သားေလးေရွ႕ေရးအတြက္ ထိုင္းမွာပဲ အေျခခ်ေတာ့မယ္ဆိုတဲ့ ေဘာလုံးသမား ေအာင္သူ

နာမည္ေက်ာ္ ေဘာလုံးသမား ေအာင္သူနဲ႔ မင္းသမီး ပိုးအိအိခန႔္တို႔ ဇနီးေမာင္ႏွံဟာ ပရိသတ္ေတြၾကားမွာ စိတ္ဝင္စားမႈရရွိထားတဲ့ ခ်စ္သူစုံတြဲ တစ္တြဲျဖစ္ပါတယ္။ နယ္ပယ္မတူေပမယ့္ ေအာင္ျမင္ေက်ာ္ၾကားတဲ့ သူႏွစ္ေယာက္ ျဖစ္လို႔ သူတို႔ဇနီးေမာင္ႏွံကို ပရိသတ္ေတြက ခ်စ္ခင္ၾကတာျဖစ္ပါတယ္ ။ ၂၀၁၉ ခုႏွစ္မတ္လ ေလာက္က မဂၤလာပြဲဆင္ႏႊဲခဲ့ၾကၿပီး အခုဆိုရင္ခ်စ္စရာေကာင္းတဲ့ သားေလးကို နဲ႔ သာယာေပ်ာ္႐ႊင္တဲ့မိသားစုဘဝေလးကို ပိုင္ဆိုင္ထားပါၿပီ ။

 

 

ေအာက္တိုဘာလ (၃၀) ရက္ေန႔ကေတာ့ ေအာင္သူနဲ႔ ပိုးအိအိခန႔္တို႔ရဲ႕သားေလး သြင္ဦးဟန္နဲ႔ ရက္ ၁၀၀ ျပည့္ ေမြးေန႔ေလးပဲျဖစ္ပါတယ္ ။ သားေလးက အငိုနည္းသလို စကားေတြလဲအရမ္းမ်ားၿပီး မိဘကို ဂ်ီက်တဲ့ကေလးမ်ိဳးမဟုတ္ဘူးလို႔လဲ သိရပါတယ္ ။ သားေလးကို အေဖက ေဘာလုံးသမားမို႔ ေဘာလုံးသမားျဖစ္ရမယ္ဆိုတာမ်ိဳးလည္း မရွိသလို အေမက အႏုပညာရွင္မို႔ အႏုပညာရွင္ျဖစ္ရမယ္လို႔လည္း မသတ္မွတ္ထားပါဘူးတဲ့ ။ သားေလးျဖစ္ခ်င္တဲ့ လမ္းေၾကာင္းကိုပဲ အေကာင္းဆုံး ပံ့ပိုးကူညီသြားမယ္လို႔ ေအာင္သူတို႔ဇနီးေမာင္ႏွံက သူတို႔ရဲ႕သေဘာထားေလးေတြကိုလည္း ပရိသတ္ေတြကိုေျပာျပလာခဲ့ပါတယ္ ။

 

 

ေအာင္သူတစ္ေယာက္ သားေလးအတြက္အရင္ကထက္ ပိုရင့္က်က္ၿပီး ပိုက္ဆံေတြလည္းပိုစုေဆာင္းျဖစ္လာတယ္လို႔လည္းသိရပါတယ္ ။ ေအာင္သူက ကေလးေရွ႕ေရးအတြက္ ထိုင္းမွာပဲ ေဘာလုံးဆက္ကန္ၿပီး အေျခခ် ေနဖို႔ မ်ားတယ္လို႔လည္း ပရိသတ္ေတြကိုအသိေပးခဲ့ပါေသးတယ္ ။ ေက်ာင္းကိုေတာ့ ျမန္မာႏိုင္ငံမွာပဲ အဂၤလိပ္ေက်ာင္း သို႔မဟုတ္ ျမန္မာေက်ာင္း တစ္ခုခု ထားျဖစ္မယ္လို႔ ပိုးအိအိခန႔္က ေျပာျပခဲ့ပါေသးတယ္ ။

Source : MC
Molly
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

သားလေးရှေ့ရေးအတွက် ထိုင်းမှာပဲ အခြေချတော့မယ်ဆိုတဲ့ ဘောလုံးသမား အောင်သူ

နာမည်ကျော် ဘောလုံးသမား အောင်သူနဲ့ မင်းသမီး ပိုးအိအိခန့်တို့ ဇနီးမောင်နှံဟာ ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှုရရှိထားတဲ့ ချစ်သူစုံတွဲ တစ်တွဲဖြစ်ပါတယ်။ နယ်ပယ်မတူပေမယ့် အောင်မြင်ကျော်ကြားတဲ့ သူနှစ်ယောက် ဖြစ်လို့ သူတို့ဇနီးမောင်နှံကို ပရိသတ်တွေက ချစ်ခင်ကြတာဖြစ်ပါတယ် ။ ၂၀၁၉ ခုနှစ်မတ်လ လောက်က မင်္ဂလာပွဲဆင်နွှဲခဲ့ကြပြီး အခုဆိုရင်ချစ်စရာကောင်းတဲ့ သားလေးကို နဲ့ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါပြီ

အောက်တိုဘာလ (၃၀) ရက်နေ့ကတော့ အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့သားလေး သွင်ဦးဟန်နဲ့ ရက် ၁၀၀ ပြည့် မွေးနေ့လေးပဲဖြစ်ပါတယ် ။ သားလေးက အငိုနည်းသလို စကားတွေလဲအရမ်းများပြီး မိဘကို ဂျီကျတဲ့ကလေးမျိုးမဟုတ်ဘူးလို့လဲ သိရပါတယ် ။ သားလေးကို အဖေက ဘောလုံးသမားမို့ ဘောလုံးသမားဖြစ်ရမယ်ဆိုတာမျိုးလည်း မရှိသလို အမေက အနုပညာရှင်မို့ အနုပညာရှင်ဖြစ်ရမယ်လို့လည်း မသတ်မှတ်ထားပါဘူးတဲ့ ။ သားလေးဖြစ်ချင်တဲ့ လမ်းကြောင်းကိုပဲ အကောင်းဆုံး ပံ့ပိုးကူညီသွားမယ်လို့ အောင်သူတို့ဇနီးမောင်နှံက သူတို့ရဲ့သဘောထားလေးတွေကိုလည်း ပရိသတ်တွေကိုပြောပြလာခဲ့ပါတယ် ။

အောင်သူတစ်ယောက် သားလေးအတွက်အရင်ကထက် ပိုရင့်ကျက်ပြီး ပိုက်ဆံတွေလည်းပိုစုဆောင်းဖြစ်လာတယ်လို့လည်းသိရပါတယ် ။ အောင်သူက ကလေးရှေ့ရေးအတွက် ထိုင်းမှာပဲ ဘောလုံးဆက်ကန်ပြီး အခြေချ နေဖို့ များတယ်လို့လည်း ပရိသတ်တွေကိုအသိပေးခဲ့ပါသေးတယ် ။ ကျောင်းကိုတော့ မြန်မာနိုင်ငံမှာပဲ အင်္ဂလိပ်ကျောင်း သို့မဟုတ် မြန်မာကျောင်း တစ်ခုခု ထားဖြစ်မယ်လို့ ပိုးအိအိခန့်က ပြောပြခဲ့ပါသေးတယ် ။

Source : MC
Molly

error: Alert: Content is protected !!