” ဆိုရွယ္မီဒီယာေပၚကေန ေခတၱေပ်ာက္ဆံုးေတာ့မယ့္ ေဆာင္းဝတ္ရည္ေမ “

MRTV – (4)ဇာတ္လမ္းတြဲမင္းသမီေလး တစ္ဦးျဖစ္တဲ့ေဆာင္းဝတ္ရည္ေမဟာ ” ဝိဉာဥ္ရႈိက္သံ”ဇာတ္လမ္းတြဲကစတင္ကာ ” ၾကယ္စင္ခ်ိဳ” ဆိုတဲ့ ဇာတ္ေကာင္ေလးနဲ႔ ပရိသတ္ေတြစတင္သတိထားမိလာၿပီး “ဝကၤပါစံအိမ္ ” ရဲ႕ဇာတ္လမ္းတြဲမွာ ” ေစာကလ်ာ ” ဆိုတဲ့ဇာတ္ေကာင္ အျပင္ “အမုန္းမွသည္” ဇာတ္ကားမွာ” ေနခ်ိဳေသြး”အျဖစ္ပရိသတ္ေတြ အားေပးဝန္းရံျခင္းခံခဲ့ရသူပါ။ ထပ္မံၿပီး “အခ်စ္သေကၤတ “ဇာတ္လမ္းတြဲမွာ ” ျဖဴစင္ရွင္းသန႔္ ” ဆိုတဲ့ ကာ႐ိုက္တာအျပင္ “ခ်စ္ျခင္းတရားတို႔ရွိရာ ” ဇာတ္လမ္းတြဲမွာ သက္သက္ေဇာ္အျဖစ္ ကာ႐ိုက္တာမိစြာ သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ ပရိသတ္ေတြက ” သက္သက္ေဇာ္” အျဖစ္ ဇာတ္လမ္းတြဲအမည္ကို ေတာင္ တြဲဖက္ေခၚေဝၚရတဲ့အထိ ေအာင္ျမင္ခဲ့သူတစ္ေယာက္ပါ။

ေဆာင္းဝတ္ရည္ေမ ကို ေယာက်ာ္းေလးပရိသတ္ေတြသာမက မိန္းကေလးပရိသတ္ေတြကလည္း အားေပးဝန္းရံၾကတာပဲ ျဖစ္ပါတယ္။ အျခားေသာအႏုပညာရွင္ေတြနဲ႔မတူတဲ့ စကားေျပာဟန္ေလးေတြေၾကာင့္ ပရိသတ္ေတြကို ပိုသတိထားမိေစတာျဖစ္ၿပီး ျဖဴစင္တဲ့ ကေလးသဖြယ္အၿပဳံးေလးေတြေၾကာင့္ ႏွစ္ၿခိဳက္သူေတြပိုမ်ားလာတာလို႔ ဆိုရမွာပါ။ သူရဲ႕ အမာခံပရိသတ္ေတြကလည္း သူရဲ႕ဇာတ္လမ္းတြဲအသစ္ေတြကို အၿမဲေမွ်ာ္လင့္ေနၾကတာျဖစ္ၿပီး လက္ရွိမွာလည္း ” အခ်စ္ဆစ္ဂနယ္ “ဇာတ္လမ္းတြဲမွာ ပါဝင္ထားပါေသးတယ္။

လက္ရွိမွာလည္း ရုပ္ရွင္ဇာတ္ကားႀကီးေတြမွာ ပါဝင္လာသူျဖစ္ၿပီး မၾကာေသးမီက ေဆာင္းဝတ္ရည္ေမဟာ သူအရမ္းကိုစိတ္ပင္ပန္းးေနေၾကာင္း ရင္ဖြင့္ခဲ့ၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာ Facebook အေကာင့္ကို ဖ်က္သြားခဲ့တာေၾကာင့္ ပရိသတ္ေတြက ေဆာင္းဝတ္ရည္ေမအတြက္စိုးရိမ္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ေဆာင္းဝတ္ရည္ေမဟာ သူ႕ရဲ႕ Page ကေန ဒီမနက္မွာပဲ ” ငါအဆင္ေျပပါတယ္။ ဆိုရွယ္မီဒီယာကိုခဏနားခ်င္တာေၾကာင့္ ဘာအတြက္နဲ႕မွစိတ္မပူၾကဖို႕အျပင္ ပရိသတ္ေတြအတြက္ အလုပ္ေတြလုပ္ေနဆဲပါ။ ” ဆိုၿပီး English ဘာသာနဲ႕ ေျပာျပခဲ့တာပဲ ျဖစ္ပါတယ္။ ” I’m OK and don’t worry for me coz I just wanna break for a while from Social Media . I’m still working for my fans Love you” ဆိုကာ သူ႕ရဲ႕ Page မွာ ေဖာ္ျပခဲ့တာေၾကာင့္ ခ်စ္တဲ့ ပရိသတ္ေတြရဲ႕ စိုးရိမ္မႈေတြေလ်ာ့ပါးသြားခဲ့ၾကတယ္လို႕ဆိုရမွာပါ။ CeleConnection ပရိသတ္ႀကီးထဲမွာေရာ ေဆာင္းဝတ္ရည္ေမေလးအတြက္ စိုးရိမ္ေနတဲ့သူေတြရွိလားဆိုတာ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Source : Hsaung Wutyee May
Candy- CeleConnection
ယူနီကုဒ္ျဖင့္ဖတ္ရန္

” ဆိုရှယ်မီဒီယာပေါ်ကနေ ခေတ္တပျောက်ဆုံးတော့မယ့် ဆောင်းဝတ်ရည်မေ ”

MRTV – (4)ဇာတ်လမ်းတွဲမင်းသမီလေး တစ်ဦးဖြစ်တဲ့ဆောင်းဝတ်ရည်မေဟာ ” ဝိဉာဉ်ရှိုက်သံ”ဇာတ်လမ်းတွဲကစတင်ကာ ” ကြယ်စင်ချို” ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ ပရိသတ်တွေစတင်သတိထားမိလာပြီး “ဝင်္ကပါစံအိမ် ” ရဲ့ဇာတ်လမ်းတွဲမှာ ” စောကလျာ ” ဆိုတဲ့ဇာတ်ကောင် အပြင် “အမုန်းမှသည်” ဇာတ်ကားမှာ” နေချိုသွေး”အဖြစ်ပရိသတ်တွေ အားပေးဝန်းရံခြင်းခံခဲ့ရသူပါ။ ထပ်မံပြီး “အချစ်သင်္ကေတ “ဇာတ်လမ်းတွဲမှာ ” ဖြူစင်ရှင်းသန့် ” ဆိုတဲ့ ကာရိုက်တာအပြင် “ချစ်ခြင်းတရားတို့ရှိရာ ” ဇာတ်လမ်းတွဲမှာ သက်သက်ဇော်အဖြစ် ကာရိုက်တာမိစွာ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေက ” သက်သက်ဇော်” အဖြစ် ဇာတ်လမ်းတွဲအမည်ကို တောင် တွဲဖက်ခေါ်ဝေါ်ရတဲ့အထိ အောင်မြင်ခဲ့သူတစ်ယောက်ပါ။

ဆောင်းဝတ်ရည်မေ ကို ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကလည်း အားပေးဝန်းရံကြတာပဲ ဖြစ်ပါတယ်။ အခြားသောအနုပညာရှင်တွေနဲ့မတူတဲ့ စကားပြောဟန်လေးတွေကြောင့် ပရိသတ်တွေကို ပိုသတိထားမိစေတာဖြစ်ပြီး ဖြူစင်တဲ့ ကလေးသဖွယ်အပြုံးလေးတွေကြောင့် နှစ်ခြိုက်သူတွေပိုများလာတာလို့ ဆိုရမှာပါ။ သူရဲ့ အမာခံပရိသတ်တွေကလည်း သူရဲ့ဇာတ်လမ်းတွဲအသစ်တွေကို အမြဲမျှော်လင့်နေကြတာဖြစ်ပြီး လက်ရှိမှာလည်း ” အချစ်ဆစ်ဂနယ် “ဇာတ်လမ်းတွဲမှာ ပါဝင်ထားပါသေးတယ်။

လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်လာသူဖြစ်ပြီး မကြာသေးမီက ဆောင်းဝတ်ရည်မေဟာ သူအရမ်းကိုစိတ်ပင်ပန်းးနေကြောင်း ရင်ဖွင့်ခဲ့ပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ Facebook အကောင့်ကို ဖျက်သွားခဲ့တာကြောင့် ပရိသတ်တွေက ဆောင်းဝတ်ရည်မေအတွက်စိုးရိမ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဆောင်းဝတ်ရည်မေဟာ သူ့ရဲ့ Page ကနေ ဒီမနက်မှာပဲ ” ငါအဆင်ပြေပါတယ်။ ဆိုရှယ်မီဒီယာကိုခဏနားချင်တာကြောင့် ဘာအတွက်နဲ့မှစိတ်မပူကြဖို့အပြင် ပရိသတ်တွေအတွက် အလုပ်တွေလုပ်နေဆဲပါ။ ” ဆိုပြီး English ဘာသာနဲ့ ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။ ” I’m OK and don’t worry for me coz I just wanna break for a while from Social Media . I’m still working for my fans Love you” ဆိုကာ သူ့ရဲ့ Page မှာ ဖော်ပြခဲ့တာကြောင့် ချစ်တဲ့ ပရိသတ်တွေရဲ့ စိုးရိမ်မှုတွေလျော့ပါးသွားခဲ့ကြတယ်လို့ဆိုရမှာပါ။ CeleConnection ပရိသတ်ကြီးထဲမှာရော ဆောင်းဝတ်ရည်မေလေးအတွက် စိုးရိမ်နေတဲ့သူတွေရှိလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Candy- CeleConnection
ယူနီကုဒ်ဖြင့်ဖတ်ရန်

error: Alert: Content is protected !!