ကထိန်ဂျင်းတွေနဲ့ ပတ်သက်ပြီး ထောက်ပြပြောဆိုလိုက်တဲ့ ကိုမောင်မောင်အေး

နိုင်ငံကျော် အစီအစဉ်တင်ဆက်သူ ကိုမောင်မောင်အေးတစ်ယောက် ခေတ်ကာလတွေပြောင်းလဲခဲ့ပေမယ့် ပရိသတ်မေတ္တာကိုရရှိနေဆဲဖြစ်ပါတယ်။ကိုမောင်အေး က အခုကျရောက်တော့မယ့် အရေးကြီးသတင်းတစ်ပုဒ်ကို လူမှုကွန်ရက်ပေါ်ကနေ ပြန်လည်မျှဝေထားပါတယ်။

 

မောင်မောင်အေးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ – “ဒီနေ့ လှိုင်သာယာဘက်ကဘုန်းကြီးကျောင်းတကျောင်းကို ကထိန်ကိစ္စနဲ့ရောက်တယ် (မနှစ်က ကထိန်ခင်းတဲ့ကျောင်းလေး)
ဘုန်းကြီးကျောင်းရောက်တာနဲ့ကျောင်းထိုင်ဆရာတော်နဲ့ စကားတွေပြောကြရင်း ကထိန်ကိစ္စတွေတိုင်ပင်ကြရင်း
ဆရာတော်က ဒကာကြီးမို့ပြောရဦးမယ် မနှစ်က ဘုန်းကြီးတို့ကျောင်းကို ဒီအနီးအနားကပဒေသာပင်တွေလာပို့ကြတဲ့ထဲမှာ သင်္ကန်းခြင်းပေါင်း (၁၀၀)ကျော်ရတယ်ဒကာကြီးရဲ့
(ကျွန်တော်တို့ဆီက ညှပ်သင်္ကန်း ကြီးတစုံနဲ့ ကျန်တာ ကျောင်းအ သစ် မို့ အိုးခွက်ပန်းကန် ဆိုဒ်အစုံ ငြုပ်ကြက်သွန် ဆန်ဆီဆားတွေပဲလှူခဲ့တာ)
အဲ့ဒီခြင်းပေါင်း(၁၀၀)ကျော်ကိုဖွင့်ဖောက်ပြီးတော့ သင်္ကန်းတွေထီးတွေ ဖိနပ်တွေကို ဝေမျှပေးဖို့စီစဉ်ပြီး ခြင်းတွေကိုဖောက်ပြီးတဲ့အခါ ဘုန်းကြီးမှာ ရယ်ရမလို ငိုရမလိုပဲတဲ့
ဘာများဖြစ်လို့လဲဘုရား? ဆိုတော့
ဒကာကြီးရေ မပြောချင်ပေမယ့်ပြောရမယ်တဲ့
သင်္ကန်းဗူးတွေထဲဆိုရင် သင်္ကန်းမပါတဲ့ဗူးခွံချည်းပဲရှိသလို ပါပြန်တော့သင်္ကန်းအဟောင်းတွေပါလိုပါနဲ့
သင်္ကန်းအစုံလိုက်မပါဘဲ သင်းပိုင်ပဲပါလိုပါ နဲ့
ဖိနပ်ဗူးဆိုလည်း ဖိနပ်တဖက်ပဲပါတာနဲ့ ထီးဆိုလည်း ကိုင်းအကျိုးတွေ အရွက်အပြဲတွေနဲ့တဲ့
ဘုန်းကြီးမှာ ဘယ်သူ့မှလည်းပြန်လှူလို့မရ ဘာမှအသုံးမဝင်တော့ မီးပုံရှို့ပစ်ရတယ် ဒကာကြီးရေ
ဒီလိုဖြစ်တာ တခြားဘက်မှာတော့မကြားမိဘူး
လှိုင်သာယာဘက်မို့လားတော့မသိဘူးတဲ့
အလှူရှင်တွေကတော့သိရှာမှာမဟုတ်ဘူးတဲ့
ဘုန်းကြီးလည်း အတော်စိတ်မကောင်းဖြစ်ရတယ်တဲ့ ရင်လေးတယ်တဲ့
အရှင်ဘုရား ဒီသင်္ကန်းပရိက္ခရာ ရောင်းတာဘယ်ဘာသာခြား ဘယ်လူမျိုးခြားမှမရောင်းဘူး
ဗုဒ္ဓ ဘာသာဝင်တွေပဲရောင်းကြတာဆိုတော့ တပည့်တော်တို့ ဆီမှာ တခြားဘာသာကိုရန်ရှာလက် ညှိုးထိုးနေကြပြီးအချိန်ကုန်နေကြတယ်
ကိုယ့်ဘာသာဝင်တွေ ကိုယ့်ဘာသာရေးကိုလမ်းညွှန်ပေးရတဲ့ ဘာသာရေးဆရာဘုန်းကြီးတချို့တွေကပဲ ဘာသာ သာသနာကိုဖျက်ဆီးနေကြတာဘုရား တပည့်တော်တို့သိတယ်ဘုရားဆိုတော့
ကျောင်းထိုင်ဘုန်းကြီးက ဟုတ်တယ်ဒကာကြီးရေ အမှန်ပဲ ဘုန်းကြီးတို့လည်းမြင်ရကြားရတာတွေစိတ်ဆင်းရဲတယ်တဲ့
နီးစပ်ရာ ဒကာ ဒကာမတွေကို သတိပေးပါတဲ့ သင်္ကန်းခြင်းတွေလည်းလှရင်ပြီးရောဆိုပြီးဈေးကြီးပေးမဝယ်ပါနဲ့ တခြားလိုအပ်တဲ့ တန်ဖိုးကြီးစရာမလိုတဲ့ အသုံးအဆောင်တွေပဲလှူကြပါတဲ့
ကိုယ့်ဘာသာဝင်အချင်းချင်းဂျင်းထည့်တာပိုသတိထားကြပါလို့ သတိပေးပါတဲ့ ။
ကဲ…ဗုဒ္ဓ ဘာသာတိုင်းပြည်ကဆိုတဲ့ ဗုဒ္ဓ ဘာသာဝင်ဆိုသူ လောဘသမားများရှက်တတ်ကြပါစေ…။”ဆိုပြီးရေးသားထားပါတယ်။

အခုလို ကထိန်ရာသီမှာ်ဝိသမလောဘသားတွေရဲ့ အမြတ်ထုတ်မှုက ကြောက်စရာပါပဲ။ ကထိန်ရာသီမှာ တန်ဖိုးရှိရှိ လှူချင်သူများ ဒီစာလေးကို ပြန်လည်မျှဝေပေးလိုက်ပါဦးနော် ။

Source – Mg Mg Aye

error: Alert: Content is protected !!