” တစ္ဖက္သား ရဲ႕ ျပသနာကို နားမလည္ေပးတတ္တဲ့ သူေတြကို ဒဲ႕ေျပာလိုက္တဲ့ ပိုပို “

အဆိုေတာ္ပိုပိုကေတာ့ ” ခ်စ္ဖူးခဲ့သမွ် ” သီခ်င္းနဲ႕ ပရိသတ္ေတြအခိုင္အမာရရွိလာတဲ့ သူတစ္ေယာက္ျဖစ္ၿပီး လက္ရွိမွာလည္း သူ႕ရဲ႕သီခ်င္းေတြဟာ ပရိသတ္ပါးစပ္ဖ်ားမွာ ေရပန္းစားေနတဲ့ သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ သူရုိက္ကူးလိုက္တဲ့ Music ဗီဒီယိုေတြဟာဆိုရင္လည္း အၿမဲမိမိုက္ကာ ပရိသတ္ေတြဟာခနဲ ဟင္ခနဲ ျဖစ္ရေလာက္တဲ့ထိ ဖန္တီးႏုိင္တဲ့သူေလးတစ္ဦးလို႕ဆိုရမွာပါ ။ ရုိက္ကူးလိုက္တဲ့ ဗီဒီယိုတိုင္းမွာလည္း ပရိသတ္အခ်စ္ေတာ္ ႏုိင္ငံေက်ာ္မင္းသားေတြ ပါဝင္ကာ သရုပ္ေဆာင္လေ့ရွိတာေၾကာင့္ မိန္းကေလးပရိသတ္ေတြအားက်ေနရတဲ့ အဆိုေတာ္ တစ္ေယာက္ လို႕ ဆိုရမွာပါ ။

ပိုပိုကေတာ့ အုပ္ထိန္းသူအဘြားမရွိေတာ့တဲ့အခ်ိန္ကစၿပီး ပင္ပင္ပန္းပန္းနဲ႕ ကိုယ့္အားကိုယ္ကိုးကာ အဆိုေတာ္ဘဝကို ေအာင္ျမင္ေအာင္လုပ္ေဆာင္လာခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ သိန္း(၅)ေထာင္တန္ဖိုးရွိတဲ့ အိမ္ႀကီးကို ကိုယ္ပိုင္လုပ္အားနဲ႕ ပိုင္ဆိုင္ထားကာ ကိုယ္ပိုင္စတူဒီယိုေလးလည္း ဖြင့္ထားႏုိင္ခဲ့ၿပီလို႕ဆိုရမွာပါ။ သူ႕ရဲ႕ မိသားစုအေျခအေနကို ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္းေျပာျပထားခဲ့တာ ျဖစ္တဲ့အျပင္ သူ႕ရဲ႕အမာခံပရိသတ္ေတြက သူမအတြက္ မိသားစုဝင္ေတြျဖစ္တယ္လို႕လည္းေျပာထားပါေသးတယ္။ ပိုပိုဟာ အႏုပညာအလုပ္ေတြကို ေတ်ာက္ေလွ်ာက္လုပ္ကိုင္ေနေပမယ့္လည္း ပညာေရးဘက္မွာလည္း အခုဆို အေဝးသင္ဥပေဒစတုတၱႏွစ္ကို တက္ေရာက္ေျဖဆိုေနတာပဲ ျဖစ္ပါတယ္။

လက္ရွိမွာလည္း သူ ႔ရဲ႕ အဘြား ျဖစ္ေစခ်င္ခဲ့တဲ့ ပညာတတ္တစ္ေယာက္ျဖစ္ဖို႕အတြက္ အႏုပညာအလုပ္ေတြမအားလပ္တဲ့ၾကားကေနလည္း စာေတြက်က္ကာ အေဝးသင္ တကၠသိုလ္စာေမးပြဲကိုေျဖဆိုေနတာပါ။ စာေမးပြဲေျဖဆိုေနတဲ့ၾကားက အလုပ္ကိစၥေတြကို စကားေျပာတဲ့အခါ နားမလည္ေပးတဲ့ သူေတြေၾကာင့္ စိတ္ညစ္ေနရေၾကာင္း ရင္ဖြင့္ေျပာျပခဲ့တာပါ။ ” စာေမးပြဲ ေျဖေနရင္းအလုပ္ေတြ လုပ္ေနရတာပါChat Box မွာ အလုပ္ကိစၥ ေျပာလို႔တစ္ခြန္းေလးေျပာရမွာေတာင္ျပန္မေျပာရင္ အရမ္းတင္းတယ္။တစ္ဖက္သား ရဲ႕ ျပသနာကို နားမလည္ ေပးတတ္ၾကဘူး။ ” ဆိုၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာမွာ ေဝမွ်ခဲ့တာပဲျဖစ္ပါတယ္။ Cele Connection ပရိသတ္ႀကီးလည္း ပိုပို႕ အတြက္ အားေပးစကားေလးေျပာခဲ့ၾကပါဦးေနာ္။

Source : ဝတ္ရည္မိုး
Candy – CeleConnection
ယူနီကုဒ္ျဖင့္ဖတ္ရန္

” တစ်ဖက်သား ရဲ့ ပြသနာကို နားမလည်ပေးတတ်တဲ့ သူတွေကို ဒဲ့ပြောလိုက်တဲ့ ပိုပို ”

အဆိုတော်ပိုပိုကတော့ ” ချစ်ဖူးခဲ့သမျှ ” သီချင်းနဲ့ ပရိသတ်တွေအခိုင်အမာရရှိလာတဲ့ သူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာလည်း သူ့ရဲ့သီချင်းတွေဟာ ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူရိုက်ကူးလိုက်တဲ့ Music ဗီဒီယိုတွေဟာဆိုရင်လည်း အမြဲမိမိုက်ကာ ပရိသတ်တွေဟာခနဲ ဟင်ခနဲ ဖြစ်ရလောက်တဲ့ထိ ဖန်တီးနိုင်တဲ့သူလေးတစ်ဦးလို့ဆိုရမှာပါ ။ ရိုက်ကူးလိုက်တဲ့ ဗီဒီယိုတိုင်းမှာလည်း ပရိသတ်အချစ်တော် နိုင်ငံကျော်မင်းသားတွေ ပါဝင်ကာ သရုပ်ဆောင်လေ့ရှိတာကြောင့် မိန်းကလေးပရိသတ်တွေအားကျနေရတဲ့ အဆိုတော် တစ်ယောက် လို့ ဆိုရမှာပါ ။

ပိုပိုကတော့ အုပ်ထိန်းသူအဘွားမရှိတော့တဲ့အချိန်ကစပြီး ပင်ပင်ပန်းပန်းနဲ့ ကိုယ့်အားကိုယ်ကိုးကာ အဆိုတော်ဘဝကို အောင်မြင်အောင်လုပ်ဆောင်လာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သိန်း(၅)ထောင်တန်ဖိုးရှိတဲ့ အိမ်ကြီးကို ကိုယ်ပိုင်လုပ်အားနဲ့ ပိုင်ဆိုင်ထားကာ ကိုယ်ပိုင်စတူဒီယိုလေးလည်း ဖွင့်ထားနိုင်ခဲ့ပြီလို့ဆိုရမှာပါ။ သူ့ရဲ့ မိသားစုအခြေအနေကို ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းပြောပြထားခဲ့တာ ဖြစ်တဲ့အပြင် သူ့ရဲ့အမာခံပရိသတ်တွေက သူမအတွက် မိသားစုဝင်တွေဖြစ်တယ်လို့လည်းပြောထားပါသေးတယ်။ ပိုပိုဟာ အနုပညာအလုပ်တွေကို တျောက်လျှောက်လုပ်ကိုင်နေပေမယ့်လည်း ပညာရေးဘက်မှာလည်း အခုဆို အဝေးသင်ဥပဒေစတုတ္တနှစ်ကို တက်ရောက်ဖြေဆိုနေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း သူ့ရဲ့ အဘွား ဖြစ်စေချင်ခဲ့တဲ့ ပညာတတ်တစ်ယောက်ဖြစ်ဖို့အတွက် အနုပညာအလုပ်တွေမအားလပ်တဲ့ကြားကနေလည်း စာတွေကျက်ကာ အဝေးသင် တက္ကသိုလ်စာမေးပွဲကိုဖြေဆိုနေတာပါ။ စာမေးပွဲဖြေဆိုနေတဲ့ကြားက အလုပ်ကိစ္စတွေကို စကားပြောတဲ့အခါ နားမလည်ပေးတဲ့ သူတွေကြောင့် စိတ်ညစ်နေရကြောင်း ရင်ဖွင့်ပြောပြခဲ့တာပါ။ ” စာမေးပွဲ ဖြေနေရင်းအလုပ်တွေ လုပ်နေရတာပါChat Box မှာ အလုပ်ကိစ္စ ပြောလို့တစ်ခွန်းလေးပြောရမှာတောင်ပြန်မပြောရင် အရမ်းတင်းတယ်။တစ်ဖက်သား ရဲ့ ပြသနာကို နားမလည် ပေးတတ်ကြဘူး။ ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဝေမျှခဲ့တာပဲဖြစ်ပါတယ်။ Cele Connection ပရိသတ်ကြီးလည်း ပိုပို့ အတွက် အားပေးစကားလေးပြောခဲ့ကြပါဦးနော်။

Source : ဝတ်ရည်မိုး
Candy – CeleConnection

error: Alert: Content is protected !!