အနာရှိသူစပ်စေဖို့ စာရေးထောက်ပြလိုက်တဲ့ ဦးကောင်းကျော်

ပရိသတ်ကြီးရေ ၊ နိုင်ငံကျော် လူရွှင်တော် ဦးကောင်းကျော် ကတော့ အငြိမ့်ခေတ်မှသည် အခုအချိန်အထိ အားလုံးရဲ့ အချစ်တော် ဖြစ်လျက် ရှိနေဆဲပါပဲ ။ ဦးကောင်းကျော်တစ်ယောက် မကြာသေးခင်က ပဲ လူမှုကွန်ရက်ပေါ်ကနေ ခေတ်ပျက်နေတဲ့အနုပညာလောကကြီးကို ထိထိမိမိထောက်ပြပြောဆိုလိုက်ပါတယ်။

 

ဦးကောင်းကျော်က “မီတာခဈေးတွေ ဈေး တက် ကြကုန်ဈေးနှုံး တွေ ဈေး တက်ကြ
လောင်စာဆီတွေ ဈေးတက်ကြအတက်တွေများပေမဲ့ ဈေးထိုးကျနေတာက အနုပညာဈေးနှုံး တွေ ????ငွေရချောင် လို့ အနုပညာအလုပ်ကိုလုပ်စားနေကြသူနဲ့ ???ဝါသနာကို အရင်းခံပြီး အနုပညာကိုသက်မွေးဝမ်းကြောင်း တစ်ခုအနေနဲ့လုပ် နေကြသူတွေ ရဲ့ လွန်ဆွဲနေကြ
တဲ့ ကာလ ကြီးတစ်ခုမှာငွေရချောင်လို့ လုပ်စားနေကြသူတွေက အသာစီး ရေနေပီပေါ့ ???
သူတို့ဘာကြောင့်အသာစီးရကြပါသနည်း ???? အဖြေကရှင်းပါသည်။
အနုပညာတစ်ခုကို ဖြတ်လမ်းကနေလုပ်စားသူများက မိမိတို့တတ်ထားသည့် ပညာကို တန်ဖိုးထားရမှန်းမသိဘဲရသလောက် ဈေးနဲ့ ခပ်ပေါပေါတွေလိုက်ကြတော့
တကယ်တန်ဖိုးထားပြီးမိမိကိုယ်ကို တန်ဖိုးတစ်ခုသတ်မှတ်ထားကြတဲ့ သူတွေ တန်ဖိုးပျက် ကုန်ကြပြီပေါ့သံကိုဖျက်တာ သံချေးအနုပညာဈေးကွက်ကိုဖျက်တာစိတ်ထဲမှာပေါ်လာတာလေး ကိုရးမိခြင်းပါ အနာရှိသူတွေ စပ်ကြစေတည်း ဟားဟားဟားးးးးး” ဆိုပြီးရေးသားထားတာပါ

ခေတ်ပျက်လာတဲ့အနုပညာလောကကြီးထဲမှာ အခုလို အနေအစားချောင်ရုံလုပ်ကြတဲ့ ကိစ္စ တွေကတော့ ထုနဲ့ဒေးပါ ။ ကဲ ဦးကောင်းကျော် စကားလေးတွေအတွက် မှတ်ချက်ကနေ ဝေဖန်ပေးခဲ့ကြပါဦး

error: Alert: Content is protected !!