင်တွေ ရဲ့ စိတ်ကြိုက်အကောင်းဆုံးရွေးချယ်ထားတဲ့ ပြိုင်ပွဲဝင်တွေပဲဖြစ်ပါတယ် ။ အောက်တိုဘာလ (၃၁) ရက်နေ့ညကတော့ Myanmar Idol Top Finallist ပြိုင်ပွဲဝင် (၁၁) ယောက် ရဲ့ ပထမဆုံး Live အနေနဲ့ပြိုင်ပွဲဝင်ရတဲ့နေ့ဖြစ်ပြီး ပြိုင်ပွဲဝင် (၁၁) ယောက်လုံးဟာ အပြစ်ပြောစရာမရှိလောက်အောင် ဒိုင်တွေရဲ့ချီးကျူး မှတ်ချက်ပေးမှုတွေကိုရရှိခဲ့ကြပါတယ် ။

 

ပြိုင်ပွဲဝင် (၁၁) ယောက်ထဲမှာမှ ပြိုင်ပွဲဝင်အမှတ် Vote : 77702 ပြိုင်ပွဲဝင် Benjamin Sum ကတော့ ပထမဆုံး Live မှာတင် ဒိုင်တွေနဲ့ ပရိသတ်တွေရဲ့အသည်းကိုခြွေသွားခဲ့ပါပြီ ပရိတ်ကြီးရေ ..။ ” နေကောင်းလား မေမေ ” သီချင်းကို ခံစားချက်အပြည့်နဲ့ ဒိုင်ဖြစ်တဲ့ ဖြူဖြူကျော်သိန်းတောင် မျက်ရည်ကျခဲ့ရတဲ့ထိ ခံစားသက်ဝင်မှု အားကောင်းကောင်းနဲ့ သီဆိုသွားခဲ့တာပါ ။ ဒိုင်တွေတင်မကဘဲ ကြည့်ရှုနေကြတဲ့ ပရိသတ်တွေလည်း Benjamin Sum နဲ့အတူခံစားချက်တွေ ကူးစက်ပြီး မျက်ရည်လည်ခဲ့ရတာပါ ။ ဒီသီချင်းလေးက သူ့ခံစားချက်နဲ့အရမ်းတိုက်ဆိုင်ပြီး (၉) တန်း (၁၀) တန်းကျောင်းသွားဘ၀က ကင်ဆာရောဂါ အဆင့် ၃ ရောက်နေတဲ့ မိခင်ဖြစ်သူရဲ့ အကြောင်းကို ပြန်တွေးပြီး သီဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ် ။

 

ဒီသီချင်းကို တီချယ် ထရီဇာနဲ့ ဆရာဥက္ကာဦးသာတို့က သူ့ကိုလေ့ကျင့်သင်ကြားပေးနေစဉ်ကာလမှာလည်း ဆိုနေရင်း စို့နင့်ပြီး ခဏခဏ ငိုခဲ့လို့ ပြိုင်ပွဲမှာ ခံစားချက်ကို ဦးစားပေးပြီး သီချင်းအမှားယွင်းဖြစ်မှာကို စိုးရိမ်နေကြပေမယ့် တကယ့်တမ်းပြိုင်ပွဲမှာတော့ ခံစားချက်ကိုထိန်းပြီး တကယ်ကို ကြက်သီးထစရာကောင်းလောက်အောင် သီဆိုဖျော်ဖြေနိုင်ခဲ့ပါတယ် ။ တကယ်လို့ ပြုတ်သွားခဲ့ရင်တောင် အမေ့အတွက် ဒီသီချင်းလေးဆိုပေးခဲ့ချင်တယ်ဆိုတဲ့ သားတစ်ယောက်ရဲ့ ခံစားချက်တွေကို အမေချစ်တဲ့ ပရိသတ်တစ်ယောက်စီတိုင်းက နားလည်နိုင်မယ်ထင်ပါတယ် ။ မိဘကို သိတတ်ပြီး အဆိုကောင်းတဲ့ Benjamin Sum ကို Cele Connections ပရိသတ်ကြီးက Vote ပေးချင်တယ်ဆိုရင်တော့ Vote No 77702 ကို Vote လုပ်ဖို့မမေ့နဲနော် ။

 

Source : Myanmar Idol Season 4
Molly

ယူနီကုဒ်ဖြင့်ဖတ်ရန်

error: Alert: Content is protected !!