Facebook အေကာင့္စသံုးေနျပီျဖစ္တဲ့ ေၾကာ္ျငာဘုရင္မ ထက္ထက္မိုးဦး 

တစ္ေခတ္တစ္ခါက လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ေက်ာ္ၾကားျပီး ေၾကာ္ျငာ ဘုရင္မလို႕ေတာင္တင္စားခဲ့ရတဲ့အထိ နာမည္ၾကီးခဲ့တဲ့ မင္းသမီးတစ္ေယာက္အျဖစ္ ထက္ထက္မိုးဦးကို ပ၇ိသတ္ေတြအားလံုးက ခ်စ္ခင္အားေပးခဲ့ၾကတာပါ ။ ေၾကာ္ျငာတိုင္းက ထက္ထက္  ေၾကာ္ျငာေတြၾကီးပဲ ျဖစ္ျပီး ပရိသတ္ေတြက ေၾကာ္ျငာအစ ရုပ္ရွင္ဇာတ္ကားေတြ အဆံုး အံုးအံုးၾကြက္ၾကြက္ အားေပးခဲ့ၾကတာပါ ။ မၾကာေသးမီကေတာ့  လူမႈေရးျပႆနာေတြေၾကာင့္ အႏုပညာေျခလွမ္းေတြ ၾကဲသြားခဲ့ျပီး ပရိသတ္ေတြနဲ႕ေ၀းရာမွာ တရားဘာ၀နာ ပြားမ်ားရင္း သီလရွင္၀တ္ခဲ့ပါေသးတယ္ ။

 

 

ေဖ့ဘုတ္စ္မသံုးဘူးလားလို႕ ေမးလာတဲ့ ပရိသတ္ေတြကိုလည္း အင္တာနက္မသံုးတတ္လို႕ ေဖ့ဘုတ္စ္ မသံုးျဖစ္တာပါလုိ႕ရိုးရိုးသားသား ေျပာျပခဲ့တဲ့ ထက္ထက္တစ္ေယာက္ကေတာ့ လက္ရွိမွာ သူမရဲ႕ Official Page တစ္ခုနဲ႔အတူ ပရိသတ္ေတြေရွ႕ကို ျပန္လည္ ေရာက္၇ွိလာခဲ့ပါျပီ ။ “Facebook ကိုသံုးတတ္ေအာင္ သင္ေနပါတယ္။ အဂၤလိပ္စာ သိပ္ မကၽြမ္းလို႔ အရင္က မသံုးခဲ့တာပါ။ အခုမွစသံုးတာဆိုေတာ့ Like ေတြ မမ်ားေသးပါဘူး သံုးတတ္သြားျပီဆိုရင္ေတာ႔ပံုေတြကိုမ်က္စိေနာက္ေအာင္တင္အုံးမွာ ” လို႕ ပရိသတ္ေတြကိုထက္ထက္ က အသိေပးခဲ့တာျဖစ္ပါတယ္ ။

 

 

Cele Connections ပရိသတ္ၾကီးကလည္း Like ေတြနည္းေနေသးလို႔ ထက္ထက္ ရဲ႕ Page ေလးကိုလည္း Like လုပ္ေပးလိုက္ၾကပါဦးေနာ္။ ထက္ထက္ ရဲ႕ အႏုပညာလႈပ္ရွားမႈေတြ အားလံုးကို ဒီ ေပ့ခ်္ေလးမွာ ျမင္ေတြ႕ရေတာ့မွာဆုိေတာ့ ထက္ထက္ကိုခ်စ္တဲ့ ပရိသတ္ၾကီးလည္း ၀မ္းသာေနၾကမယ္ထင္ပါတယ္ ။ ထက္ထက္ကိုခ်စ္တဲ့ Cele Connections ပရိသတ္ၾကီးအတြက္ ထက္ထက္ရဲ႕ Page ေလးကို ျပန္လည္မွ်ေ၀ေပးလုိက္ျပီမို႕ အေျပးေလး Like လုပ္ၾကဖို႕ မေမ့နဲ႕ဦးေနာ္ ။

 

Source : Htet Htet Moe Oo

Molly

ယူနီကုဒ္ျဖင့္ဖတ္ရန္

 

Facebook အကောင့်စသုံးနေပြီဖြစ်တဲ့ ကြော်ငြာဘုရင်မ ထက်ထက်မိုးဦး

တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားပြီး ကြော်ငြာ ဘုရင်မလို့တောင်တင်စားခဲ့ရတဲ့အထိ နာမည်ကြီးခဲ့တဲ့ မင်းသမီးတစ်ယောက်အဖြစ် ထက်ထက်မိုးဦးကို ပရိသတ်တွေအားလုံးက ချစ်ခင်အားပေးခဲ့ကြတာပါ ။ ကြော်ငြာတိုင်းက ထက်ထက် ကြော်ငြာတွေကြီးပဲ ဖြစ်ပြီး ပရိသတ်တွေက ကြော်ငြာအစ ရုပ်ရှင်ဇာတ်ကားတွေ အဆုံး အုံးအုံးကြွက်ကြွက် အားပေးခဲ့ကြတာပါ ။ မကြာသေးမီကတော့ လူမှုရေးပြဿနာတွေကြောင့် အနုပညာခြေလှမ်းတွေ ကြဲသွားခဲ့ပြီး ပရိသတ်တွေနဲ့ဝေးရာမှာ တရားဘာဝနာ ပွားများရင်း သီလရှင်ဝတ်ခဲ့ပါသေးတယ် ။

ဖေ့ဘုတ်စ်မသုံးဘူးလားလို့ မေးလာတဲ့ ပရိသတ်တွေကိုလည်း အင်တာနက်မသုံးတတ်လို့ ဖေ့ဘုတ်စ် မသုံးဖြစ်တာပါလို့ရိုးရိုးသားသား ပြောပြခဲ့တဲ့ ထက်ထက်တစ်ယောက်ကတော့ လက်ရှိမှာ သူမရဲ့ Official Page တစ်ခုနဲ့အတူ ပရိသတ်တွေရှေ့ကို ပြန်လည် ရောက်ရှိလာခဲ့ပါပြီ ။ “Facebook ကိုသုံးတတ်အောင် သင်နေပါတယ်။ အင်္ဂလိပ်စာ သိပ် မကျွမ်းလို့ အရင်က မသုံးခဲ့တာပါ။ အခုမှစသုံးတာဆိုတော့ Like တွေ မများသေးပါဘူး သုံးတတ်သွားပြီဆိုရင်တော့ပုံတွေကိုမျက်စိနောက်အောင်တင်အုံးမှာ ” လို့ ပရိသတ်တွေကိုထက်ထက် က အသိပေးခဲ့တာဖြစ်ပါတယ် ။

Cele Connections ပရိသတ်ကြီးကလည်း Like တွေနည်းနေသေးလို့ ထက်ထက် ရဲ့ Page လေးကိုလည်း Like လုပ်ပေးလိုက်ကြပါဦးနော်။ ထက်ထက် ရဲ့ အနုပညာလှုပ်ရှားမှုတွေ အားလုံးကို ဒီ ပေ့ချ်လေးမှာ မြင်တွေ့ရတော့မှာဆိုတော့ ထက်ထက်ကိုချစ်တဲ့ ပရိသတ်ကြီးလည်း ဝမ်းသာနေကြမယ်ထင်ပါတယ် ။ ထက်ထက်ကိုချစ်တဲ့ Cele Connections ပရိသတ်ကြီးအတွက် ထက်ထက်ရဲ့ Page လေးကို ပြန်လည်မျှဝေပေးလိုက်ပြီမို့ အပြေးလေး Like လုပ်ကြဖို့ မမေ့နဲ့ဦးနော် ။

Source : Htet Htet Moe Oo
Molly

error: Alert: Content is protected !!