အၾကမ္းစားေတြခ်ျပၿပီး ႏြားေက်ာင္းေတာ့မယ့္ ၀ိုင္းစုခိုင္သိန္း

၀ိုင္းစုခိုင္သိန္းဟာ အႏုပညာရပ္၀န္းမွာ သ႐ုပ္ေဆာင္မင္းသမီးေကာင္းတစ္ေယာက္အျဖစ္ ပရိသတ္ရဲ႕အားေပးလက္ခံမႈကုိ ရရွိခဲ့တဲ့အျပင္ ဂီတေလာကမွာလည္း ေအာင္ျမင္္တဲ့အဆိုေတာ္တစ္ေယာက္အျဖစ္ ရပ္တည္ေနသူလည္းျဖစ္ပါတယ္။ ကေလးငယ္တစ္ေယာက္လို ျဖဴစင္တဲ့မ်က္ႏွာေလးနဲ႔ ခ်ဳိၿမိန္တဲ့အသံေလးက ပရိသတ္ရင္ကုိထိရွေစခဲ့တာပါ။ သူမရဲ႕ေတးသီခ်င္းေတြကလည္း တစ္ပုဒ္ဆုိတစ္ပုဒ္ဆုိသေလာက္ ေပါက္ခဲ့ၿပီး ပရိသတ္ရဲ႕ပါးစပ္ဖ်ားမွာ စဲြထင္က်န္ရစ္ေစခဲ့ပါတယ္။ မက္ေလာက္စရာသီခ်င္းတုန္းကလည္း လူငယ္ပရိသတ္ေတြရဲ႕ အားပါးတရႏွစ္သက္ အားေပးျခင္းခံခဲ့ရတာပါ။

 

နုိင္ငံေက်ာ္အဆိုေတာ္ေအာင္လရဲ႕ ဇနီးျဖစ္တဲ့၀ိုင္းစုဟာ ဂီတလမ္းေၾကာင္းမွာ ေအာင္ျမင္မႈေတြရရွိေနတာနဲ႔အညီ အစြမ္းကုန္ႀကိဳးစားေနသူလည္းျဖစ္ပါတယ္။ သူမက ဂီတအေပၚ႐ူးသြပ္တဲ့ စိတ္ရင္းအခံနဲ႔ ေတးသီခ်င္းအသစ္ေတြကုိ ပရိသတ္ေတြအတြက္ ဖန္းတီးေနတတ္သူပါ။ သူမရဲ႕ ႏြားေက်ာင္းသူ ေတးသီခ်င္းအယ္ဘမ္အသစ္ကလည္း မၾကာခင္ကာလအတြင္း ပရိသတ္ေတြထံ ေရာက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ အဲဒီသီခ်င္းအေခြသစ္မွာ အရင္ကသီဆိုထားတဲ့ သီခ်င္းပုံစံေတြနဲ႔မတူဘဲ ေအာင္လကုိယ္တုိင္ေရးစပ္ထားတဲ့ ခပ္ၾကမ္းၾကမ္းသီခ်င္းအမ်ိဳးအစားေတြလည္း ပါ၀င္တာမို႔ ပရိသတ္ အႀကိဳက္ေတြ႔မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။

 

ႏြားေက်ာင္းသူေတးအယ္ဘမ္ရဲ႕ ကာဗာကလည္း အလန္းစားျဖစ္တာေၾကာင့္ ၀ိုင္းစုရဲ႕ပရိသတ္ေတြကေတာ့ အားေပးဖို႔အသင့္ျဖစ္ေနပါၿပီ။ ၀ုိင္းစုရဲ႕ ႏြားေက်ာင္းသူေတးအယ္ဘမ္အသစ္ ေအာင္ျမင္မႈရရွိပါေစလုိ႔ Cele Connectionsမွ ပရိသတ္နဲ႔ ထပ္တူဆုေတာင္းေပးလုိက္ပါတယ္ေနာ္။

Source – Wyne Su Khaing Thein
Lavender
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

အကြမ်းစားတွေချပြပြီး နွားကျောင်းတော့မယ့် ဝိုင်းစုခိုင်သိန်း

ဝိုင်းစုခိုင်သိန်းဟာ အနုပညာရပ်ဝန်းမှာ သရုပ်ဆောင်မင်းသမီးကောင်းတစ်ယောက်အဖြစ် ပရိသတ်ရဲ့အားပေးလက်ခံမှုကို ရရှိခဲ့တဲ့အပြင် ဂီတလောကမှာလည်း အောင်မြင်တဲ့အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နေသူလည်းဖြစ်ပါတယ်။ ကလေးငယ်တစ်ယောက်လို ဖြူစင်တဲ့မျက်နှာလေးနဲ့ ချိုမြိန်တဲ့အသံလေးက ပရိသတ်ရင်ကိုထိရှစေခဲ့တာပါ။ သူမရဲ့တေးသီချင်းတွေကလည်း တစ်ပုဒ်ဆိုတစ်ပုဒ်ဆိုသလောက် ပေါက်ခဲ့ပြီး ပရိသတ်ရဲ့ပါးစပ်ဖျားမှာ စွဲထင်ကျန်ရစ်စေခဲ့ပါတယ်။ မက်လောက်စရာသီချင်းတုန်းကလည်း လူငယ်ပရိသတ်တွေရဲ့ အားပါးတရနှစ်သက် အားပေးခြင်းခံခဲ့ရတာပါ။

နိုင်ငံကျော်အဆိုတော်အောင်လရဲ့ ဇနီးဖြစ်တဲ့ဝိုင်းစုဟာ ဂီတလမ်းကြောင်းမှာ အောင်မြင်မှုတွေရရှိနေတာနဲ့အညီ အစွမ်းကုန်ကြိုးစားနေသူလည်းဖြစ်ပါတယ်။ သူမက ဂီတအပေါ်ရူးသွပ်တဲ့ စိတ်ရင်းအခံနဲ့ တေးသီချင်းအသစ်တွေကို ပရိသတ်တွေအတွက် ဖန်းတီးနေတတ်သူပါ။ သူမရဲ့ နွားကျောင်းသူ တေးသီချင်းအယ်ဘမ်အသစ်ကလည်း မကြာခင်ကာလအတွင်း ပရိသတ်တွေထံ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အဲဒီသီချင်းအခွေသစ်မှာ အရင်ကသီဆိုထားတဲ့ သီချင်းပုံစံတွေနဲ့မတူဘဲ အောင်လကိုယ်တိုင်ရေးစပ်ထားတဲ့ ခပ်ကြမ်းကြမ်းသီချင်းအမျိုးအစားတွေလည်း ပါဝင်တာမို့ ပရိသတ် အကြိုက်တွေ့မယ်လို့ မျှော်လင့်မိပါတယ်။

နွားကျောင်းသူတေးအယ်ဘမ်ရဲ့ ကာဗာကလည်း အလန်းစားဖြစ်တာကြောင့် ဝိုင်းစုရဲ့ပရိသတ်တွေကတော့ အားပေးဖို့အသင့်ဖြစ်နေပါပြီ။ ဝိုင်းစုရဲ့ နွားကျောင်းသူတေးအယ်ဘမ်အသစ် အောင်မြင်မှုရရှိပါစေလို့ Cele Connectionsမှ ပရိသတ်နဲ့ ထပ်တူဆုတောင်းပေးလိုက်ပါတယ်နော်။

Source – Wyne Su Khaing Thein
Lavender

error: Alert: Content is protected !!