ပြည်သူ့ရဲနဲ့ အပေါင်းအပါတစ်စုကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ စိုးပြည့်သဇင်တို့ မိသားစု

ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ အောင်မြင်မှုတွေအခိုင်အမာရရှိထားပြီး ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် လည်း ကျော်ကြားပါတယ်။အနုပညာအလုပ်တွေကြောင့် ခရီးတွေထွက်ဖြစ်နေတဲ့ စိုးပြည့်လေးတို့ မိသားစုကတော့ ခရီးသွားရင်းပြည်သူ့ရဲနဲ့ အပေါင်းအပါတစ်စုကြောင့် ရင်ထိတ်စရာအဖြစ်အပျက်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်..။

စိုးပြည့်အမေ့ဖြစ်သူ ဒေါ်မာလာက “ညဘက် ခရီးသွားအ တွေ့အကြုံလေးတခုပါည ၁၂ နာရီလောက်ပြည်က နေရန်ကုန်ပြန်တဲ့လမ်းတ နေရာလူတစုဓါတ်မီးထိုးပြီးကားကိုတားတယ်ပထမ တော့ကားပျက် လို့အကူအညီတောင်းတာထင်လို့ရပ်ပေးမလို့ပဲဒါပေမဲ့အနားက အမရာ ကမရပ်နဲ့မရပ်နဲ့ပြောတာနဲ့ဆက်မောင်းလိုက်တယ်ခုနကားက နောက် က မောင်းလိုက် လာပြီးကျော်တက်ပြီးပိတ်ရပ်မလို့လုပ်တော့သူ့ကားကိုပြန် ကျော်မောင်းလိုက် တယ် ကားက နောက် ကကပ် လိုက် လာတယ် ကိုယ်တွေလဲ လန့်သွား တယ်လမ်းကလည်းလူပြတ် တယ်လေ ကြောက်ကြောက်နဲ့လက်နက်ရှာတော့ရှုတင်ထီးတချောင်းနဲ့စတီးဓါတ်ဗူးပဲတွေ့တယ်လာလို့က တော့တွေ့တာနဲ့တီးထည့်မှာကားကလည်းကပ် ပါလာတယ်နဲနဲမောင်းပြီးတော့ရှေ့မှာPOLICEဆိုတဲ့ကားတစီးတွေ့လိုက်တော့ ဝမ်းသာအားရဝင်ရပ် လိုက်တယ်..ကားရပ်ရပ်ချင်းနောက် ကားကလူတွေပြေးဆင်းလာပြီး ကားသော့ဖြုတ်မလို့တဲ့ မောင်းပြေးမှာစိုးလို့ ကားသော့မ တွေ့ဘူးလေ ကားသော့တပ်ပြီး မောင်းတဲ့ကားမဟုတ်တော့ ဘယ်တွေ့မလဲဘာလုပ်တာလဲ မေးတော့သစ်တောက သစ်သယ်လာတယ်သတင်းရလို့ ကားတားတာမရပ် လို့ရဲကားကို အကြောင်းကြားပြီးတားတာတဲ့ဖြစ်ရလေဆရာတို့ရယ် ဝတ္တရားအရဖမ်းနိုင်ပါတယ်ဒါပေမဲ့ ရဲနဲ့သစ်တောယူနီဖေါင်းအပြည့်အစုံနဲ့ လူအုပ်စုနဲ့ဖမ်းသင့်ပါတယ်
ခုတော့ ယူနီဖောင်းမပါ အရပ်ဝတ်နဲ့ ညဖက်သန်းကောင် ကားရပ်ခိုင်းတာတော့ ဘယ်သူမဆိုမရပ်ပေးပါဘူး သူခိုးလားဓါးမြလားမသိ ကိုယ့်အသက်နဲ့ရင်းပြီး မရပ်နိုင်ပါဘူး ရုပ်တွေကလည်း လူဆိုးရုပ်တွေပါရဲစခန်းကို သူတို့ကိုမောင်းခိုင်းလိုက်တယ် စခန်းမှုးကြီးကတော့ တောင်းပန်ပါတယ်နောက် ကို ယူနီဖောင်းဝတ်ဖို့ ပြောပါတယ်အပြုသဘောနဲ့ ရေးခြင်းဖြစ်ပါတယ်
ပြည်လမ်းတ နေရာလူကိုထိပ် လန့်စေတဲ့ သဲထိပ်ရင်ဖို ဇာတ်လမ်းတခုပါ သတင်းရလည်း သေသေချာချာလုပ်ကြပါ ဆရာတို့ရယ် မင်းသမီးကားနဲ့ သစ်ကားမှားလိုက်ရတယ်လို့..” ဆိုပြီး လူမှုကွန်ရက် စာမျက်နှာကနေ ပြောပြထားတာပဲ ဖြစ်ပါတယ်။

အခုလို လုပ်ထုံးလုပ်နည်းအတိုင်း မဆောင်ရွက်ခဲ့လို့ စိုးပြည့်တို့ သာားအမိလို နစ်နာမှုတွေ ၊ ထိတ်လန့်မှုတွေ ဘယ်လောက်ထိဆက်ကြုံနောကရမလဲ မတွေးရဲစရာပါ ။ ပြည်သူ့ရဲနဲ့ အပေါင်းအပါတစ်စုကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ စိုးပြည့်သဇင်တို့ မိသားစုဝင်တွေအတွက် အားပေးစကားလေးတွေ ပြောပေးသွားပါဦး ။
Source – Mar Lar
Jasmine

error: Alert: Content is protected !!