တစ္ဖက္သတ္အခ်စ္ေတြနဲ႔ ေက်နပ္ေနတဲ့ မင္းသားေခ်ာေလးညိမ္းေသာ္

ညိမ္းေသာ္ဟာ ကိုရီးယားမင္းသားတစ္ေယာက္လို ေခ်ာေမာတဲ့႐ုပ္ရည္နဲ႔ စြဲေဆာင္မႈရွိတဲ့ႏႈတ္ခမ္းေတြေၾကာင့္ မိန္းကေလးပရိသတ္ေတြ သည္းသည္းလႈပ္အားေပးဝန္းရံမႈေတြ ရရွိေနသူပါ။ အခုခ်ိန္မွာ သူဟာ အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြစတင္ရရွိေနတဲ့ တက္သစ္စမင္းသားတစ္လက္လည္း ျဖစ္ပါတယ္။ ညိမ္းေသာ္ဟာ ည႐ုပ္ရွင္ဇာတ္ကားမွာ က်ရာဇာတ္႐ုပ္ကို ပီပီျပင္ျပင္သ႐ုပ္ေဆာင္ႏိုင္ခဲ့တာေၾကာင့္လည္း ပရိသတ္ေတြက အသိအမွတ္ျပဳခဲ့ၾကတာပါ။ သူ႔ကိုခ်စ္တဲ့ ပရိသတ္ေတြကေတာ့ ကိုရီးယားမင္းသားေခ်ာ လီမင္ဟိုနဲ႔ တူတယ္လို႔ေတာင္ တင္စားထားၾကပါေသးတယ္။

 

႐ုပ္ရည္ေခ်ာေမာတဲ့အျပင္ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚ စတင္ေရာက္ရွိေနၿပီျဖစ္တဲ့ မင္းသားသစ္ေလးရဲ႕ လႈပ္ရွားမႈတိုင္းကို ပရိသတ္ေတြက ေန႔စဥ္ေစာင့္ၾကည့္ေနၾကတာပါ။ ညိမ္းေသာ္က သူ႔ရဲ႕ႏွလုံးသားေရးကိုေတာ့ ပရိသတ္ေတြကို ခ်ျပဖူးတာမ်ိဳးမရွိေသးေပမယ့္ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာေတာ့ ခံစားခ်က္တခ်ိဳ႕ကို မွ်ေဝေလ့ရွိသူပါ။ မၾကာေသးခင္ကလည္း “မပိုင္ဆိုင္လိုဘူး။ ခ်စ္ေနရင္ရၿပီ”… ဆိုတဲ့ စာသားေလးနဲ႔အတူ ပရိသတ္ေတြကို အသည္းယားေအာင္လုပ္ခဲ့ပါေသးတယ္။ သူ႔ရဲ႕အမာခံပရိသတ္ေတြကေတာ့ ညိမ္းေသာ္တစ္ေယာက္ တကယ္ပဲအခ်စ္နဲ႔ေတြ႕ေနၿပီလားလို႔ သိခ်င္စိတ္ျပင္းျပေနၾကပါတယ္။

 

မင္းသားေခ်ာေလးညိမ္းေသာ္ မပိုင္ဆိုင္လိုဘဲ တစ္ဖက္သတ္ခ်စ္ခြင့္ရခ်င္ေနသူေလးက ဘယ္သူျဖစ္ႏိုင္မလဲဆိုတာ ပရိသတ္ႀကီးလည္း ခန႔္မွန္းေပးၾကပါဦးေနာ္။ Cele Connectionsရဲ႕ ခ်စ္ပရိသတ္ႀကီးအတြက္လည္း ကိုးရီးယားမင္းသားေလးလို ေခ်ာေမာတဲ့ ညိမ္းေသာ္ရဲ႕စြဲမက္စရာပုံရိပ္ေလးေတြကို မွ်ေဝေပးလိုက္ပါတယ္။

Source – Nyein Thaw
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

တစ်ဖက်သတ်အချစ်တွေနဲ့ ကျေနပ်နေတဲ့ မင်းသားချောလေးညိမ်းသော်

ညိမ်းသော်ဟာ ကိုရီးယားမင်းသားတစ်ယောက်လို ချောမောတဲ့ရုပ်ရည်နဲ့ စွဲဆောင်မှုရှိတဲ့နှုတ်ခမ်းတွေကြောင့် မိန်းကလေးပရိသတ်တွေ သည်းသည်းလှုပ်အားပေးဝန်းရံမှုတွေ ရရှိနေသူပါ။ အခုချိန်မှာ သူဟာ အနုပညာလောကမှာ အောင်မြင်မှုတွေစတင်ရရှိနေတဲ့ တက်သစ်စမင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ ညိမ်းသော်ဟာ ညရုပ်ရှင်ဇာတ်ကားမှာ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့တာကြောင့်လည်း ပရိသတ်တွေက အသိအမှတ်ပြုခဲ့ကြတာပါ။ သူ့ကိုချစ်တဲ့ ပရိသတ်တွေကတော့ ကိုရီးယားမင်းသားချော လီမင်ဟိုနဲ့ တူတယ်လို့တောင် တင်စားထားကြပါသေးတယ်။

ရုပ်ရည်ချောမောတဲ့အပြင် အောင်မြင်မှုလမ်းကြောင်းပေါ် စတင်ရောက်ရှိနေပြီဖြစ်တဲ့ မင်းသားသစ်လေးရဲ့ လှုပ်ရှားမှုတိုင်းကို ပရိသတ်တွေက နေ့စဉ်စောင့်ကြည့်နေကြတာပါ။ ညိမ်းသော်က သူ့ရဲ့နှလုံးသားရေးကိုတော့ ပရိသတ်တွေကို ချပြဖူးတာမျိုးမရှိသေးပေမယ့် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ ခံစားချက်တချို့ကို မျှဝေလေ့ရှိသူပါ။ မကြာသေးခင်ကလည်း “မပိုင်ဆိုင်လိုဘူး။ ချစ်နေရင်ရပြီ”… ဆိုတဲ့ စာသားလေးနဲ့အတူ ပရိသတ်တွေကို အသည်းယားအောင်လုပ်ခဲ့ပါသေးတယ်။ သူ့ရဲ့အမာခံပရိသတ်တွေကတော့ ညိမ်းသော်တစ်ယောက် တကယ်ပဲအချစ်နဲ့တွေ့နေပြီလားလို့ သိချင်စိတ်ပြင်းပြနေကြပါတယ်။

မင်းသားချောလေးညိမ်းသော် မပိုင်ဆိုင်လိုဘဲ တစ်ဖက်သတ်ချစ်ခွင့်ရချင်နေသူလေးက ဘယ်သူဖြစ်နိုင်မလဲဆိုတာ ပရိသတ်ကြီးလည်း ခန့်မှန်းပေးကြပါဦးနော်။ Cele Connectionsရဲ့ ချစ်ပရိသတ်ကြီးအတွက်လည်း ကိုးရီးယားမင်းသားလေးလို ချောမောတဲ့ ညိမ်းသော်ရဲ့စွဲမက်စရာပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Source – Nyein Thaw
Lavender

error: Alert: Content is protected !!