သူနဲ႔တစ္ပုံစံတည္းတူတဲ့ လူငယ္ေတြကုိ ရွာေဖြေနတဲ့ ေက်ာ္သူ

ေက်ာ္သူဟာ အႏုပညာေလာကမွာ ၀ါရင့္မင္းသားႀကီးတစ္ေယာက္အျဖစ္ ပရိသတ္အားေပးခ်စ္ခင္မႈကုိ ႏွစ္ေပါင္းမ်ားစြာတိုင္ ရရွိေနသူပါ။ သူဟာ F.F.S.S နာေရးကူညီမႈအသင္း (ရန္ကုန္) နဲ႔ သုခအလင္းပညာဒါနသင္တန္းေက်ာင္း၊ ေဆးခန္းတို႕ကိုပါ တည္ေထာင္ထားသူတစ္ေယာက္ ျဖစ္ပါတယ္။ မြန္ျမတ္တဲ့စိတ္ဓာတ္နဲ႔ ေလာကကုိ ေကာင္က်ဳိးျပဳသူ ပရဟိတဖခင္ႀကီးအျဖစ္လည္း ေက်ာ္သူ႔ကုိအားလုံးက ေလးစားေနၾကတာပါ။ သူဟာ အႏုပညာကုိ အေသြးသားထဲက ခ်စ္ျမတ္ႏိုးသူတစ္ေယာက္ျဖစ္လို႔ အခုေနာက္ပုိင္းမွာလည္း ႐ုပ္ရွင္ဇာတ္ကားေတြ ျပန္လည္႐ုိက္ကူးေနတာ ျဖစ္ပါတယ္။

 

ေက်ာ္သူ ငယ္ရြယ္ႏုပ်ဳိစဥ္ကာလတုန္းက စတိုင္က်က်နဲ႔ေခ်ာေမာတဲ့ မင္းသားအျဖစ္ ပရိသတ္ေတြက အသိအမွတ္ျပဳၾကၿပီး သည္းသည္းလႈပ္သေဘာက်ခဲ့ၾကတာပါ။ ဒါ႐ုိက္တာတျဖစ္လည္း မင္းသားႀကီးေက်ာ္သူဟာ တက္သစ္စမ်ိဳးဆက္သစ္ လူငယ္သ႐ုပ္ေဆာင္ေတြကုိလည္း လက္ကမ္းႀကိဳဆုိ ပ်ဳိးေထာင္ေပးေနသူတစ္ေယာက္ျဖစ္ပါတယ္။ အခုအခါမွာလည္း သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန သူ႔ရဲ႕အသက္ ၂၅/၃၀ ၀န္းက်င္က ပုံရိပ္ေလးေတြကုိ ေဖာ္ျပထားၿပီး ပရိသတ္ႀကီးကုိ ေမးခြန္းေလးေမးထားပါေသးတယ္။ “ေက်ာ္သူ ဒီအရြယ္ (၂၅/၃၀ ၀န္းက်င္)နဲ႔တူတဲ့ လူငယ္မ်ား ရွိပါသလားခင္ဗ်။ ထီေပါက္သကဲ့သုိ႔ ခံစားရပါမည္။ FBေပၚက အျမန္ဆက္သြယ္ပါ ခင္ဗ်။ လက္ဆင့္ကမ္း ျဖန္႔ေ၀ေပးၾကပါ ခင္ဗ်ာ”….လုိ႔ မွ်ေ၀ထားတာေၾကာင့္ ပရိသတ္ေတြကေတာ့ အထူးစိတ္၀င္စားေနၾကပါတယ္။

 

ပရဟိတဖခင္ႀကီးအပူတျပင္းရွာေဖြေနတဲ့ သူ႔ငယ္ဘ၀နဲ႔ ပုံစံတူလူငယ္ေတြ တကယ္ရွိ မရွိသိရေအာင္လုိ႔ ပရိသတ္ႀကီးလည္း ကူရွာေပးၾကပါဦးေနာ္။ မင္းသားႀကီးရွာေဖြေနသူေတြကုိ အျမန္ဆုံးရွာေတြ႕ႏုိင္ပါေစလို႔ Cele Connectionsကလည္း ပရိသတ္ႀကီးနဲ႔ ထပ္တူဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source – Kyaw Thu
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

သူနဲ့တစ်ပုံစံတည်းတူတဲ့ လူငယ်တွေကို ရှာဖွေနေတဲ့ ကျော်သူ

ကျော်သူဟာ အနုပညာလောကမှာ ဝါရင့်မင်းသားကြီးတစ်ယောက်အဖြစ် ပရိသတ်အားပေးချစ်ခင်မှုကို နှစ်ပေါင်းများစွာတိုင် ရရှိနေသူပါ။ သူဟာ F.F.S.S နာရေးကူညီမှုအသင်း (ရန်ကုန်) နဲ့ သုခအလင်းပညာဒါနသင်တန်းကျောင်း၊ ဆေးခန်းတို့ကိုပါ တည်ထောင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ မွန်မြတ်တဲ့စိတ်ဓာတ်နဲ့ လောကကို ကောင်ကျိုးပြုသူ ပရဟိတဖခင်ကြီးအဖြစ်လည်း ကျော်သူ့ကိုအားလုံးက လေးစားနေကြတာပါ။ သူဟာ အနုပညာကို အသွေးသားထဲက ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်လို့ အခုနောက်ပိုင်းမှာလည်း ရုပ်ရှင်ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးနေတာ ဖြစ်ပါတယ်။

ကျော်သူ ငယ်ရွယ်နုပျိုစဉ်ကာလတုန်းက စတိုင်ကျကျနဲ့ချောမောတဲ့ မင်းသားအဖြစ် ပရိသတ်တွေက အသိအမှတ်ပြုကြပြီး သည်းသည်းလှုပ်သဘောကျခဲ့ကြတာပါ။ ဒါရိုက်တာတဖြစ်လည်း မင်းသားကြီးကျော်သူဟာ တက်သစ်စမျိုးဆက်သစ် လူငယ်သရုပ်ဆောင်တွေကိုလည်း လက်ကမ်းကြိုဆို ပျိုးထောင်ပေးနေသူတစ်ယောက်ဖြစ်ပါတယ်။ အခုအခါမှာလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့အသက် ၂၅/၃၀ ဝန်းကျင်က ပုံရိပ်လေးတွေကို ဖော်ပြထားပြီး ပရိသတ်ကြီးကို မေးခွန်းလေးမေးထားပါသေးတယ်။ “ကျော်သူ ဒီအရွယ် (၂၅/၃၀ ဝန်းကျင်)နဲ့တူတဲ့ လူငယ်များ ရှိပါသလားခင်ဗျ။ ထီပေါက်သကဲ့သို့ ခံစားရပါမည်။ FBပေါ်က အမြန်ဆက်သွယ်ပါ ခင်ဗျ။ လက်ဆင့်ကမ်း ဖြန့်ဝေပေးကြပါ ခင်ဗျာ”….လို့ မျှဝေထားတာကြောင့် ပရိသတ်တွေကတော့ အထူးစိတ်ဝင်စားနေကြပါတယ်။

ပရဟိတဖခင်ကြီးအပူတပြင်းရှာဖွေနေတဲ့ သူ့ငယ်ဘဝနဲ့ ပုံစံတူလူငယ်တွေ တကယ်ရှိ မရှိသိရအောင်လို့ ပရိသတ်ကြီးလည်း ကူရှာပေးကြပါဦးနော်။ မင်းသားကြီးရှာဖွေနေသူတွေကို အမြန်ဆုံးရှာတွေ့နိုင်ပါစေလို့ Cele Connectionsကလည်း ပရိသတ်ကြီးနဲ့ ထပ်တူဆုတောင်းပေးလိုက်ပါတယ်နော်။

Source – Kyaw Thu
Lavender

error: Alert: Content is protected !!