” ကစ္ရဲ႕ Fan တစ္ေယာက္ပါလို႕ ဆိုလာတဲ့ ေနျခည္ဦး “

ခ်ီခ်ီကေတာ့ Beauty Blogger တစ္ေယာက္အျဖစ္ ပရိသတ္ေတြစတင္ သိရွိလာၿပီး ဆယ္ေက်ာ္သက္မိန္းကေလးေတြရဲ႕ အိုင္လ္ေဒါလ္ တစ္ေယာက္ အေနနဲ႕ အမာခံအားေပးျခင္းခံရသူလို႕ဆိုရမွာပါ။ သြက္သြက္လက္ကလက္ေလးနဲ႔အၿမဲပြင့္လင္းလြန္းတဲ့ ဟန္ပန္ေလးေၾကာင့္ ပုရိသေတြသာမက မိန္းကေလးခ်င္းကေတာင္ အခ်စ္ပိုရသူတစ္ဦးပဲ ျဖစ္ပါတယ္။လက္ရွိမွာေတာ့ သရုပ္ေဆာင္ဘက္ကို ကူးေျပာင္းလာကာ Beauty Blogger အျပင္ ရုပ္ရွင္ဇာတ္ကားႀကီးေတြကို ဝါရင့္သရုပ္ေဆာင္ေတြနဲ႕အတူ ရုိက္ကူးလာႏုိင္သူေလးပါ။ Blogger တစ္ေယာက္ျဖစ္ကတည္းက အားေပးခဲ့ၾကတဲ့အျပင္ သ႐ုပ္ေဆာင္ဘက္ကို ထပ္မံ အားစိုက္ေတာ့လည္း ပရိသတ္ေတြက ပိုမိုအားေပးျခင္းခံလာရသူေလးပါေနာ္။

သူမရဲ႕အခ်စ္ေရးကေတာ့ ခ်စ္သူေကာင္ေလးနဲ႔ (၂)ႏွစ္ၾကာလက္တြဲၿပီးေနာက္ ႏွစ္ဦးသေဘာတူ လမ္းခြဲခဲ့ကာ Single တစ္ေယာက္အေနနဲ႕ ေနကာ အႏုပညာအလုပ္ေတြကိုအားစိုက္ေနတယ္လို႕ သိရပါတယ္။ လတ္တေလာမွာညေတာ့ သူမ ရဲ႕ စီနီယာတစ္ေယာက္ျဖစ္တဲ့ ဝတ္မႈံေရႊရည္နဲ႕ ပြဲတက္ေတြ အတူတူတက္ေရာက္ရတဲ့အေပၚ ေရႊကစ္ရဲ႕ Fan ျဖစ္တဲ့အျပင္ အရမ္းလွတဲ့ မင္းသမီးေလး ျဖစ္တာေၾကာင့္ ခရီးေတြအတူထြက္ကာ ပြဲတက္ရတာေပ်ာ္တယ္လို႕ေျပာျပခဲ့ပါတယ္။

ေရႊကစ္နဲ႕လည္း သူမရဲ႕ ပထဆံုးရုပ္ရွင္ဇာတ္ကားႀကီးျဖစ္တဲ့ ” ရန္သူ ” ဇာတ္ကားႀကီးမွာထဲက စီနီယာ ျဖစ္တဲ့ ေရႊကစ္နဲ႕ ဆံုခဲ့တာျဖစ္တဲ့အျပင္ ႏုိုင္ငံျခားပြဲတက္ေတြမွာလည္း အတူတူပြဲတက္ၾကတဲ့အေပၚမွာ ပရိသတ္ေတြက အတြဲညီတဲ့ အႏုပညာညီအစ္မေတြလို႕ ဆိုၾကတာေၾကာင့္ အရမ္းေပ်ာ္မိတယ္လို႕ သိရပါတယ္။ ေရႊကစ္ရဲ႕ေနပံုထိုင္ပံုေလးကိုၾကည့္ၿပီး အျပင္မွာလည္း မင္းသမီးေလးလိုပဲေနထိုင္တတ္တဲ့ စကားေျပာပံုဆိုပံုေတြကိုၾကည့္ၿပီး ေလးစားသင္ယူျဖစ္တယ္လို႕ ေျပာျပခဲ့ပါေသးတယ္။ CeleConnections ပရိသတ္ႀကီးလည္း အတြဲညီတဲ့ အႏုပညာညီအစ္မေတြျဖစ္တဲ့ ကစ္နဲ႕ ခ်ီခ်ီ ကို သေဘာက်ရင္ မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source : Myanmar Celebrity
Candy – CeleConnections
ယူနီကုဒ္ျဖင့္ဖတ္ရန္

” ကစ်ရဲ့ Fan တစ်ယောက်ပါလို့ ဆိုလာတဲ့ နေခြည်ဦး ”

ချီချီကတော့ Beauty Blogger တစ်ယောက်အဖြစ် ပရိသတ်တွေစတင် သိရှိလာပြီး ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ အိုင်လ်ဒေါလ် တစ်ယောက် အနေနဲ့ အမာခံအားပေးခြင်းခံရသူလို့ဆိုရမှာပါ။ သွက်သွက်လက်ကလက်လေးနဲ့အမြဲပွင့်လင်းလွန်းတဲ့ ဟန်ပန်လေးကြောင့် ပုရိသတွေသာမက မိန်းကလေးချင်းကတောင် အချစ်ပိုရသူတစ်ဦးပဲ ဖြစ်ပါတယ်။လက်ရှိမှာတော့ သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာကာ Beauty Blogger အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ရိုက်ကူးလာနိုင်သူလေးပါ။ Blogger တစ်ယောက်ဖြစ်ကတည်းက အားပေးခဲ့ကြတဲ့အပြင် သရုပ်ဆောင်ဘက်ကို ထပ်မံ အားစိုက်တော့လည်း ပရိသတ်တွေက ပိုမိုအားပေးခြင်းခံလာရသူလေးပါနော်။

သူမရဲ့အချစ်ရေးကတော့ ချစ်သူကောင်လေးနဲ့ (၂)နှစ်ကြာလက်တွဲပြီးနောက် နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကာ Single တစ်ယောက်အနေနဲ့ နေကာ အနုပညာအလုပ်တွေကိုအားစိုက်နေတယ်လို့ သိရပါတယ်။ လတ်တလောမှာညတော့ သူမ ရဲ့ စီနီယာတစ်ယောက်ဖြစ်တဲ့ ဝတ်မှုံရွှေရည်နဲ့ ပွဲတက်တွေ အတူတူတက်ရောက်ရတဲ့အပေါ် ရွှေကစ်ရဲ့ Fan ဖြစ်တဲ့အပြင် အရမ်းလှတဲ့ မင်းသမီးလေး ဖြစ်တာကြောင့် ခရီးတွေအတူထွက်ကာ ပွဲတက်ရတာပျော်တယ်လို့ပြောပြခဲ့ပါတယ်။

ရွှေကစ်နဲ့လည်း သူမရဲ့ ပထဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ” ရန်သူ ” ဇာတ်ကားကြီးမှာထဲက စီနီယာ ဖြစ်တဲ့ ရွှေကစ်နဲ့ ဆုံခဲ့တာဖြစ်တဲ့အပြင် နိုင်ငံခြားပွဲတက်တွေမှာလည်း အတူတူပွဲတက်ကြတဲ့အပေါ်မှာ ပရိသတ်တွေက အတွဲညီတဲ့ အနုပညာညီအစ်မတွေလို့ ဆိုကြတာကြောင့် အရမ်းပျော်မိတယ်လို့ သိရပါတယ်။ ရွှေကစ်ရဲ့နေပုံထိုင်ပုံလေးကိုကြည့်ပြီး အပြင်မှာလည်း မင်းသမီးလေးလိုပဲနေထိုင်တတ်တဲ့ စကားပြောပုံဆိုပုံတွေကိုကြည့်ပြီး လေးစားသင်ယူဖြစ်တယ်လို့ ပြောပြခဲ့ပါသေးတယ်။ CeleConnections ပရိသတ်ကြီးလည်း အတွဲညီတဲ့ အနုပညာညီအစ်မတွေဖြစ်တဲ့ ကစ်နဲ့ ချီချီ ကို သဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Myanmar Celebrity
Candy – CeleConnections

error: Alert: Content is protected !!