ဝါလကင်းလွတ်သီတင်းကျွတ်မှာ စီနီယာ ကိုကြီးကိုသွားရောက် ဂါရဝပြုခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ၊ ဝါလကင်းလွတ်သီတင်းကျွတ်မှာ လူကြီးမိဘတွေကို ဂါရဝထားကြတာ မြန်မာ့အစဉ်အလာပါ ။ အခုတစ်ခေါက်မှာလည်း ပြည်သူချစ်ပရဟိတ မင်းသမီးချောလေး ခိုင်နှင်းဝေတစ်ယောက် နိုင်ငံကျော်ထပ်ဆင့်အကယ်ဒမီများရှင် ရန်အောင်ကို သွားရောက် ကန်တော့ခဲ့တယ်လို့သိရပါတယ်။

ခိုင်နှင်းဝေရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ကျမ လေးစား အားကျရသော အနုပညာ အကို ကိုရန်လေး ကို သီတင်းကျွတ်အခါသမယ မှာ သွားရောက် ဂါရဝ ပြုခဲ့ပါတယ်ရှင်
ပြည့်တဲ့အိုးက ဘောင်ဘင်မခတ်ဖူး ဆိုသလိုပဲ အောင်မြင်ကျော်ကြားမှု မှာ ဘယ်တော့မှ ဂုဏ်မမောက်တတ်တဲ့ အကို က လူတိုင်းကို မေတ္တာထားတတ်တယ် လူချစ်လူခင် ပေါအောင်လည်း ကျင့်ကြံနေထိုင်တတ်တယ် အကိုနဲ့ စကားပြောတိုင်း ကုန်သွားတဲ့ အချိန်တိုင်းဟာ စက္ကန့်နဲ့အမျှ တန်ဖိုးရှိနေခဲ့တယ် မိခင် ဖြစ်သူကို ဦးထိပ်ထားလွန်းတဲ့ အကို့ရဲ့ ဂါရဝတရား နဲ့ အလုပ်အပေါ် လုပ်ပေါ်ကိုင်ဖော်အပေါ် မှာ စေတနာ အမြဲထား သင်ပြပေးတတ်တဲ့ အပြုအမူတွေ ကိုလည်း အမြဲ အတုယူခဲ့ရပါတယ် “ဆိုပြီးရေးသားထားပါတယ်။

ပရိသတ်ကြီးရေ အတွက် ခိုင်နှင်းဝေတို့ အနုပညာ မောင်နှမ ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ မှတ်ချကက်နေ အားပေးစကားလေးတွေပြောပြခဲ့ကြပါဦး ။

Source- Khine Hnin Wai

error: Alert: Content is protected !!