တစ္စုံတစ္ေယာက္ဆီ ျပန္လာေတာ့မယ္လို႔ စာလႊာပါးလိုက္တဲ့ ပုိင္တံခြန္

ပိုင္တံခြန္ကေတာ့ ေယာက်ာ္းပီသတဲ့ ေဘာ္ဒီအမိုက္စားနဲ႕ ေခ်ာေမာတဲ့႐ုပ္ရည္ကုိ ပုိင္ဆုိင္ထားတဲ့ ေမာ္ဒယ္လ္တစ္ေယာက္အျဖစ္ ပရိသတ္အားေပး၀န္းရံမႈကုိ ထိပ္ဆုံးကရရွိေနသူတစ္ေယာက္လို႔ ဆုိရမွာပါ။ သူဟာ ကုိရီးယားမင္းသားတစ္ေယာက္လို စတိုင္မိတဲ့အျပင္ ပုခုံးေပၚ၀ဲက်ေနတဲ့ သူ႔ဆံပင္ပုံစံေၾကာင့္လည္း မိန္းကေလးပရိသတ္ေတြက စိတ္၀င္တစားနဲ႔ အာ႐ုံစိုက္ေနၾကတာျဖစ္ပါတယ္။ ပုိင္တံခြန္ကေတာ့ ျမန္မာႏုိင္ငံမွာပဲ အႏုပညာအလုပ္ေတြကို လုပ္ေဆာင္ေနတာတင္မကဘဲ ထိုင္းႏုိင္ငံမွာပါ အႏုပညာအလုပ္ေတြကုိ လက္ခံလုပ္ကုိင္ေနရသူတစ္ေယာက္ပါ။ ျမန္မာႏုိင္ငံက ႏႈတ္ခမ္းနီမေလးေတြသာမက ထိုင္းမေလးေတြရဲ႕ အသည္းစဲြအားေပးမႈကုိ ရရွိေနသူပါ။

 

ပိုင္တံခြန္ဟာ ေအာင္ျမင္မႈေတြကုိ တစ္ဆင့္ၿပီးတစ္ဆင့္ရရွိလာတာနဲ႔အမ်ွ သူပါ၀င္သ႐ုပ္ေဆာင္ထားတဲ့ ေၾကာ္ျငာေတြကိုလည္း ပရိသတ္ေတြက သေဘာက်အားေပးေနၾကတာပါ။ ျမန္မာႏုိင္ငံမွာသာမက ျပည္ပမွာပါ အႏုပညာအလုပ္ေတြကုိ က်ယ္က်ယ္ျပန္႔ျပန္႔လုပ္ေဆာင္ေနတဲ့ ပိုင္တံခြန္ရဲ႕ အခ်စ္ေရးကိုလည္း ပရိသတ္ေတြက အထူးစိတ္၀င္စားေနၾကပါေသးတယ္။ မၾကာေသးခင္က သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္နွာမွာ “I will come back to you once I finished my job” ဆုိၿပီး ပရိသတ္ေတြ သို႔ေလာ သို႔ေလာျဖစ္ေအာင္ ေရးသားေဖာ္ျပခဲ့တာေၾကာင့္ သူ႔ရဲ႕ခ်စ္ပရိသတ္ေတြကေတာ့ အဲဒီစာသားေလးက ဘယ္သူ႔ကုိရည္ညႊန္းလဲဆုိၿပီး စိတ္၀င္စားေနၾကတာပါ။

 

အႏုပညာဘက္မွာပဲ အာ႐ုံစုိက္ေနတဲ့ ပုိင္တံခြန္ကေတာ့ အခ်စ္ေရးဘက္ကုိပါ စိတ္၀င္စားေနၿပီလားဆိုတာ စဥ္းစားစရာပါပဲ။ Cele Connections ပရိသတ္ႀကီးလည္း ပုိင္တံခြန္ေရးသားခဲ့တဲ့ စာသားေလးက ဘယ္သူအတြက္ရည္ညႊန္းထားလဲဆုိတာ ခန္႔မွန္းေပးၾကပါဦးေနာ္။

Source – Paing Takhon
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

တစ်စုံတစ်ယောက်ဆီ ပြန်လာတော့မယ်လို့ စာလွှာပါးလိုက်တဲ့ ပိုင်တံခွန်

ပိုင်တံခွန်ကတော့ ယောကျာ်းပီသတဲ့ ဘော်ဒီအမိုက်စားနဲ့ ချောမောတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်လ်တစ်ယောက်အဖြစ် ပရိသတ်အားပေးဝန်းရံမှုကို ထိပ်ဆုံးကရရှိနေသူတစ်ယောက်လို့ ဆိုရမှာပါ။ သူဟာ ကိုရီးယားမင်းသားတစ်ယောက်လို စတိုင်မိတဲ့အပြင် ပုခုံးပေါ်ဝဲကျနေတဲ့ သူ့ဆံပင်ပုံစံကြောင့်လည်း မိန်းကလေးပရိသတ်တွေက စိတ်ဝင်တစားနဲ့ အာရုံစိုက်နေကြတာဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံမှာပဲ အနုပညာအလုပ်တွေကို လုပ်ဆောင်နေတာတင်မကဘဲ ထိုင်းနိုင်ငံမှာပါ အနုပညာအလုပ်တွေကို လက်ခံလုပ်ကိုင်နေရသူတစ်ယောက်ပါ။ မြန်မာနိုင်ငံက နှုတ်ခမ်းနီမလေးတွေသာမက ထိုင်းမလေးတွေရဲ့ အသည်းစွဲအားပေးမှုကို ရရှိနေသူပါ။

ပိုင်တံခွန်ဟာ အောင်မြင်မှုတွေကို တစ်ဆင့်ပြီးတစ်ဆင့်ရရှိလာတာနဲ့အမျှ သူပါဝင်သရုပ်ဆောင်ထားတဲ့ ကြော်ငြာတွေကိုလည်း ပရိသတ်တွေက သဘောကျအားပေးနေကြတာပါ။ မြန်မာနိုင်ငံမှာသာမက ပြည်ပမှာပါ အနုပညာအလုပ်တွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေတဲ့ ပိုင်တံခွန်ရဲ့ အချစ်ရေးကိုလည်း ပရိသတ်တွေက အထူးစိတ်ဝင်စားနေကြပါသေးတယ်။ မကြာသေးခင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ “I will come back to you once I finished my job” ဆိုပြီး ပရိသတ်တွေ သို့လော သို့လောဖြစ်အောင် ရေးသားဖော်ပြခဲ့တာကြောင့် သူ့ရဲ့ချစ်ပရိသတ်တွေကတော့ အဲဒီစာသားလေးက ဘယ်သူ့ကိုရည်ညွှန်းလဲဆိုပြီး စိတ်ဝင်စားနေကြတာပါ။

အနုပညာဘက်မှာပဲ အာရုံစိုက်နေတဲ့ ပိုင်တံခွန်ကတော့ အချစ်ရေးဘက်ကိုပါ စိတ်ဝင်စားနေပြီလားဆိုတာ စဉ်းစားစရာပါပဲ။ Cele Connections ပရိသတ်ကြီးလည်း ပိုင်တံခွန်ရေးသားခဲ့တဲ့ စာသားလေးက ဘယ်သူအတွက်ရည်ညွှန်းထားလဲဆိုတာ ခန့်မှန်းပေးကြပါဦးနော်။

Source – Paing Takhon
Lavender

error: Alert: Content is protected !!