



Molly

ယူနီကုဒ်ဖြင့်ဖတ်ရန်

 

လွင်မိုးရဲ့သမီးငယ်လေး ယွန်းနဒီလွင်မိုးရဲ့ ချစ်စရာကောင်းတဲ့ Tik Tok လေးများ

 

နိုင်ငံကျော်မင်းသားကြီး လွင်မိုး ကတော့ ချစ်ရတဲ့ ဇနီးနဲ့အတူ သမီးလေးနှစ်ယောက်နဲ့ သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့သူပါ ။ သမီးကြီးဖြစ်သူ ယွန်းဝတီလွင်မိုးကတော့ ဖခင်ဖြစ်သူရဲ့ အနုပညာအမွေ တွေကို ဆက်ခံပြီး အနုပညာလုပ်ငန်းတွေ လုပ်ခဲ့ပေမယ့်လည်း အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေနဲ့ ဝေးကွာပြီး သြစတျေးလျမှာ ကျောင်းတက်နေရတာဖြစ်ပါတယ် ။ သမီးငယ်လေး ယွန်းနဒီ လွင်မိုးကတော့ အနုပညာအလုပ်တွေကို ဝါသနာမပါဘဲ ကျောင်းစာတွေနဲ့ပဲ နပန်းလုံးနေရတာပါ ။

အနုပညာ အလုပ်ကို ဝါသနာမပါဘဲ ကျောင်းစာတွေနဲ့ပဲ အမြဲနပန်းလုံးနေရတဲ့ နဒီလေးကတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က အသက် ၁၇ နှစ်ပြည့်ခဲ့တာဖြစ်ပါတယ် ။ လတ်တလောပရိသတ်တွေကြားမှာ ရေပန်းစားနေတာကတော့ အနုပညာဝါသနာမပါတဲ့ နဒီလေးရဲ့ Tik tok လေးတွေပါပဲ ။ ချစ်စရာကောင်းတဲ့ အိုက်တင်လေးတွေလုပ်တတ်ပြီး ဖခင်ရဲ့ သွေးအပြည့်ဝပါပြီးသားမို့ သရုပ်ဆောင် စွမ်းရည်တွေကိုတော့ တကူးတက ပြောနေစရာကိုမလိုတော့ပါဘူးနော် ။

ချစ်ရတဲ့ တူလေး Liam ကိုလည်း အရမ်းချစ်တဲ့ တီတီလေးနဒီကတော့ သူမရဲ့အားလပ်ချိန်တွေကို Tik tok လေးတွေ ဆော့ရင်းကုန်ဆုံးတတ်သူ ဖြစ်တယ်လို့ မှတ်ချက်ချလို့တောင်ရပါတယ် ။ သူမရဲ့ Tik Tok အကောင့်မှာလည်း Tik tok တော့အများကြီးဆော့ထားတာ မို့ Cele Connections ပရိသတ်တွေအတွက် တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Yoon Nadi Lwin Moe
Molly

 

error: Alert: Content is protected !!