တစ္ဖက္သတ္ခ်စ္ေနသူဆီက တုံ႔ျပန္မႈတစ္ခုရလိုက္လို႔ ေပ်ာ္ေနတဲ့ ေကာင္းျမတ္စံ

မင္းသားေခ်ာေလးေကာင္းျမတ္စံဟာ ၿပံဳးရယ္လိုက္တိုင္း ပါးခ်ိဳင့္ေလးေတြနဲ႔အတူ အျပစ္ကင္းတဲ့ အၿပဳံးမ်က္ႏွာေလးေၾကာင့္ ပရိသတ္ခ်စ္ခင္အားေပးမႈကုိ ရရွိေနသူတစ္ေယာက္ပါ။ သူက Forever Groupရဲ႕ စင္တင္မင္းသားတစ္ေယာက္အျဖစ္ အႏုပညာလႈပ္ရွားမႈေတြကုိ အားသြန္ခြန္စုိက္ လုပ္ေဆာင္ေနသူလည္း ျဖစ္ပါတယ္။ ေကာင္းျမတ္စံဟာ ဇာတ္လမ္းတဲြေတြ ႐ုိက္ကူးရာမွာလည္း က်ရာဇာတ္႐ုပ္ကုိ အံ၀င္ခြင္က်သ႐ုပ္ေဆာင္ႏုိင္လို႔ ပရိသတ္ေတြက ခ်ီးက်ဴးေနၾကတာပါ။ မၾကာေသးခင္က ထုတ္လႊင့္ျပသခဲ့တဲ့ ေပ်ာက္ဆုံးေနေသာအမွန္တရား ဇာတ္လမ္းတဲြနဲ႔လည္း ပရိသတ္အားေပးမႈကို တခဲနက္ထပ္မံရရွိခဲ့ပါေသးတယ္။

 

အႏုပညာေလာကမွာ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚ ေရာက္ရွိေနၿပီျဖစ္တဲ့ ေကာင္းျမတ္စံဟာ သူ႔ရဲ႕အခ်စ္ေရးကုိေတာ့ ထုတ္ေဖာ္မေျပာျပဖူးတာေၾကာင့္ ပရိသတ္ေတြက ေစာင့္ၾကည့္ေနၾကတာပါ။ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာေတာ့ အဖီးလ္တလိုင္းေလးေတြ မၾကာခဏတင္ေလ့ရွိတာေၾကာင့္လည္း ပရိသတ္ေတြက သို႔ေလာ သို႔ေလာျဖစ္ေနၾကပါတယ္။ မၾကာေသးခင္ကလည္း ေကာင္းျမတ္စံက “ႏုိ၀င္ဘာ ၁ရက္ေန႔မွာ အသည္းေလးလာေပးတာဟာ ခ်စ္တယ္လို႔ေျပာတာပဲ မွတ္ယူတယ္” …. လုိ႔ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန မ်ွေ၀ခဲ့ပါေသးတယ္။ သူမ်ွေ၀ခဲ့တဲ့စာသားေလးက ဘယ္သူ႔ကုိ ရည္ရြယ္လည္းဆုိတာ ပရိသတ္ေတြက သိခ်င္ေနၾကပါၿပီ။

 

ေကာင္းျမတ္စံကို အသည္းေလးလာေပးတဲ့သူက ဘယ္သူျဖစ္မလဲဆုိတာ ပရိသတ္ႀကီးကိုယ္တုိင္ ခန္႔မွန္းၾကည့္ၾကပါဦးေနာ္။ ပါးခ်ဳိင့္မင္းသားေလး ေကာင္းျမတ္စံရဲ႕ စဲြမက္ဖြယ္ေကာင္းတဲ့ ပုံရိပ္ေလးေတြကုိ Cele Connections ခ်စ္ပရိသတ္ႀကီးအတြက္ မ်ွေ၀ေပးလိုက္ပါတယ္။

Source – Kaung Myat San
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

တစ်ဖက်သတ်ချစ်နေသူဆီက တုံ့ပြန်မှုတစ်ခုရလိုက်လို့ ပျော်နေတဲ့ ကောင်းမြတ်စံ

မင်းသားချောလေးကောင်းမြတ်စံဟာ ပြုံးရယ်လိုက်တိုင်း ပါးချိုင့်လေးတွေနဲ့အတူ အပြစ်ကင်းတဲ့ အပြုံးမျက်နှာလေးကြောင့် ပရိသတ်ချစ်ခင်အားပေးမှုကို ရရှိနေသူတစ်ယောက်ပါ။ သူက Forever Groupရဲ့ စင်တင်မင်းသားတစ်ယောက်အဖြစ် အနုပညာလှုပ်ရှားမှုတွေကို အားသွန်ခွန်စိုက် လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။ ကောင်းမြတ်စံဟာ ဇာတ်လမ်းတွဲတွေ ရိုက်ကူးရာမှာလည်း ကျရာဇာတ်ရုပ်ကို အံဝင်ခွင်ကျသရုပ်ဆောင်နိုင်လို့ ပရိသတ်တွေက ချီးကျူးနေကြတာပါ။ မကြာသေးခင်က ထုတ်လွှင့်ပြသခဲ့တဲ့ ပျောက်ဆုံးနေသောအမှန်တရား ဇာတ်လမ်းတွဲနဲ့လည်း ပရိသတ်အားပေးမှုကို တခဲနက်ထပ်မံရရှိခဲ့ပါသေးတယ်။

အနုပညာလောကမှာ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိနေပြီဖြစ်တဲ့ ကောင်းမြတ်စံဟာ သူ့ရဲ့အချစ်ရေးကိုတော့ ထုတ်ဖော်မပြောပြဖူးတာကြောင့် ပရိသတ်တွေက စောင့်ကြည့်နေကြတာပါ။ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတော့ အဖီးလ်တလိုင်းလေးတွေ မကြာခဏတင်လေ့ရှိတာကြောင့်လည်း ပရိသတ်တွေက သို့လော သို့လောဖြစ်နေကြပါတယ်။ မကြာသေးခင်ကလည်း ကောင်းမြတ်စံက “နိုဝင်ဘာ ၁ရက်နေ့မှာ အသည်းလေးလာပေးတာဟာ ချစ်တယ်လို့ပြောတာပဲ မှတ်ယူတယ်” …. လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေခဲ့ပါသေးတယ်။ သူမျှဝေခဲ့တဲ့စာသားလေးက ဘယ်သူ့ကို ရည်ရွယ်လည်းဆိုတာ ပရိသတ်တွေက သိချင်နေကြပါပြီ။

ကောင်းမြတ်စံကို အသည်းလေးလာပေးတဲ့သူက ဘယ်သူဖြစ်မလဲဆိုတာ ပရိသတ်ကြီးကိုယ်တိုင် ခန့်မှန်းကြည့်ကြပါဦးနော်။ ပါးချိုင့်မင်းသားလေး ကောင်းမြတ်စံရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ပုံရိပ်လေးတွေကို Cele Connections ချစ်ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

Source – Kaung Myat San
Lavender

error: Alert: Content is protected !!