Source – Htoo Aung
Lavender
ယူနီကုဒ်ဖြင့်ဖတ်ရန်
နှလုံးသားကိတ်ဖို့ နည်းလမ်းကောင်းတစ်ခုချပြခဲ့တဲ့ ထူးအောင်
ထူးအောင်ဟာ မိန်းကလေးတွေသာမဟုတ်ဘဲ ယောကျ်ားလေးတွေပါ သဘောကျရလောက်တဲ့ ခန္ဓာကိုယ်အမိုက်စားကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူဟာမော်ဒယ်တစ်ယောက်အဖြစ် ထင်ရှားသူဖြစ်သလို သရုပ်ဆောင်အဖြစ်လည်း ရပ်တည်နေသူတစ်ယောက်ဖြစ်ပါတယ်။ Forever Groupရဲ့ မင်းသားတစ်ယောက်အဖြစ် ဇာတ်လမ်းတွဲတွေမှာလည်း ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်သူမို့ ပရိသတ်တွေရဲ့ အသိအမှတ်ပြုခံရမှုကို အချိန်တိုအတွင်းရရှိလာခဲ့တာပါ။ သူဟာ အနုပညာညီအစ်ကိုမောင်နှမတချို့ကို Gym နည်းပြအဖြစ် တာဝန်ယူပေးနေသူလည်းဖြစ်ပါတယ်။
ပရိသတ်တွေသဘောကျအားပေးနေတဲ့ ထူးအောင်ဟာ အခုချိန်မှာ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိနေပြီဖြစ်ပါတယ်။ မိန်းကလေးထုသိပ်ကြိုက်နှစ်သက်ရတဲ့ ခန္ဓာကိုယ်ရော ရုပ်ရည်ရောကို ပိုင်ဆိုင်ထားတဲ့ မင်းသာချောက မကြာသေးခင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ “Body ကိတ်ဖို့ ဂျင်ဆော့ပါ။ ဦးနှောက်ကိတ်ဖို့ စာဖတ်ပါ။ နှလုံးသားကိတ်ဖို့ ကျွန်တော့်ကိုကြည့်ပါ”…. လို့ မျှဝေခဲ့ပါသေးတယ်။ အဲဒီစာသားနဲ့အတူ သူGymကစားနေတဲ့ပုံရိပ်တွေကိုပါ ဖော်ပြခဲ့ပြီး ပရိသတ်တွေကို စွဲဆောင်ခဲ့တာပါ။ သူ့ကိုချစ်တဲ့ ပရိသတ်တွေကတော့ မင်းသားချောကို မှတ်ချက်အမျိုးမျိုးပေးပြီး အားပေးခဲ့ကြပါတယ်။
ထူးအောင်ကို သဘောကျကြတဲ့ ပရိသတ်တွေကတော့ သူ့လိုဘော်ဒီမျိုးရအောင် Gymကစားချင်နေကြပါပြီ။ ဘော်ဒီခပ်မိုက်မိုက်ကိုမှ ကြွေချင်တဲ့ပရိသတ်ကြီးအတွက်လည်း Cele Connections ကနေ ထူးအောင်ရဲ့အမိုက်စားပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။
Source – Htoo Aung
Lavender
error: Alert: Content is protected !!